🌟 “New Language, New Horizons!” 🌟
အခက်အခဲများစွာကြားက ပညာရေးကို လက်မလွှတ်ဘဲ ကြိုးစားနေကြတဲ့ CDMers များအတွက် Spring Normal University (SNU) ရဲ့ Language Lighthouse Program မှ Batch 4 ကို ထပ်မံဖွင့်လှစ်လိုက်ပါပြီရှင် 🎉
ဒီ Batch 4 မှာလည်း ဘာသာစကား လေ့လာလိုသူများအတွက် Thai, Korean, Japanese, Chinese စတဲ့ ဘာသာစကား (၄) မျိုးရဲ့ အခြေခံ Basic အတန်းတွေနဲ့Level အတန်းတွေကို စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ 🍀
📅 ဘာသာစကားအတန်းနှင့် အတန်းချိန်များ
🇹🇭 Thai Language
Basic Class — Sat, Sun (1:00 PM – 2:30 PM)
Basic Speaking Class — Sat (5:00 PM – 6:30 PM) & Sun (2:00 PM – 3:30 PM)
Level 1 Class — Sat, Sun (2:30 PM – 3:30 PM)
🇰🇷 Korean Language
Basic Class — Sat, Sun (2:00 PM – 3:30 PM)
Level Class (Yonsei 1-1) — Sat, Sun (2:00 PM – 3:30 PM)
🇯🇵 Japanese Language
Basic Class — Mon, Tue (9:00 AM – 10:30 AM)
Level Class (N5 course without Kanji & Listening) — Sat, Sun (12:30 PM – 2:00 PM)
🇨🇳 Chinese Language
Basic Class — Sat, Sun (2:00 PM – 3:30 PM)
Level Class (HSK 1) — Sat, Sun (2:00 PM – 3:30 PM)
💻 သင်တန်းအသေးစိတ်
📍 သင်ကြားမည့်နေရာ: Zoom Platform (Online)
👥 လက်ခံမည့်ဦးရေ: တစ်တန်းလျှင် (၃၅) ဦး သာ ကန့်သတ်လက်ခံပါမည်။
📌 သင်တန်းစည်းကမ်းနှင့် လိုအပ်ချက်များ
- အမှန်တကယ် လေ့လာလိုစိတ်ရှိပြီး စည်းကမ်းတကျ လိုက်ပါနိုင်သူများကိုသာ ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ပါသည်။
- Homework & Practice: အတန်းချိန်များကို သေချာတက်ရောက်ပြီး လေ့ကျင့်ခန်းများနှင့် အိမ်စာများကို စနစ်တကျ ပေးပို့ရပါမည်။
- Assessment Test: သင်တန်းပြီးဆုံးချိန်တွင် အကဲဖြတ်စာမေးပွဲ (Basic / Level Test) ဖြေဆိုရပါမည်။
🎓 Certificate: အတန်းတက်ရောက်မှု၊ အိမ်စာနှင့် test စုစုပေါင်း 75% နှင့်အထက် ပြည့်မီသူများကို သင်တန်းဆင်းလက်မှတ် ပေးအပ်သွားပါမည်ဖြစ်ပါသည်။
💡 Commitment Deposit
သင်တန်းကို အခမဲ့ သင်ကြားပေးခြင်းဖြစ်သော်လည်း သင်တန်းသားများ၏ တက်ရောက်မှုကို အာမခံနိုင်ရန် Commitment Deposit (၃၀,၀၀၀ ကျပ်) စာရင်းသွင်းထားရပါမည်။ သင်တန်းစည်းကမ်းများနှင့်အညီ ပြီးဆုံးအောင် တက်ရောက်သူများကို Deposit ပြန်လည် ထုတ်ပေးသွားပါမည်။
⚠️ မှတ်ချက်
*CDM ဝန်ထမ်းများနှင့် ကျောင်းသား/သူများ မည်သူမဆို လျှောက်ထားနိုင်ပါသည်။
*BECA စာမေးပွဲ ဖြေဆိုထားသူများကို ဦးစားပေး စဉ်းစားပေးသွားပါမည်။
*Level အတန်းများ လျှောက်ထားလိုပါက အနည်းဆုံး Basic အဆင့် ပြီးမြောက်ကြောင်း အထောက်အထား (Certificate) ပြသနိုင်ရပါမည်။
*အတန်းတစ်တန်းလျှင် (၃၅) ဦးသာ ကန့်သတ်လက်ခံမည်ဖြစ်၍ အမှန်တကယ် လေ့လာချင်သူများသာ လျှောက်ထားပေးပါရန်။
📝 လျှောက်ထားရန်နည်းလမ်း
အောက်ပါ Google Form လင့်ခ်မှတစ်ဆင့် August 8, 2026 နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။
👇👇👇
https://docs.google.com/forms/d/e/1FAIpQLSdTPsYgUPMNXpvJ9nsL3smoDqD8yIpTtMlgwn5KYUKQ0DATyQ/viewform?usp=header📩 သင်တန်းတက်ရောက်ခွင့် ရရှိသူများကို Email မှတစ်ဆင့် ပြန်လည်ဆက်သွယ်ပေးသွားမည်ဖြစ်ပါသဖြင့် Registration Form တွင် မိမိ Email လိပ်စာကို သေချာစွာ စစ်ဆေး၍ ဖြည့်သွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#SNULL