SNU Language Lighthouse Telegram channel photo

SNU Language Lighthouse

SNU Language Lighthouse shares Language Learning updates and media on Telegram. Join to stay updated.

1.5k (1,538 subscribers)
Members
—
Rating
19
Total Posts
Sep 19, 2026, 1:30 PM
Updated
Apr 19, 2026
Created
Stats

You are viewing English content. To see content in other languages, change the language of the site.

Channel Information

Channel Information
Channel NameSNU Language Lighthouse
Username@snulanguagelighthouse
CategoryLanguage Learning
LanguageEnglish
CountryUnited States
Members1,538
Channel TypePublic Channel
CreatedApr 19, 2026
Last UpdatedSep 19, 2026 • 7 days ago
StatusActive

Ranking

Global Ranking
#45329-37
Language Ranking
#9682-5
Category Ranking
#190No change

Participant Growth (Last 9 Days)

Total: 1.5K
24h growth: -3 0%
04/1905/0405/0407/0607/0608/2208/3109/1009/19

Latest Posts

SNU Language Lighthouse

Sep 05, 2026, 11:48

Photo
🪷 ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) 🪷

ယနေ့ ကျရောက်သော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) သည် မြတ်စွာဘုရားရှင်၏ ပထမဆုံး ဓမ္မစကြာဒေသနာတော် ဟောကြားတော်မူခဲ့သော နေ့ထူးနေ့မြတ် ဖြစ်သကဲ့သို့ တရား၊ ပညာနှင့် ဉာဏ်အလင်းရောင်တို့ကို ကမ္ဘာသို့ ဖြန့်ဝေပေးခဲ့သော အရေးပါသည့် သမိုင်းဝင်နေ့တစ်နေ့လည်း ဖြစ်ပါသည်။

Spring Normal University Language Lighthouse မိသားစုမှ ဝါဆိုလပြည့်နေ့ကို ဂုဏ်ပြုကြိုဆိုရင်း ကမ္ဘာပေါ်ရှိ ဓမ္မကို မြတ်နိုးသော လူသားတိုင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍ မေတ္တာ၊ ကရုဏာ၊ ဉာဏ်ပညာတို့ တိုးပွားကာ တရားဓမ္မ၏ အေးချမ်းသောအလင်းရောင်အောက်တွင် ငြိမ်းချမ်းစွာ ရှင်သန်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ပညာသည် လူ့ဘဝကို အလင်းပေးသကဲ့သို့ တရားဓမ္မသည် စိတ်နှလုံးကို အေးချမ်းစေပါသည်။ ယနေ့၏ ကုသိုလ်ကောင်းမှုများမှတစ်ဆင့် မျှော်လင့်ချက်၊ ငြိမ်းချမ်းမှုနှင့် ကောင်းမြတ်သောအနာဂတ်ကို အတူတကွ တည်ဆောက်နိုင်ကြပါစေ။

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ပါဘုရား။ 🙏

#SNULL
#WarsoFullMoon_Day
1,7300050
SNU Language Lighthouse

Sep 05, 2026, 11:48

Photo
🌟 SNU Language Lighthouse – Batch 3 Overview & Batch 4 Now Open!🌟

ဘာသာစကားအသစ်တစ်ခုကို လေ့လာရင်း မိမိတို့ရဲ့အနာဂတ် ရည်မှန်းချက်တွေအတွက် မဆုတ်မနှစ်သော ကြိုးစားအားထုတ်မှုတွေနဲ့ လျှောက်လှမ်းခဲ့ကြတဲ့ Batch 3 သင်တန်းသား/သူများရဲ့ သင်ယူမှုခရီးစဉ်လေးဟာ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီပဲဖြစ်ပါတယ်ရှင့်။🥳🎓 သင်တန်းသူ/သားများရဲ့ တက်ကြွစွာ ပါဝင်မှုနှင့် အားသွန်းခွန်စိုက် ကြိုးစားခဲ့မှုတွေကြောင့်လည်း ယခုလို အောင်မြင်တဲ့ သင်တန်းကာလတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်ရှင်…🌈✨

📣 ဒီလို သင်ယူမှု အရှိန်အဟုန်ကောင်းတွေနှင့်အတူ မိမိတို့ရဲ့ ဘာသာစကား စွမ်းရည်ကို ပိုမိုတိုးတက်လိုသူများအတွက် SNU Language Lighthouse မှ Batch 4 လျှောက်လွှာများကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ သတင်းကောင်းပါအပ်ပါတယ်ရှင့်…💫

#SNULL
2,5800062
SNU Language Lighthouse

Sep 05, 2026, 11:48

🎊SNU Language Lighthouse ရဲ့ Official Facebook Page ဖွင့်လှစ်လိုက်ပါပြီရှင့်! 🎊

သင်တန်းနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေ၊ ကြေညာချက်တွေနဲ့ အစီအစဉ်တွေကို လက်မလွတ်စေဖို့အတွက် Facebook Page ကိုလည်း Like & Follow လုပ်ထားဖို့လိုမယ်နော်💕

🔗 Page Link – https://www.facebook.com/share/1BNHeLCW5C/?mibextid=wwXIfr

#SNULL
2,5200045
SNU Language Lighthouse

Sep 05, 2026, 11:48

🌟 “New Language, New Horizons!” 🌟

အခက်အခဲများစွာကြားက ပညာရေးကို လက်မလွှတ်ဘဲ ကြိုးစားနေကြတဲ့ CDMers များအတွက် Spring Normal University (SNU) ရဲ့ Language Lighthouse Program မှ Batch 4 ကို ထပ်မံဖွင့်လှစ်လိုက်ပါပြီရှင်  🎉

ဒီ Batch 4 မှာလည်း ဘာသာစကား လေ့လာလိုသူများအတွက် Thai, Korean, Japanese, Chinese စတဲ့ ဘာသာစကား (၄) မျိုးရဲ့ အခြေခံ Basic အတန်းတွေနဲ့Level အတန်းတွေကို စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ 🍀

📅 ဘာသာစကားအတန်းနှင့် အတန်းချိန်များ
​🇹🇭 Thai Language
​Basic Class — Sat, Sun (1:00 PM – 2:30 PM)
​Basic Speaking Class — Sat (5:00 PM – 6:30 PM) & Sun (2:00 PM – 3:30 PM)
​Level 1 Class — Sat, Sun (2:30 PM – 3:30 PM)
​🇰🇷 Korean Language
​Basic Class — Sat, Sun (2:00 PM – 3:30 PM)
​Level Class (Yonsei 1-1) — Sat, Sun (2:00 PM – 3:30 PM)
​🇯🇵 Japanese Language
​Basic Class — Mon, Tue (9:00 AM – 10:30 AM)
​Level Class (N5 course without Kanji & Listening) — Sat, Sun (12:30 PM – 2:00 PM)
​🇨🇳 Chinese Language
​Basic Class — Sat, Sun (2:00 PM – 3:30 PM)
​Level Class (HSK 1) — Sat, Sun (2:00 PM – 3:30 PM)

💻 သင်တန်းအသေးစိတ်

​📍 သင်ကြားမည့်နေရာ: Zoom Platform (Online)

​👥 လက်ခံမည့်ဦးရေ: တစ်တန်းလျှင် (၃၅) ဦး သာ ကန့်သတ်လက်ခံပါမည်။

​📌 သင်တန်းစည်းကမ်းနှင့် လိုအပ်ချက်များ

- ​အမှန်တကယ် လေ့လာလိုစိတ်ရှိပြီး စည်းကမ်းတကျ လိုက်ပါနိုင်သူများကိုသာ ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ပါသည်။

- ​Homework & Practice: အတန်းချိန်များကို သေချာတက်ရောက်ပြီး လေ့ကျင့်ခန်းများနှင့် အိမ်စာများကို စနစ်တကျ ပေးပို့ရပါမည်။

- ​Assessment Test: သင်တန်းပြီးဆုံးချိန်တွင် အကဲဖြတ်စာမေးပွဲ (Basic / Level Test) ဖြေဆိုရပါမည်။

🎓 Certificate: အတန်းတက်ရောက်မှု၊ အိမ်စာနှင့် test  စုစုပေါင်း 75% နှင့်အထက် ပြည့်မီသူများကို သင်တန်းဆင်းလက်မှတ် ပေးအပ်သွားပါမည်ဖြစ်ပါသည်။

💡 Commitment Deposit
သင်တန်းကို အခမဲ့ သင်ကြားပေးခြင်းဖြစ်သော်လည်း သင်တန်းသားများ၏ တက်ရောက်မှုကို အာမခံနိုင်ရန် Commitment Deposit (၃၀,၀၀၀ ကျပ်) စာရင်းသွင်းထားရပါမည်။ သင်တန်းစည်းကမ်းများနှင့်အညီ ပြီးဆုံးအောင် တက်ရောက်သူများကို Deposit ပြန်လည် ထုတ်ပေးသွားပါမည်။
⚠️ မှတ်ချက်
*CDM ဝန်ထမ်းများနှင့် ကျောင်းသား/သူများ မည်သူမဆို လျှောက်ထားနိုင်ပါသည်။
*BECA စာမေးပွဲ ဖြေဆိုထားသူများကို ဦးစားပေး စဉ်းစားပေးသွားပါမည်။
*Level အတန်းများ လျှောက်ထားလိုပါက အနည်းဆုံး Basic အဆင့် ပြီးမြောက်ကြောင်း အထောက်အထား (Certificate) ပြသနိုင်ရပါမည်။
*အတန်းတစ်တန်းလျှင် (၃၅) ဦးသာ ကန့်သတ်လက်ခံမည်ဖြစ်၍ အမှန်တကယ် လေ့လာချင်သူများသာ လျှောက်ထားပေးပါရန်။

📝 လျှောက်ထားရန်နည်းလမ်း
အောက်ပါ Google Form လင့်ခ်မှတစ်ဆင့် August 8, 2026 နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။
👇👇👇
https://docs.google.com/forms/d/e/1FAIpQLSdTPsYgUPMNXpvJ9nsL3smoDqD8yIpTtMlgwn5KYUKQ0DATyQ/viewform?usp=header

📩 သင်တန်းတက်ရောက်ခွင့် ရရှိသူများကို Email မှတစ်ဆင့် ပြန်လည်ဆက်သွယ်ပေးသွားမည်ဖြစ်ပါသဖြင့် Registration Form တွင် မိမိ Email လိပ်စာကို သေချာစွာ စစ်ဆေး၍ ဖြည့်သွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#SNULL
8,5500062
SNU Language Lighthouse

Sep 05, 2026, 11:48

📣✨ Top Achievers Announcement ✨📣

SNU Language Lighthouse မှ ဖွင့်လှစ်ခဲ့သော Level Class (Batch 3) တွင် သက်ဆိုင်ရာ Language များအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သင်တန်းသား/သင်တန်းသူ (၅) ဦးအား ဂုဏ်ယူစွာဖြင့် ထုတ်ပြန်ကြေညာအပ်ပါသည်ရှင့်။✨🎓

3/SNULL-THL-11
3/SNULL-KRL-02
3/SNULL-CNL-14
3/SNULL-CNL-17
3/SNULL-CNL-22

ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သင်တန်းသား/သင်တန်းသူများအား အထူးဂုဏ်ပြုအပ်ပါသည်ရှင့်။ ဂုဏ်ပြုဆုကြေးငွေများကို Deposit နှင့်အတူ Admin တွေဆီမှာ မိမိတို့ရဲ့ ID နှင့်တကွဆက်သွယ်ထုတ်ယူနိုင်ပါတယ်ရှင်..။

#SNULL
#adminteam
3,5100041
SNU Language Lighthouse

Sep 05, 2026, 11:48

Video
“အာဇာနည်နေ့ တို့မမေ့”
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားကြပါသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ နွေဦးတော်လှန်ရေးတွင် မြင့်မြတ်စွာအသက်ပေးလှူသွားကြပါသော သူရဲကောင်းအာဇာနည်များကို လေးစားစွာဖြင့် ဦးညွှတ်အလေးပြုအပ်ပါသည်ရှင့်။

ယနေ့ကျရောက်တဲ့ (၇၉)ကြိမ်မြောက် အာဇာနည်နေ့အား မောင်ဇေယျာရဲ့ “ကိုယ်ကျွန်ဘဝမှ အာဇာနည်များ”ဆိုတဲ့ စာမူလေးနဲ့အတူ ဂါရဝပြုအပ်ပါသည်ရှင်။

အာဇာနည်သူရဲကောင်းများ၏ အနစ်နာခံ ပေးဆပ်မှုများကို အရင်းပြု၍ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသော စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးဖြစ်ပေါ်ဖို့အတွက် အာဇာနည်စိတ်ဓာတ်ဖြင့် ဆက်လက်၍ တိုက်ပွဲဝင်ကြရအောင်ပါလားရှင်…

#၁၉ဇူလိုင်မမေ့နိုင်
#အာဇာနည်နေ့
#SNULL
2,4600062
SNU Language Lighthouse

Sep 05, 2026, 11:48

Photo
🌹"လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အမှတ်တရ ကြားကာလပညာရေးအတွက် သင်ကြားရေးပစ္စည်းများထောက်ပံ့မှု”🌹

https://www.facebook.com/share/p/194ADBVsvL/?mibextid=wwXIfr

#SNULL
#81for81
2,7300062
SNU Language Lighthouse

Sep 05, 2026, 11:48

Photo
Batch 3 အောင်စာရင်းထုတ်ပြန်ကြေညာခြင်း

SNU Language Lighthouse မှ ဖွင့်လှစ်သော Level Class (Batch 3) တွင် သက်ဆိုင်ရာ Level Test များအား ဖြေဆိုပြီး အောင်မြင်ခဲ့ကြသော သင်တန်းသား/သင်တန်းသူများ၏ အောင်စာရင်းများကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ထုတ်ပြန်ကြေညာအပ်ပါသည်ရှင့်။🍀🎊

အောင်မြင်ခဲ့ကြသော သင်တန်းသား/သင်တန်းသူများအား လှိက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်ရှင်....

#SNULL
#adminteam
3,0400022
SNU Language Lighthouse

Apr 27, 2026, 18:30

Photo
သင်္ကြန်ပိတ်ရက် ကြေညာခြင်း

အားလုံးပဲ မင်္ဂလာပါရှင့်။ ✨

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလအတွင်း SNU Language Lighthouse ၏ သင်တန်းများကို ၁၁.၄.၂၀၂၆ (စနေနေ့) မှ ၁၇.၄.၂၀၂၆ (သောကြာနေ့) အထိ ပိတ်ထားမည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်ရှင့်။

နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပြောင်းတော့မည့် အတာသင်္ကြန်အခါသမယမှာ ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများအားလုံး ဘေးဘယာဝေးကွာပြီး ပျော်ရွှင်အေးချမ်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။ 💦🙏✨

#SNULL
#adminteam
1,1800074
SNU Language Lighthouse

Apr 27, 2026, 18:30

Photo
✨SNULL Batch 3 အတွက် ဝင်ခွင့်ရသူများအား Acceptance mail ပေးပို့ပြီးဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင့်။ ✨

✨သို့ဖြစ်ပါ၍ မိမိတို့၏ Email များကို သေချာစွာစစ်ဆေးပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။✨

#SNULL
#adminteam
3,7600074
SNU Language Lighthouse

Apr 27, 2026, 18:30

Photo
SNU Language Lighthouse (Batch 3) အတွက် Orientation အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းများကို စတင်ဖွင့်လှစ်ခဲ့ပြီပဲဖြစ်ပါတယ်ရှင့်။ ✨

#SNULL
2,4800082
SNU Language Lighthouse

Apr 27, 2026, 18:30

✨“Learn Languages, Unlock Opportunities!”✨ CDM လမ်းကြောင်းကို ရွေးချယ်ခဲ့တဲ့ သူတွေအတွက် ပညာရေးဆိုတာ ရပ်တန့်သွားရမယ့် အရာမဟုတ်ပါဘူး… အဲ့ဒီယုံကြည်ချက်နဲ့ပဲ Spring Normal University ရဲ့ Language Lighthouse Program ကို ဖွင့်လှစ်ခဲ့တာ ယခုဆိုရင် Batch-3 သို့ ထပ်မံ…
2,4100056
SNU Language Lighthouse

Apr 27, 2026, 18:30

✨“Learn Languages, Unlock Opportunities!”✨ CDM လမ်းကြောင်းကို ရွေးချယ်ခဲ့တဲ့ သူတွေအတွက် ပညာရေးဆိုတာ ရပ်တန့်သွားရမယ့် အရာမဟုတ်ပါဘူး… အဲ့ဒီယုံကြည်ချက်နဲ့ပဲ Spring Normal University ရဲ့ Language Lighthouse Program ကို ဖွင့်လှစ်ခဲ့တာ ယခုဆိုရင် Batch-3 သို့ ထပ်မံ…
1,7200031
SNU Language Lighthouse

Apr 27, 2026, 18:30

✨“Learn Languages, Unlock Opportunities!”✨

CDM လမ်းကြောင်းကို ရွေးချယ်ခဲ့တဲ့ သူတွေအတွက် ပညာရေးဆိုတာ ရပ်တန့်သွားရမယ့် အရာမဟုတ်ပါဘူး…
အဲ့ဒီယုံကြည်ချက်နဲ့ပဲ Spring Normal University ရဲ့ Language Lighthouse Program ကို ဖွင့်လှစ်ခဲ့တာ ယခုဆိုရင် Batch-3 သို့ ထပ်မံ ရောက်ရှိလာပါပြီ။ 🎉

Language Lighthouse Program ဟာ CDMers များအတွက်
🇹🇭 Thai
🇰🇷 Korean
🇯🇵 Japanese
🇨🇳 Chinese ဘာသာစကား (၄) မျိုးကို အခမဲ့ သင်ကြားပေးနေတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး
ယခု Batch-3 မှာဆိုလျှင် အခြေခံအတန်းတွေအပြင် Level အတန်းတွေပါ ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမှာပဲဖြစ်ပါတယ်။ 🍀

​🗓 နေ့ရက် - စနေ၊ တနင်္ဂနွေ
⏰ အချိန် - နေ့လယ် ၂နာရီ မှ ၃နာရီခွဲ 
✨ ဘာသာစကားများ -
​Thai (Basic & Level)
​Korean (Basic)
​Japanese (Level)
​Chinese (Basic & Level)

​🗓 နေ့ရက် - တနင်္လာ၊ အင်္ဂါ 
⏰ အချိန် - မနက် ၉နာရီ မှ ၁၀နာရီခွဲ
✨ ဘာသာစကားများ -
​Japanese (Basic)
​Korean (Level)

​👩🏻‍💻 သင်ကြားမည့်နေရာ - Zoom Platform
👥 ကျောင်းသားဦးရေ - တစ်တန်းလျှင် ၃၅ ဦး

ဘာသာစကားသင်ယူခြင်းဟာ စိတ်ဝင်စားရုံနဲ့ မပြီးပါဘူး ကြိုးစားမှု၊ စည်းကမ်းနဲ့ လိုက်နာမှု တွေလည်းလိုအပ်ပါတယ် 💪✨
🔹 Commitment လိုအပ်ပါမယ်
🔹 Homework ရှိပါမယ်
🔹 သင်တန်းပြီးဆုံးချိန်တွင် Basic / Level Test ဖြေဆိုရပါမယ်
🎓 Attendance + homework + test 75% ပြည့်မီသူများကို Certificate ပေးအပ်သွားမှာဖြစ်ပါတယ်။

📝 သင်တန်းကို အခမဲ့ ဖွင့်လှစ်ပေးထားသော်လည်း Commitment အတွက် Deposit (၃၀၀၀၀ ကျပ်) ပေးသွင်းထားဖို့လည်း လိုပါမယ်နော်။
သင်တန်းပြီးဆုံးတဲ့အထိ စည်းကမ်းတကျ တက်ရောက်နိုင်ပါက Deposit ပြန်လည်ရရှိပါမယ်

⚠️ BECA ဖြေဆိုပြီးဖြစ်တဲ့ ကျောင်းသား/သူတွေကိုလည်း ဦးစားပေးခေါ်ယူသွားဖို့ရှိပါတယ်။
⚠️ CDM ဝန်ထမ်းများနှင့် ကျောင်းသား/သူများ မည်သူမဆို လျှောက်ထားနိုင်ပါသည်။
⚠️ သင်တန်းသားဦးရေ (၃၅) ဦးကိုပဲ ခေါ်ယူသွားမှာဖြစ်လို့ အမှန်တကယ် လေ့လာလိုသူများသာ လျှောက်ထားပေးကြပါနော်
⚠️ ဘာသာစကားအလိုက် Level အတန်းကို လျှောက်ကြမယ့်သူတွေက အနည်းဆုံး Basic အတန်းပြီးမြောက်ထားတဲ့ Certificate တစ်ခုခုပြနိုင်ဖို့လိုပါမယ်နော်

ဘာသာစကားတစ်ခုကို အမှန်တကယ်စိတ်ပါဝင်စားပြီး သင်တန်းပြီးဆုံးတိုင်အောင် လေ့လာချင်ကြတဲ့သူတွေက အောက်ပါ Google form မှတစ်ဆင့် ၁၉ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါပြီနော်
👇👇👇👇👇👇👇👇👇👇👇👇
https://docs.google.com/forms/d/e/1FAIpQLScjL4Tr5KWyPSfnDJJAoHRDeRCFIIh15vmeBaZOvkShRexbug/viewform?usp=header

ပါဝင်တက်ရောက်ခွင့်ရရှိသူတွေကို မတ်လ ၂၁ ရက်နေ့မှာ တက်ရောက်ခွင့်ရရှိကြောင်း အကြောင်းကြားပေးမှာဖြစ်လို့ email လေးတွေကို မှန်ကန်စွာ ဖြည့်သွင်းကြဖို့ကိုလည်း ထပ်ဆောင်းမှာကြားလိုက်ပါရစေနော်
5,7400047
SNU Language Lighthouse

Apr 27, 2026, 18:30

​🌟 SNU language lighthouse နဲ့အတူတူ လျှောက်လှမ်းခဲ့ကြတဲ့ ခရီးစဉ်လေး... 🌟

​"ကမ္ဘာကြီးက ရွာကြီးတစ်ရွာ ဖြစ်လာတဲ့ ၂၁ ရာစုမှာ နိုင်ငံခြားဘာသာစကားတစ်ခုကတော့ အပိုမဟုတ်ဘဲ အလိုကို ဖြစ်နေတာပါ" လို့ ဆိုခဲ့တဲ့အတိုင်း... 🗺️🌍

​ကျွန်မတို့ SNU Language Lighthouse ကနေ SNUers တို့နဲ့ CDMers တို့အတွက် ရည်ရွယ်ပြီး Batch 1 နဲ့ Batch 2 ကို အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါတယ်ရှင်။ 🎓🥳

​ဒီ Video လေးထဲမှာတော့... 🥁🥁
Batch 1 နဲ့ Batch 2 ရဲ့ သင်တန်းကာလအတွင်းက အမှတ်တရတွေ၊ ကျောင်းသားတွေရဲ့ တက်ကြွလှုပ်ရှားမှုတွေနဲ့ တစ်တန်းချင်းစီအလိုက် ထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့ အောင်စာရင်း ထုတ်ပြန်ချက် Review လေးကို စုစည်းဖော်ပြပေးထားပါတယ်ရှင်။ 📹✨

​Batch 1 & 2 မှာ ဘာတွေ ထူးခြားခဲ့လဲ? 🤔
🔺 အခြေခံကနေ စတင်လေ့လာသူပေါင်း (၃၅၀) ကျော်အထိ ရှိခဲ့ပြီး (၂၁၆) ဦးက အောင်မြင်စွာ Certificate တွေ ရယူနိုင်ခဲ့ပါတယ်။
🔺 Thai, Japanese, Korean, Chinese စတဲ့ ဘာသာစကားလေးမျိုးစလုံးမှာ စိတ်ဝင်စားမှု အပြည့်နဲ့ ကြိုးစားခဲ့ကြတဲ့ ကျောင်းသားတွေကို မြင်တွေ့ရတာ တကယ်ကို ဂုဏ်ယူစရာပါပဲ။ 🌸🤝
🔺 Batch 2 မှာဆိုရင်လည်း Outstanding ဆုရရှိသူ (၉) ဦးအထိ ပေါ်ထွက်ခဲ့ပြီး ဆုငွေတွေနဲ့ပါ ဂုဏ်ပြုနိုင်ခဲ့ပါတယ်။ 💰🏆

​Batch 3 ကိုရော ဘယ်တော့ စမှာလဲ? 📢
Batch 1 နဲ့ 2 မှာ မမီလိုက်လို့ စိတ်မကောင်းဖြစ်နေတဲ့သူတွေအတွက်...
မကြာခင်မှာပဲ SNU Language Lighthouse Batch-3 အနေနဲ့ ပိုမိုပြည့်စုံတဲ့ Class တွေနဲ့အတူ ပြန်လာတော့မှာမို့လို့ စောင့်မျှော်ပေးကြပါဦးနော်။ ✨🤩
​လွယ်ကူရှင်းလင်းတဲ့ Basic Language Class တွေကနေတစ်ဆင့် ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို SNU Language Lighthouse နဲ့အတူတူ လှမ်းတက်ကြစို့။ 📘💫
3,5800059

Showing 19 of 19 posts

Rating

Login required

Frequently Asked Questions

What is the SNU Language Lighthouse Telegram channel about?+

SNU Language Lighthouse (@snulanguagelighthouse) is a Telegram channel in the Language Learning category. SNU Language Lighthouse shares Language Learning content on Telegram.

How do I join SNU Language Lighthouse (@snulanguagelighthouse) on Telegram?+

Open the channel profile on tgdio, then use the Join / Open in Telegram button to go to @snulanguagelighthouse in the Telegram app or web client and subscribe for free.

Is SNU Language Lighthouse a good Language Learning channel to follow?+

On tgdio you can check SNU Language Lighthouse's rating, user reviews, ranking, and latest posts before joining. It currently lists about 1,538 subscribers on tgdio. Compare it with similar Language Learning channels in the same category.

Where can I see SNU Language Lighthouse stats and latest posts?+

On tgdio, open the @snulanguagelighthouse channel page for subscriber stats, ranking, ratings, and recent posts. Use the Stats link on the profile for deeper growth and activity charts.