Knowledge is Power Myanmar Telegram channel photo

Knowledge is Power Myanmar

Business Management knowledge sharing

12.6k (12,642 subscribers)
Members
—
Rating
70
Total Posts
Sep 17, 2026, 9:07 PM
Updated
Apr 7, 2026
Created
Stats

You are viewing English content. To see content in other languages, change the language of the site.

Channel Information

Channel Information
Channel NameKnowledge is Power Myanmar
Username@knowledgeispowermyanmar
CategoryBusiness News
LanguageEnglish
CountryUnited States
Members12,642
Channel TypePublic Channel
CreatedApr 7, 2026
Last UpdatedSep 17, 2026 • 9 days ago
StatusActive

Ranking

Global Ranking
#18309-14
Language Ranking
#3941+2
Category Ranking
#345+1

Participant Growth (Last 16 Days)

Total: 12.6K
24h growth: +410 3%
04/0704/2905/1606/0707/0107/2208/2009/0809/17

Latest Posts

Knowledge is Power Myanmar

Sep 08, 2026, 01:52

Production ကုန်ကျစရိတ်ကို လျှော့ချပေးမည့် 7 Wastes

Toyota Production System (TPS) ကနေ စတင်ခဲ့တဲ့ ဒီသီအိုရီဟာ အခုဆိုရင် ကမ္ဘာတစ်ဝှမ်းက စက်ရုံတွေတင်မကဘဲ Service ပေးတဲ့ လုပ်ငန်းတွေမှာပါ အောင်မြင်စွာ အသုံးချနေကြပြီဖြစ်ပါတယ်။

၁။ Overproduction

ဒါကို အဆိုးရွားဆုံးသော အလေအလွင့်လို့ သတ်မှတ်ကြပါတယ်။ အကြောင်းရင်းကတော့ ကျန်တဲ့ အလေအလွင့်တွေကိုပါ ဆက်တိုက်ဖြစ်ပေါ်စေလို့ပါ။

ဒီwasteက ဘာကြောင့်ဖြစ်တာလဲဆို​တော့ ဝယ်လိုအား Demand ထက်ပိုပြီး ကြိုတင်ထုတ်လုပ်ခြင်း၊ စက်ပစ္စည်းတွေကို အနားမပေးချင်လို့ အတင်းလည်ပတ်ခြင်းတို့ကြောင့် ဖြစ်ပါတယ် ဒါ​ကြောင့် မရောင်းရသေးတဲ့ ပစ္စည်းတွေအတွက် ရင်းနှီးမြှုပ်နှံမှု ငွေကြေးတွေ Cash Flow ​ငွေမြုပ်​နေပြီး Warehouse နေရာအခက်အခဲ ဖြစ်လာကြပါတယ်။

၂။ Over Inventory

ပစ္စည်းတွေကို လိုအပ်တာထက် ပိုသိုလှောင်ထားခြင်းဟာ ငွေတွေကို အိပ်နေစေနိုင်ပါတယ် ပစ္စည်းတွေ ကြာရှည်ထားလို့ သက်တမ်းကုန်တာ၊ ဟောင်းနွမ်းတာ၊ ပျက်စီးတာတွေ ဖြစ်နိုင်ပြီး Warehouse ငှားရမ်းခ၊ မီးခ၊ စောင့်ရှောက်ခ (Holding Cost) တွေ တက်လာပါတယ်။

၃။ Waiting

အလုပ်သမားက စက်ကို စောင့်နေရတာ ဒါမှမဟုတ် စက်က ကုန်ကြမ်းလာမှာကို စောင့်နေရတာမျိုးပါ။
Process တစ်ခုနဲ့ တစ်ခု အချိတ်အဆက်မမိခြင်း၊ စက်ပစ္စည်းများ ခဏခဏ ချို့ယွင်းခြင်း၊အထက်လူကြီးဆီက ဆုံးဖြတ်ချက် (Approval) စောင့်နေရခြင်းတို့ ပါဝင်ပြီး ဆိုးကျိုးအ​နေနဲ့ အချိန်ကုန်တယ်၊ လုပ်အားခ (Labor Cost) တွေ အလကား ကုန်ဆုံးစေပါတယ်။

၄။ Motion

ဒါဟာ အလုပ်သမားတွေရဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုကို ဆိုလိုတာဖြစ်ပါတယ် ဥပမာ အလုပ်လုပ်တဲ့ခုံနဲ့ ကိရိယာတွေ ဝေးနေလို့ ခဏခဏ ထသွားနေရတာ၊ ပစ္စည်းကို ကုန်းကောက်နေရတာ၊ ရှာဖွေနေရတာမျိုးတွေပါ။အလုပ်သမားကို ပင်ပန်းစေပြီး အလုပ်တွင်ကျယ်မှုကို လျော့ကျစေပါတယ်။

၅။ Transportation

ပစ္စည်းတွေကို တစ်နေရာကနေ တစ်နေရာ မလိုအပ်ဘဲ ရွှေ့ပြောင်းနေရခြင်းဟာ valueမဖြစ်ပဲ ကုန်ကျစရိတ်ပဲ တက်လာတာဖြစ်ပါတယ် သယ်ယူရင်းနဲ့ ပစ္စည်းတွေ ပဲ့တာ၊ ကွဲတာ၊ ပျောက်တာ ဖြစ်နိုင်သလို သယ်ယူတဲ့ စက်ပစ္စည်း Forklift ဖိုး၊ ဆီဖိုးတွေ ကုန်ကျပါတယ်။

၆။ Rework / Defects

ပထမတစ်ခါတည်းနဲ့ အကောင်းမထွက်ဘဲ ပြန်ပြင်ရတာ ဒါမှမဟုတ် လွှင့်ပစ်ရတာမျိုး​ကြောင့် ပစ္စည်းဖိုးတင်မကဘဲ ပြန်ပြင်ရတဲ့ အလုပ်သမားခနဲ့ အချိန်ပါ နှစ်ခါကုန်ပါတယ်။

၇။ Over-processing

Customer မတောင်းဆိုဘဲ သို့မဟုတ် မလိုအပ်ဘဲ အရည်အသွေးကို လိုအပ်တာထက် process​တွေများပြီး ပိုလုပ်နေတာမျိုးဖြစ်ပါတယ် မမြင်ရတဲ့နေရာကို အရောင်တင်နေတာ၊ မလိုအပ်တဲ့ စာရွက်စာတမ်း နဲ့ processအဆင့်ဆင့်တွေ များနေတာမျိုး​ကြောင့် အချိန်နဲ့ လူအင်အားကို အကျိုးမရှိဘဲ အလဟဿ ဖြစ်စေပါတယ်။

အားလုံးကို ​ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun
489005
Knowledge is Power Myanmar

Sep 08, 2026, 01:52

ဒါပြီးသွားရင် မပြီ​သေးပါဘူး fixed asset​တွေအတွက် capital expenditure ကို ခန့်မှန်းတွက်ချက်ရပါမယ် ဥပမာ ကိုယ့်လုပ်ငန်းက ​နောက်၃လမှာ အ​ရောင်းဘယ်​လောက်တိုးထုပ်ဖို့အတွက် စက်​တွေ ၃လုံးလိုတယ် ​နောက်ဖြန့်ဖြူး​ရေးအတွက် ကား၂စီးထပ်ဝယ်မယ် စသဖြင့် fixed asset​တွေ ဝယ်ဖို့ ဒီနှစ်မှာ ​ငွေဘယ်​လောက်သုံးမယ်ဆိုတာကို ခန့်မှန်းထားတဲ့ capital expenditure budgetကို ဆွဲထားရမှာဖြစ်ပါတယ် ဒါကို cash flowမှာ fixed asset​တွေ ဝယ်မယ့်လအလိုက်အတွက် cash အထွက် cash out flowအ​နေနဲ့ ထည့်ရမှာဖြစ်ပါတယ်။ဒါပြီးရင်

Budgeted Balance sheetကို ပုံ(3)မှာ ပြထားသလိုဆွဲရမှာဖြစ်ပါတယ် လုပ်ငန်းမှာ ပြန်​ရောင်းဖို့ပစ္စည်း ဘယ်လောက်ထားမယ် ၊​ငွေ ဘယ်​လောက်ထားမယ် အ​ကြွေးရဖို့ ဘယ်​လောက်ရှိနိုင်တယ် ​​​နောက်​ရေတို နဲ့ ​ရေရှည် ​ပေးရဖို့အ​ကြွေးဘယ်​လောက်ရှိနိုင်မလဲ equity အရင်းဘယ်​လောက်ထည့်ထားတယ် စတာ​တွေကို ကြည့်ပြီး လုပ်ငန်းရဲ့ cash flow budget , fixed asset​တွေဝယ်ဖို့ capital expenditure budget​တွေအရ လုပ်ငန်းဟာ ​ငွေလိုရင် financing​ငွေရှာဖို့အတွက်ပါ ကြိုစဥ်းစားထားရမှာဖြစ်ပါတယ် debt အ​နေနဲ့ bankက​နေပဲ loan ​ချေးမှာလား ဒါမှမဟုတ် share ​​ခေါ်ပြီး အရင်းအနှီး equityအ​နေနဲ့ပဲ ထည့်ရမှာလား​တွေကို ratio ​analysis​တွေလုပ်ပြီး gearing ratio ,profitability ration ,liquidity ratio ဒါ​တွေကို ကြည့်ပြီး ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

တကယ်လက်​တွေ့လုပ်တဲ့အခါ budget သက်မှတ်ထားတာနဲ့ actual တကယ် လုပ်တာ ရတာနဲ့ကို variance​တွေကို ​စောင့်ကြည့်ပြီး အမြဲ controlလုပ်​နေရမှာဖြစ်ပါတယ်။

အားလုံးကို ​ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun
553003
Knowledge is Power Myanmar

Sep 08, 2026, 01:52

လက်​တွေ့ အသုံးချ budget ​ရေးဆွဲနည်း

လုပ်ငန်း​တွေမှာ နှစ်စဥ် master budget​တွေကို​ရေးဆွဲပြီး ဒီbudget​တွေအတိုင်း budget controlနဲ့လုပ်ငန်းမှာ လအလိုက် လုပ်ကိုင်​ဆောင်ရွက်ကြ​လေ့ရှိပါတယ် ဒါ​ကြောင့် budget ဆွဲတာဟာ လုပ်ငန်း​တွေမှာ အလွန်းအ​ရေးကြီးတဲ့ အလုပ်ဖြစ်ပါတယ် ဒါ​ကြောင့် budget​တွေကို ဆွဲတဲ့အခါ ဘယ်လိုပုံစံမျိုး​တွေ စဥ်းစားပြီးဆွဲရတယ်ဆိုတဲ့ သ​​ဘောတရာနည်း​လမ်း​လေး​တွေကို မိတ်​ဆွေတို့အကျိုးရှိ​အောင် မျှ​ဝေ​ပေးပါ့မယ်။

ပထမဦးဆုံး budget​​ဆွဲနည်းကို လုပ်ငန်းအမျိုးအစား ၂ခုဖြစ်တဲ့ ပထမအ​နေနဲ့ ပုံမှန် merchandising businessလို့လည်း​ခေါ်တဲ့ ပစ္စည်း​တွေကို သူများစီက ဝယ်ပြီး ပြန်​ရောင်းပြန်ဖြန့်ချီတဲ့ လုပ်ငန်းအတွက် budget ပုံစံ နဲ့ ဒုတိယအ​နေနဲ့ production ကိုယ်တိုင်ထုပ်​လုပ်​နေတဲ့ လုပ်ငန်းအတွက် budgetပုံစံ​လေး ဆိုပြီး ၂ခုရှိပါတယ်။

ဒီ​​​တော့ ပထမဦးဆုံးmerchandising business ပစ္စည်းဝယ်ပြီး ပြန်​ရောင်းတဲ့ လုပ်ငန်း​တွေ အတွက် budget​ရေးဆွဲပုံကို ​ပြောပြပါမယ် budget​ရေးဆွဲတဲ့အခါ

- Sales / revenue
- COGS
- Expense စတာ​တွေကို အရင်စဥ်းစားရပါမယ်

ပုံ(1)မှာ ပြထားတဲ့အတိုင်း လုပ်ငန်းမှာ product ၃မျိုးရှိပါတယ် ဒီproduct​တွေရဲ့ အ​ရောင်းက ပုံ(1)မှာပြထားသလို ၁၂လစာ လအလိုက် ဘယ်productက ဘယ်လမှာ​ရောင်းရမယ်ဆိုတာကို ခန့်မှန်းပြီး ​ငွေamountကို ထည့်ရမှာဖြစ်ပါတယ် ဒီလိုအ​ရောင်း revenue salesအတွက် product တစ်ခုချင်းစီကို ပုံ(2)မှာပြထားသလို အ​ရေအတွက် နဲ့ ​စျေးနှုန်းဘယ်​စျေး​တွေနဲ့ ​ရောင်းမလဲဆိုတာကို prpductအလိုက်ခန့်မှန်းထားရမှာ ဖြရ်ပါတယ် ဒီမှာ Product 1 , product 2 ,product 3 ဆိုပြီး ၃မျိုးကို ထည့်ထားပါတယ်။Product​တွေရဲ့ အ​ရောင်းsalesကို ခန့်မှန်းတဲ့အခါ seasonal indexအရ ခန့်မှန်းပြီး တွက်ချက်ရမှာဖြစ်ပါတယ် ဘယ် productက ဘယ်လမှာ ​ရောင်း​ကောင်းတယ် ဘယ်လ​တွေဆို အ​ရောင်းကျတယ် စသဖြင့် seasonal indexအရ ခန့်မှန်းတွက်ချက်ရမှာဖြစ်ပါတယ် ​​နောက်ပြီး နိုင်ငံ​ရေး စီးပွား​ရေယ လူမှု​ရေး PESTEL ကိုလည်း ထည့်သွင်းစဥ်းစားရမှာဖြစ်ပါတယ်။ဒီလို လုပ်ငန်းရဲ့ ၁နှစ်စာ total လုံ​ပေါင်း sales targetက​နေ လစဥ် monthly sales target​တွေကို လအလိုက် ပုံထဲကလို အရင်ချ​​ရေးရမှာဖြစ်ပါတယ်။ဒါပြီးရင်

Cost of Goods Sold (COGS) / Cost of sales ဆိုတဲ့ ပစ္စည်းတစ်ခု​ရောင်းတဲ့အခါ ဘယ်​လောက်ကုန်ကျလဲဆိုတာကို ခန့်မှန်းတွက်ချက်ပြီး sales ထဲက နုတ်ရမှာဖြစ်ပါတယ် ကိုယ့်ပစ္စည်းက အရင်းဘယ်​စျေးရှိတယ် ပစ္စည်းသွင်းတဲ့အခါ ဘယ်ယူပို့​ဆောင်စရိတ်ဘယ်​လောက် စတဲ့ ဒီပစ္စည်းက အရင်းဘယ်​လောက်​လောက်ရှိတယ်ဆိုတာကို ခန့်မှန်းပြီး ပုံ(1)ထဲကလို လအလိုက် ၁၂လစာကို ထည့်ရမှာဖြစ်ပါတယ်။​နောက်

Expense အသုံးစရိတ်​တွေကို ခန့်မှန်းတွက်ချက်ပြီး ထည့်ရပါမယ် ဝန်ထမ်း​တွေရဲ့ လုပ်ခလစာနဲ့ ခံစားခွင့် compensation​တွေကို တွက်ချက်တဲ့အခါ ကိုယ့်လုပ်ငန်းက strategic planအရ ဘယ်လ​တွေမှာဆိုရင် ဝန်ထမ်းဘယ်position​တွေ အသစ်ထပ်တိုးမယ် ၊ ဘယ်လ​တွေမှာ အ​ရောင်းarea ​တွေ ထပ်ချဲ့လို့ အ​ရောင်းsales man​တွေ ၁၀​ယောက်အသစ်ထပ်ခန့်မယ် ၊ ဘယ်လ​တွေမှာ ဂို​ထောင်အသစ်အတွက် ဘယ်ဝန်ထမ်း​တွေ ထပ်ခန့်မယ် စသဖြင့် ဝန်ထမ်းအ​ဟောင်း​ကော အသစ်အတွက်ပါ ထည့်သွင်းခန့်မှန်းတွက်ချက်ရမှာဖြစ်ပါတယ် ဒီbudget ရာထားချက်ကို HR planက​နေ ရနိုင်ပါတယ်။​​​​နောက် marketing budget အတွက် ဘယ်activities​တွေအတွက် ဘယ်​လောက်သုံးမယ်ဆိုတာကို marketing plan​နေရရှိပြီး လအလိုက် ထည့်ရပါမယ် sales teamအတွက် travel way trip budget​တွေကို sales အ​ရောင်းရဲ့ trip planက​နေရနိုင်ပါတယ်။ပြီး​တော့ depreciation တန်ဖိုးချတာ​တွေကို နုတ်ဖို့ ဘယ် fixed asset​တွေ ကို depreciation ဘယ်​လောက်ချပြီး expenseအ​နေနဲ့နုတ်မယ်ဆိုတာကို account departmentမှာ သိရှိနိုင်ပြီး လအလိုက်နုတ်ရမှာဖြစ်ပါတယ် ​​​နောက်လုပ်ငန်းရဲ့ administration ဖြစ်တဲ့ admin အသုံးစရိတ်​တွေကို admin budgetက​နေရနိုင်ကာ လအလိုက်ထည့်ရပါမယ်။ဒီ expense​တွေကို နုတ်လိုက်ရင် operating profitကို ဘယ်​လောက် လအလိုက်ရမယ်ဆိုတာကို ယာထားပြီးသားဖြစ်သွားပါမယ်။

ဒါဆိုရင် budgeted income statementရသွားပြီး လုပ်ငန်းလည်ပတ်မှု operating budgetကို ရသွားမှာ ဖြစ်ပါတယ် လအလိုက် ဘယ်​လောက်​ရောင်းရမယ် ဘယ်​လောက် ပစ္စည်းအရင်းရှိရမယ် ဘယ်​လောက် expense အသုံးစရိတ်ရှိရမယ် စသဖြင့် operating budgetယာထားပြီးသား ဖြစ်သွားပါမယ်။

ဒါပြီးရင် လအလိုက် ​cash flow တကယ့်​ငွေအဝင်အထွက်ကို ယာထားရပါမယ် လအလိုက် ဘယ်လမှာ ​ငွေဘယ်​လောက်ဝင်မယ် ဘယ်လဆို ​ငွေဘယ်​လောက်ထွက်မယ် net cash flowက ဘယ်​လောက်ဖြစ်မယ် စသဖြင့် ခန့်မှန်းရပါမယ် ဒီ​နေရာမှာ customerကို credit term policy ဘယ််လိုရှိတယ် supplier​တွေစီက အ​ကြွေးဘယ်​လောက်ကြာကြာရလဲ စသဖြင့် ဒါ​တွေကိုပါထည့်သွင်းစဥ်းစားရမှာဖြစ်ပါတယ်။
449001
Knowledge is Power Myanmar

Sep 08, 2026, 01:52

Zero Based Budget ZBB ဆိုတာ ဘယ်လို budgetလဲ

Zero Based Budget ZBB ဆိုတဲ့ သ​ဘောတရားဟာ budget​တွေဆွဲတဲ့အခါ ပုံမှန်အားဖြင့် အရင်နှစ်​တွေရဲ့ budgetကို 5% ,10%ပိုယူတာ ဒါမှမဟုတ် အရောင်းsales ရဲ့ ဘယ်​လောက်%ဆိုပြီး total budgetသက်မှတ်တက်ကြပါတယ် Zero Based Budget ZBB က အဲ့ လိုပုံ​သေကြီး သက်မှတ်တာမျိုးမဟုတ်ပဲ departmentအလိုက် ဘာ​တွေပြုလုပ်မယ် ဒီအတွက် ပိုက်ဆံဘယ်​လောက် သုံးမယ် ဒီအတွက် ဘာ​တွေအကျိုးရှိမယ် စသဖြင့် အသုံးပြု့မယ့် ​ငွေ budgetတိုင်းဟာ တကယ်အသုံးလိုရဲ့လား ထိ​ရောက်ရဲ့လား ဆိုတာကို ​သေချာသုံးသပ်analysisလုပ်ပြီးမှ ဆွဲတဲ့ budgetပုံစံဖြစ်ပါတယ်။

ဒီ​တော့ ကုန်ကျစရိတ် ​တွေကို budgetထဲထည့်​တော့မယ်ဆိုရင် ပုံ(1)မှာပြထားသလို ဘယ် cost categoryရဲ့ ဘာကို ကုန်ကျမှာလဲ ဒါကို​ငွေသုံးဖို့ ဘာ​ကြောင့်လိုအပ်တာလဲ Kpiအ​နေနဲ့ ဘာနဲ့တိုင်းမှာလဲ budget ဘယ်​လောက်လိုတာလဲ ပြန်ရမယ့် တန်ဖိုးနဲ့ အကျိုး​ကျေးဇူးက High ,medium ,Low မြင့်လား အလယ်အလတ်လား နိမ့်တာလား ဒါကိုကြည့်ပြီး ဆက်လုပ်မလား budget​တွေကို ​reduceလျော့ချမလား ဖြတ်မလား စသဖြင့် ထည့်သွင်းစဥ်းစားပြီး analysisလုပ်ရမှာဖြစ်ပါတယ်။ဒီလို​သေချာစုံသပ်ချင်းဖြင့် အသုံးပြု့မယ့် budgetတိုင်းကို ​သေချာစဥ်းစားရမှာဖြစ်ပြီး မလိုလားအပ်တဲ့ အ​လေအလွင့်​တွေကို ​လျော့ချနိုင်ပြီး ပိုမိုထိ​ရောက် cost efficiency ဖြစ်တဲ့ budgetကို ရမှာဖြစ်ပါတယ် ဒါ​ပေမယ့် အားနည်းချက်က အချိန်​​ပေးရမှာဖြစ်ပါတယ်။

တကယ်လို့ budgetဆွဲပြီးသွားရင် ပုံ(2)မှာ ပြထားသလို budgetက ဘယ်​လောက်ရှိတယ် Actual တကယ်သုံးတာက ဘယ်​လောက် ကွာခြားချက် variance က ဘယ်​လောက်ရှိတယ် Kpiအရ ဒီ​လောက်ကွာတာကို လက်ခံနိုင်လား ​ကောင်းလား မ​ကောင်းဘူးလားဆိုတာကို တကယ်လုပ်ငန်းလည်ပက်တဲ့အခါ အပတ်စဥ် လစဥ် ၃လတစ်ဖြတ် monitoring နဲ့ controlလုပ်​နေရမှာဖြစ်ပါတယ်။

အားလုံးကို ​ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun
590004
Knowledge is Power Myanmar

Aug 23, 2026, 22:33

ဒီလို အဆင့်၃မှာ factor​တွေကို degreeအလိုက် point​တွေ သက်မှတ်ပြီးရင် ​​နောက် အဆင့် ၄ဖြစ်တဲ့
ရာထူးတစ်ခုစီအတွက် Points ပေါင်းထည့်ခြင်း Calculating Job Pointsကို လုပ်ရပါမယ်JD Job Description စာရွက်ကို ကြည့်ပြီး ရာထူးတစ်ခုစီ အံဝင်ဂွင်ကျဖြစ်သည့် Degree Points များကို ပေါင်းစပ်လိုက်ရပါမယ် ဥပမာ

Salesman ရာထူး အတွက်ဆိုရင်
Skill: Degree 2 = 200 pts
Responsibility: Degree 1 = 100 pts
Effort: Degree 1 = 25 pts
Working Conditions: Degree 2 = 50 pts
စုစုပေါင်း Point = 375 Points ရရှိမှာဖြစ်ပြီး

Sales Manager ရာထူး အတွက်ဆိုရင်
Skill: Degree 4 = 400 pts
Responsibility: Degree 4 = 400 pts
Effort: Degree 3 = 75 pts
Working Conditions: Degree 1 = 25 pts
စုစုပေါင်း Point = 900 Points ရမှာဖြစ်ပါတယ် ဒါဆို ဘယ်positionအတွက်က ဘယ်​လောက်point​တွေရှိရမယ်ဆိုတာကို ကြိုတင်သိရှိနိုင်ပြီးဖြစ်ပါတယ် ဒါပြီးရင်​နောက်

Salary Survey & Market Research ဖြစ်တဲ့ စျေးကွက် လစာ လေ့လာခြင်းဆိုတဲ့ မိမိတို့ လုပ်ငန်းနယ်ပယ်အတွင်း ပြိုင်ဘက် ကုမ္ပဏီများ ပေးနေသော လစာနှုန်းထားများ၊ သက်ဆိုင်ရာ စျေးကွက် လစာ စံနှုန်း အချက်အလက် Market Salary Data များကို စုဆောင်းထားရပါမယ်။​

နောက်ကိုယ့်လုပ်ငန်းရဲ့ internal အ​ခြေအ​နေ​တွေဖြစ်တဲ့ Compensation Philosophy ​တွေဖြစ်တဲ့ စျေးကွက်နှင့် ယှဉ်လျှင် မည်သည့် ပေါ်လစီ သုံးမည်ကို သေချာ သတ်မှတ်ရပါမယ် Market Lead စျေးကွက် ပျမ်းမျှထက် လစာ ပိုပေးပြီးအတော်ဆုံး ဝန်ထမ်းများ ဆွဲဆောင်ရန် ၊ Market Match စျေးကွက် ပျမ်းမျှအတိုင်း ပေးမည် ၊ Market Lag စျေးကွက် ပျမ်းမျှထက် လျှော့ပေးပြီး အခြား Benefit များဖြင့် အစားထိုးမယ် စသဖြင့် ​သေချာသိထားသင့်ပြီး Budget Constraint ဖြစ်တဲ့ ကုမ္ပဏီ၏ ဘဏ္ဍာရေး အခြေအနေနှင့် Pay Structure သစ် ပြောင်းလဲရာတွင် ကုန်ကျမည့် စရိတ် Cost of Transitionမည်မျှ အသုံးချနိုင်သည်ကို ဘဏ္ဍာရေးဌာနနှင့် တိုင်ပင်ထားရပါမယ် ​နောက်Legal Requirements အလုပ်သမား ဥပဒေများဖြစ်တဲ့
သက်ဆိုင်ရာ နိုင်ငံ/ဒေသ၏ အနည်းဆုံး အခကြေးငွေ ဥပဒေ Minimum Wage Law၊ အချိန်ပိုကြေး မူဝါဒများ Overtime Regulations နှင့် လူမှုဖူလုံရေး သတ်မှတ်ချက်များကို အပြည့်အဝ နားလည်ထားရမှာ ဖြစ်ပါတယ် ဒါ​တွေပြီးရင် Pay structure ကို ဘယ်လို စပြီး စဥ်းစားပြီး ဆွဲရမယ်ဆိုတာကို
Part -2 တွက် ဆက်ပြီး မျှ​ဝေ​ပေးပါ့မယ်။

အားလုံးကို ​ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun
#hr
138000
Knowledge is Power Myanmar

Aug 23, 2026, 22:33

Photo
မိုးရာသီPromotion​လေး သင်တန်း၁၁ခုစလုံးကို 92,000 နဲ့ ​​လူပြည့်ဖို့ ၁၈​ယောက်သာလိုပါ​တော့တယ် အမြန်တက်ထားကြပါ ခင်ဗျာ့😀
👇👇👇
https://www.facebook.com/share/p/1CChQ33nak/
747000
Knowledge is Power Myanmar

Aug 23, 2026, 22:33

HRများအတွက် လက်​တွေ့ လုပ်ငန်း​ခွင်မှာ Pay structure ဆွဲနည်းများ ( Part -1 )

ကိုယ်က HR လုပ်လို့ပဲ ဖြစ်​စေ ကိုယ့်ရဲ့လုပ်ငန်း မိမိရဲ့လုပ်ငန်း​တွေမှာ မတူညီတဲ့ ဝန်ထမ်း​တွေ ရာထူးကြီးစဥ်ငယ်လိုက်​တွေကို pay structureလစာဘယ်​လောက်ထား​ပေးသင့်လဲဆိုတာမျိုးကို စနစ်တကျ​လေး စဥ်းစာတက်​အောင် Kipက​နေမျှ​ဝေ​ပေးပါ့မယ်။

Pay Structure တစ်ခုကို စနစ်တကျ မဆွဲခင် companyအတွင်း အဆင်သင့် ဖြစ်နေရမယ့် ကြိုတင် လုပ်ဆောင်ထားရမည့် အချက်များနဲ့ သိထားရမည့် မူဝါဒဆိုင်ရာ အချက်များ ကို အဆင့်လိုက် စနစ်တကျ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ဘာ​တွေကို ကြိူတင်လုပ်​ဆောင်ရမလဲဆို​တောွ

Job Analysis ဆိုတဲ့ ရာထူးတစ်ခုစီ၏ တာဝန်၊ ဝတ္တရား၊ လုပ်ပိုင်ခွင့်နှင့် လိုအပ်သော ကျွမ်းကျင်မှုများကို အသေးစိတ် စုံစမ်း ဖော်ထုတ်ထားရမယ်​
ဒါဆို Job Analysisကို ဘယ်လိုလုပ်လဲဆိုတော့ ဥပမာ Digital Marketing manager ရာထူးအသစ် အတွက် JA လုပ်တယ်ဆိုပါစို့ HRသမားက ပထမဦးဆုံး Digital marketingဆိုတာ ဘာလဲဆိုတာကို သူ့ဘာသာ observation လုပ်ရပါမယ် digital marketingမှာဘာတွေပါလဲ ဘာတွေလုပ်ရလဲ သူများတွေ အလုပ်ခေါ်စာဘယ်လိုတွေခေါ်လေ့ရှိလဲ လက်ရှိ digital marketing managerအတွက် အလုပ်marketမှာ ဘယ်လိုတွေတောင်းလဲဆိုတာကို လေ့လာရမည့် အပြင် အထက်က Directorတွေ နောက် marketing managerနဲ့ sales managerတွေနဲ့ပါ မေးမြန်းပြီး ဘာတွေလုပ်ရမယ် ဘာတွေလိုအပ်လဲ ဘယ်လိုလူခန့်ရမယ် ဘယ်လိုအတွေ့အကြုံရှိသင့်တယ်ဆိုတာတွေကို analysisသုံးသပ်ရမှာဖြစ်ပါတယ်။

နောက် Job Analysis လုပ်ပြီးတဲ့အခါ Job Description JD နဲ့Job Specification JS ကိုထုပ်လို့ရပါပြီ JDဆိုမှာဘာတွေပါလေ့ရှိလဲဆိုတော့ ဘယ်လိုအလုပ်အမျိုးအစားလဲ၊ ဘယ်နေရာမှာလုပ်ရမယ် ၊ ဘယ်လိုအလုပ်တွေကို အောင်မြင်အောင်လုပ်ဆောင်ရမယ် role and responsibility ပြီးတော့ reportကို daily monthly ဘယ်သူကိုပေးရမယ် ဘယ်သူ့အောက်တာဝန်ထမ်းဆောင်ရမယ် ဘယ်လိုမျိုး အလုပ်ခွင်မှာလုပ်ဆောင်ရမယ် စသဖြင့်ပါလေ့ရှိပါတယ်။

Job Specificationမှာဆိုရင် ဒီpositionအတွက် ဘယ်လိုပညာအရည်အချင်းရှိရမယ် အလုပ်အတွေ့အကြုံဘယ်လောက်ရှိရမယ် ဘယ်လိုကျွမ်းကျင်တဲ့ skill နဲ့ knowledgeတွေရှိရမယ် ပြီးတော့ attitude အရဘယ်လို စိတ်နေစိတ်ထားလိုတယ် personality နဲ့ emotionalအရလိုအပ်တာတွေကိုပါ ထည့်ရေးသားလေ့ရှိပါတယ်။ဒါ​ပြီးရင် ​​နောက်ထပ်လုပ်ရမှာက Job Evaluation
ဖြစ်ပါတယ်။

Job Evaluation လုပ်တဲ့အခါ Point တွေ သတ်မှတ်ဖို့အတွက် HR မှာ အများဆုံး သုံးလေ့ရှိတာက Point-Factor Method ဖြစ်ပါတယ် ဒီနည်းလမ်းမှာ အလုပ်တစ်ခုစီရဲ့ တန်ဖိုးကို တိုက်ရိုက် အမှတ်မပေးဘဲ၊ အလုပ်တိုင်းမှာ ပါဝင်တဲ့ Compensable Factors ကြိုးစားအားထုတ်မှုနှင့် တာဝန်ယူမှုဆိုင်ရာ စံနှုန်းများအပေါ် မူတည်ပြီး အမှတ်ခွဲဝေ သတ်မှတ်တာ ဖြစ်ပါတယ်။

​Points​တွေကို သက်မှတ်တဲ့အခါ အဆင့် (၅) ဆင့်နဲ့ သက်မှတ်ပါတယ်ဘာ​တွေလဲဆို​တော့

​ပထမဦးဆုံး Compensable Factors ​တွေဖြစ်တဲ့
​အလုပ်တိုင်းမှာ အခြေခံပါဝင်တဲ့ စံနှုန်းကြီး (၄) ခုဖြစ်တဲ့

Skill ကျွမ်းကျင်မှု​တွေ ,Effort အားထုတ်မှု​ဆွေဖြစ်တဲ့ ဦးနှောက်သုံးရမှု Mental Effortသို့မဟုတ် ပင်ပန်းဆင်းရဲမှု Physical Effort​တွေ, Responsibility တာဝန်ယူမှု​တွေဖြစ်တဲ့ငွေကြေး/ဘတ်ဂျက် ထိန်းချုပ်ရမှု၊ လူအင်အား စီမံရမှု၊ ဆုံးဖြတ်ချက်ဆိုင်ရာ သက်ရောက်မှု​တွေဖြစ်ပါတယ်​နောက် Working Conditions လုပ်ငန်းခွင် အခြေအနေ​တွေဖြစ်တဲ့ ဘေးအန္တရာယ်၊ စိတ်ဖိစီးမှု သို့မဟုတ် ခက်ခဲသော အခြေအနေများကို ထည့်သွင်း စဥ်းစားရမှာ ဖြစ်ပါတယ်။

ဒါပြီးရင် ဒုတိယအ​နေနဲ့ ပုံ မှာ ပြထားသလို Total Points နှင့် Factor Weight (%) ခွဲဝေရပါမယ် စုစုပေါင်း အမှတ်ကို ၁,၀၀၀ Points ထားမည်ဟု ဆုံးဖြတ်ပြီး ကုမ္ပဏီ၏ ဦးစားပေးအပေါ် မူတည်၍ ရာခိုင်နှုန်း %ခွဲဝေရပါမယ်။​နောက်

တတိယအ​နေနဲ့ Factor တစ်ခုစီအတွက် Degrees အဆင့်များခွဲခြားရပါမယ် Factor တစ်ခုစီကို အနိမ့်မှ အမြင့် Degree ၁ မှ ၄ သို့မဟုတ် ၅ အထိ ခွဲခြားပြီး အမှတ်များ ခွဲဝေပေးရပါတယ်နမူနာ ​ပြောပြရရင်

Skill (Total 400 Points) ကို Degree 4 ခု ခွဲရင်

Degree 1 (100 pts) - အခြေခံ ပညာအရည်အချင်းနှင့် အတွေ့အကြုံ မလိုပါ

Degree 2 (200 pts) - ဘွဲ့တစ်ခုခု သို့မဟုတ် အတွေ့အကြုံ ၁-၂ နှစ် လိုအပ်သည်

Degree 3 (300 pts) - အထူးပြု ဘွဲ့/ဒီပလိုမာ သို့မဟုတ် အတွေ့အကြုံ ၃-၅ နှစ် လိုအပ်သည်

Degree 4 (400 pts) - မဟာဘွဲ့ သို့မဟုတ် အတွေ့အကြုံ ၈ နှစ်ထက်မက လိုအပ်သည် စသဖြင့် skillအတွက် ကို degreeအလိုက် point​တွေ သက်မှတ်ရပါမယ်။​နောက်

​ Responsibility ရဲ့Total 400 Points ကို Degree 4 ခု ခွဲမယ်ဆိုရင်

Degree 1 (100 pts) - မိမိအလုပ်ကိုသာ တာဝန်ယူရသည်

Degree 2 (200 pts) - အဖွဲ့ငယ်ကို စိစစ်ကြီးကြပ်ရသည်

Degree 3 (300 pts) - ဌာနခွဲ သို့မဟုတ် ရုံးခွဲတစ်ခုလုံးကို စီမံရသည်

Degree 4 (400 pts) - ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် မဟာဗျူဟာမြောက် စီမံချက်များကို တာဝန်ယူရသည် စသဖြင့် သက်မှတ်လို့ရပါတယ်
302000
Knowledge is Power Myanmar

Aug 23, 2026, 22:33

Kip pageမှာ သင်တန်း၁၀ခုစလုံးတက်ထားသူ​တွေ အရမ်း​ကောင်းတဲ့နိုင်ငံခြား business management ebook​​ပေါင်း ၂၀၀​ကျော်တင်​ပေးထားတဲ့ telegram group​လေးလာ​တောင်းပြီး downloadဆွဲပြီး​လေ့လာလို့ရပါတယ် လက်ရှိသင်တန်းသား ၂၀၀၀​ကျော် တက်​ရောက်​နေကြပါတယ်😃😃😃
1,140005
Knowledge is Power Myanmar

Aug 23, 2026, 22:33

Distribution အ​ရောင်းမှာ Scheme Discount
ဒါမှမဟုတ် Scheme promotion​ပေးတယ်ဆိုတာဘာလဲ

Distributionလုပ်​တဲ့အခါ Outletဆိုင်ရှင်တွေဟာ ရောင်းအားကောင်းတဲ့ Hero Product ကို အမြဲ ဝယ်ချင်ကြပေမဲ့ ပစ္စည်းအသစ်ကိုတော့ မရောင်းရရင် စတော့မိမယ် ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ငြင်းဆန်လေ့ရှိပါတယ် ဒီ Promotion က Hero Product ရဲ့ Demand လိုလားချက်ကို ဓားစာခံလုပ်ပြီး ပစ္စည်းအသစ်ကို ဆိုင်ပေါ်ရောက်အောင် တွန်းပို့တဲ့ Push Strategy ဖြစ်ပါတယ်။ရောင်းအားကောင်းတဲ့ ပစ္စည်း Hero Product နဲ့ ပစ္စည်းအသစ် New Product ကို တွဲယူမှ Scheme Discount သို့မဟုတ် Promotion ​ပေးတယ်ဆ်ုပြီး Distribution Trade မှာ​ခေါ်ပါတယ်။

Scheme promotion​မှာဆိုရင် Volume Ratioဆိုတဲ့ Hero Product အချိုရည် ၁၀ ဖာ ဝယ်တိုင်း ပစ္စည်းအသစ် ၁ ဖာ တွဲယူမှ ၁၀% Discount ရတာမျိုး Unlock Discount ဆိုတဲ့ Hero Product ကို ပုံမှန် ဈေးအတိုင်းပဲ ဝယ်ရမည် သို့သော် ပစ္စည်းအသစ် ၂ ဖာပါ တွဲယူမှသာ Hero Product အတွက် FOC ၁ ဖာ အပိုရမယ် ဆိုတာမျိုး Scheme promotion​​ပေးလို့ရပါတယ်။

ဒီ Scheme promotion​တွေ ရဲ့ အားသာချက်​တွေက​တော့၁၀၀% Guaranteed Coverage ဖြစ်ကာ Hero Product ကို မှာယူတဲ့ ဆိုင်တိုင်းဆီကို ပစ္စည်းအသစ်ပါ အလိုအလျောက် ရောက်ရှိသွားပါတယ် Fast Market Penetration​ခေါ်တဲ့ ပစ္စည်းအသစ် အတွက် Sales Force က သီးသန့် ခက်ခက်ခဲခဲ ရောင်းစရာမလိုဘဲ ဈေးကွက် Penetration ကို ရရှိစေပါတယ် ပြီး​တော့ High ROI for Tradeဖြစ်လို့ Sampling အလကား လိုက်ဝေတာထက်စာရင် companyဘက်က Revenue ဝင်ငွေ ပါ တစ်ပြိုင်နက်တည်း ရရှိပါတယ်။

​ဒီ Scheme promotion က ထိရောက်ပေမဲ့ သေချာ မစီမံရင် Backfire အကျိုးဆက် ဆိုးသွားတာမျိုး ဖြစ်နိုင်ပါတယ်။ဘာ​တွေဖြစ်နိုင်လဲဆို​တော့ Retailer Pushback ဆိုင်ရှင်များ အမြင်စောင်းခြင်းဆိုတဲ့ ပစ္စည်းအသစ်ကို မလိုချင်ဘဲ အတင်းအဓမ္မ ထည့်ပေးခံရတယ်ဆိုတဲ့ Forced Sellingလို့ ခံစားရရင် ဆိုင်ရှင်နဲ့ companyကြား ဆက်ဆံရေး ပျက်စီးနိုင်ပါတယ် ​နောက် Dumping / Price Cutting ဈေးဖျက်ရောင်းခြင်းဆိုတဲ့ ဆိုင်ရှင်က Scheme ရရင် ပြီးရောဆိုပြီး မလိုချင်တဲ့ ပစ္စည်းအသစ်ကို ပွဲစား/အခြားဆိုင်ဆီ ဈေးပေါပေါနဲ့ တာဝန်မဲ့ ပြန်ထုတ်ရောင်းလိုက်လို့ ဈေးပျက်သွားနိုင်ပါတယ်။Dead Stock at Shop ဆိုင်မှာ စတော့အသေ ဖြစ်ခြင်း ဖြစ်တဲ့ ဆိုင်ပေါ် ပစ္စည်းရောက်သွားပေမဲ့ End User က မဝယ်ရင် ဆိုင်ရှင်က အဲဒီ ပစ္စည်းရော၊ Brand အပေါ်ပါ အကြောက်တရားနဲ့ အမြင်ဆိုး ဝင်သွားပါမယ်။

Scheme Promotion ကို သုံးတော့မယ်ဆိုရင် အဓိက ၃ ချက်ကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရပါမယ်။

- Ratio တိကျစွာ သတ်မှတ်ခြင်း
Hero Product နဲ့ ပစ္စည်းအသစ် ရဲ့ အချိုးအစားသည် ဆိုင်ရှင် လက်ခံနိုင်လောက်အောင် သင့်တော်ရပါမယ် ဥပမာ-Hero Product ၁၀ ဖာ : အသစ် ၁ ဖာ အသစ်ကို အလွန်အမင်း ထည့်ပါက ဆိုင်ရှင် ငြင်းပယ်ပါလိမ့်မည်။

- Pull Strategy ပါ တွဲလုပ်ခြင်း
ပစ္စည်းအသစ် ဆိုင်ပေါ်ရောက်ချိန်မှာ Consumer တွေ လာဝယ်အောင် Media Marketing၊ POSM ကြော်ငြာ ဗီနိုင်း/စတီကာ သို့မဟုတ် Consumer Instant Win Scheme တွေပါ တွဲလုပ်ပေးရပါမည်။

- Sales pitch ပြောင်းခြင်း
Sales Representative တွေက ဒါ တွဲမယူရင် ဒီ Promotion မရဘူး လို့ ခြိမ်းခြောက်ပြောဆိုခိုင်းတာမျိုး မလုပ်ရပါဘူး Hero Product ကရတဲ့ အမြတ်အပြင် ဒီ ပစ္စည်းအသစ်ပါ တွဲရောင်းရင် ဆိုင်အတွက် အမြတ် Extra ဘယ်လောက် ပိုကျန်မယ် ဆိုတဲ့ ROI ကို ပြပြီး ရောင်းခိုင်းရပါမယ်။

အားလုံးကို ​ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun
1,640002
Knowledge is Power Myanmar

May 21, 2026, 09:57

လုပ်ငန်း​တွေမှာ System ချတဲ့အခါ system ချပြီး လုပ်ငန်းရှင်က ဝင်မပါ​တော့ဘူးဆိုပြီး ထင်ကြပါတယ် ဒီလိုထင်​အောင်လည်း တချို့သင်တန်း​ကြော်ညာ​တွေက လိမ်လည်လှည်စားပြီး​ပြောကာ​ကြော်ညာကြတာ​ကြောင့် လုပ်ငန်းတစ်ခု system ချပြီးရင် ကိုယ်တိုင်ပါဝင်စရာမလို​တော့ဘူးလို့ အထင်မှားကြပါတယ်
ပုံမှန်အားဖြင့် လုပ်ငန်း​တွေကို system ချတဲ့အခါ လုပ်ငန်းဝန်ထမ်း​တွေကို ဖွဲစည်ပုံ structure တည်​ဆောက်​ပေးမယ် SOP​တွေဆွဲ​ပေးမယ် form​တွေလုပ်​ပေးမယ် software​တွေသုံးမယ် training​တွေ​ပေးမယ် ဒီဟာ​လောက်နဲ့ system ချပြီးပြီလို့ ထင်ကြပါတယ် ဒါဟာမှားပါတယ် ဒီ​လောက်နဲ့ မရပါဘူး

Systemချတယ်ဆိုတာ လုပ်ငန်းရှင်အတွက် risk​တွေနည်းဖို့နဲ့ workload နည်းဖို့အဓိက ဖြစ်ပါတယ် risk​တွေဆိုတာက ​ငွေ​တွေ လိမ်​ပြေးမ​ပြေခံရတာ ပစ္စည်း​တွေ​ပျောက်တာ ၊ မလိုအပ်တဲ့အ​လေအလွင့်နဲ့ ဆုံးရှုံးတာ​တွေ၊ ထိခိုက်အန္တရာယ်​တွေ ဒါ​တွေကို ​လျော့နည်း​​စေဖို့ အဓိကလုပ်​​ဆောင်နိုင်ဖို့လိုပါတယ် ဒီအတွက် SOP ဆွဲရုံနဲ့ မရပါဘူး control point​တွေ​သေချာသက်မှတ်ပြီး ပြုလုပ်ဖို့လိုပါတယ် အခု systemချတယ်ချတယ်ဆိုပြီး control အတွက်​သေချာမစဥ်းစားပဲ အမြန်လုပ်တာဟာ လုပ်ငန်းအတွက်အများကြီး အန္တရာယ်များပါတယ် ​နောက် အလုပ်ရှင်အတွက် အ​သေးအမွှားလိုက်​ပြောစရာမလို​တော့ဘူး အသင့်အတင့် လွှတ်ထား​ပေးလို့ရသွားပါမယ် ဒါ​ပေမယ့် လုံးဝ ဝင်ပါဖို့မလို​တော့တာမျိုးမဟုတ်ပါဘူး အ​ရေးကြီးတဲ့ဆုံးဖြတ်ချက်​တွေ ကိုယ်ပဲ သိပြီးလုပ်ရမယ်အရာ​တွေကို​တော့ ကိုယ့်ဘာသာလုပ်​နေရမှာ ဖြစ်ပါတယ် တကယ်လို့ ပိုပြီး​တော့ အလုပ်ဝန်​ပေါ့ချင်ရင် ကျွမ်းကျင်သူကို ကိုယ်​့​အောက်မှာ တွဲထည့်ပြီးလုပ်ရင်ကပိုပြီး သက်သာပါမယ် အဲ့ကြရင် strategic view အ​​နေနဲ့ ပိုင်ရှင်က ​ရေရှည်ပိုပြီးမြင်​အောင် အချိန်​ပေးကြည့်လာနိုင်ပါမယ်
​​နောက် Process​တွေနဲ့ control​တွေကို တစ်ခါဆွဲပြီး ပြီးသွားပြီး လုပ်လို့မရပါဘူး process improveဖြစ်​အောင် အမြဲဘာ​တွေအဆင်မ​ပြေဘူးလဲ ဘယ်နားက တစ်စို့ကြာ​နေလဲ ဘယ်နားက ခိုးခံရမယ်ပုံစံဖြစ်​နေတယ် စသဖြင့် အမြဲ analysisလုပ်​နေပြီး process managementဖို့လိုပါတယ် ဒါ​ကြောင့် system​ချပြီး ကိုယ်ပါစရာမလိုဘူးဆိုတာ ဂျင်းစကား​တွေဖြစ်ပါတယ်။

အခုလိုအချိန်အခါမျိုးမှာ ပိုင်ရှင်ကိုယ်တိုင်လုပ်ငန်းကို ကြပ်ကြပ်မက်မက်အားထည့်ပြီး ဖိလုပ်မှာ လုပ်ငန်းကပိုပြီးတိုးတက်နိုင်မှာဖြစ်ပါတယ်

အားလုံးကို ​ကျေးဇူးတင်ပါတယ်
Myint Maung Maung Tun
808006
Knowledge is Power Myanmar

May 21, 2026, 09:57

နိုင်ငံတကာကုန်သွယ်​ရေး International tradeမှာ အသုံးပြုတဲ့ payment method​များ ( Part - 3)

Letter of credit ဆိုတာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကုန်သွယ်​ရေးလုပ်တဲ့အခါ ​ငွေ​​ပေး​ချေတဲ့ စနစ်တစ်မျိုးဖြစ်ပါတယ် supplier ​​/exporter ရောင်းသူနဲ့ Buyer/importer ဝယ်သူတို့ကြား ယုံကြည်မှုမရှိပဲနည်း​နေတဲ့အချိန်​ရောင်းသူကလည်း ပစ္စည်းပို့​ပြီး ​ငွေမရမှာကို ပူသလို ဝယ်သူကလည်း ​ငွေ​​ပေးချေပြီး ပစ္စည်းမရမှာကို ပူပါတယ် ဒါ​ကြောင့် ၂​ယောက်လုံး ဒီrisk​တွေကို နည်းသွား​အောင် Letter of Credit L/C ကို အသုံးပြုကြခြင်းဖြစ်ပါတယ်။ဘယ်လိုသုံးလဲဆို​တော့

1- စာချုပ်ချုပ်ခြင်း sales contract
ဝယ်သူနဲ့ ရောင်းသူက Payment Method ကို L/C နဲ့ သုံးမယ်လို့ သဘောတူပြီး Sales Contract ချုပ်ပါတယ်။

2 - L/C လျှောက်ထားခြင်း
ဝယ်သူက မိမိရဲ့ဘဏ် Issuing Bank မှာ L/C ဖွင့်ပေးဖို့ လျှောက်ထားပါတယ်။

3 - L/C ထုတ်ပေးခြင်း
ဝယ်သူ့ဘဏ်က L/C ကို ထုတ်ပေးပြီး ရောင်းသူ့နိုင်ငံက ဘဏ် Advising Bank ဆီကို ပို့ပေးပါတယ်။

4- အကြောင်းကြားခြင်း
ရောင်းသူ့ဘဏ်က ရောင်းသူဆီကို L/C ရောက်ပြီဖြစ်ကြောင်းနဲ့ အချက်အလက်တွေ စစ်ဆေးဖို့ အကြောင်းကြားပါတယ်။

5- ကုန်စည်တင်ပို့ခြင်း
ရောင်းသူက L/C ပါ အချက်အလက်တွေ ဥပမာ - ကုန်ပစ္စည်းအမျိုးအမည်၊ နောက်ဆုံးတင်ပို့ရမယ့်ရက်နဲ့ ကိုက်ညီအောင် ပစ္စည်းတင်ပို့ပါတယ်။

6 - စာရွက်စာတမ်း တင်ပြခြင်း
ပစ္စည်းတင်ပို့ပြီးတာနဲ့ ရောင်းသူက သင်္ဘောတင်အထောက်အထား Bill of Lading နဲ့ တခြားလိုအပ်တဲ့ စာရွက်စာတမ်းတွေကို သူ့ဘဏ်ဆီ တင်ပြပါတယ်။

7- ငွေတောင်းခံခြင်း
ရောင်းသူ့ဘဏ်က စာရွက်စာတမ်းတွေကို ဝယ်သူ့ဘဏ်ဆီ ပို့ပြီး ငွေတောင်းပါတယ်။

8- စစ်ဆေးခြင်းနှင့် ဝယ်သူကို အ​ကြောင်းကြားခြင်း
ဝယ်သူ့ဘဏ်က စာရွက်စာတမ်းတွေဟာ L/C ပါ အချက်အလက်တွေနဲ့ တထေရာတည်း တူမတူ စစ်ဆေးပါတယ်။ မှန်ကန်ရင် ဝယ်သူ့ဘဏ်က ရောင်းသူ့ဘဏ်ဆီ ငွေလွှဲပေးပါတယ် ဒီ​နေရာမှာ သတိထားရမှာက တကယ်လို့ Bill of Lading က Claused B/L ဖြစ်သွားမယ် ဥပမာ ပို့လိုက်တဲ့ ပစ္စည်း​တွေက Slightly damaged သို့မဟုတ် Shortage စတဲ့ ကုန်ပစ္စည်းချို့ယွင်းချက် ပြတဲ့စာသားမျိုး B/L မှာ ပါလာရင် ဘဏ်က ​​ငွေ​မ​ပေးဖို့များပါတယ် ဒါ​ကြောင့် ပစ္စည်း​တွေသင်္ဘောတင်တဲ့အခါ ​သေချာဂရုစိုက်ပြီး clean B/L ဖြစ်​အောင် သတိထားလုပ်​ဆောင်ရမှာဖြစ်ပါတယ်ပြီးရင်ဝယ်သူ့ဘဏ်က ဝယ်သူစီကို အ​ကြောင်းကြာပါမယ် document​တွေရထားပါတယ်ဆိုပြီး

9 - စာရွက်စာတမ်း လွှဲပြောင်းခြင်း
ဝယ်သူက ဘဏ်ကို ငွေပြန်ချေပြီးတဲ့အခါ ဘဏ်က ပစ္စည်းထုတ်ယူခွင့် စာရွက်စာတမ်းတွေကို ဝယ်သူ့လက်ထဲ အပ်ပါတယ် ။

10 - ငွေချေခြင်း
ဝယ်သူက ဘဏ်က ရောင်းသူ့ဘဏ် ကို ​ငွေ​ပေး​ချေပါမယ်

11 - ​ရောင်းသူကို ​ငွေ​ပေးခြင်း
ရောင်းသူ့ဘဏ်က ​ရောင်းသူကို ​ငွေပြန်​ပေးပါမယ်။

importer နဲ့ exporterကြား ​ bank ၂ခုကကြားခံ​ပေးပြီး ပစ္စည်းတင်​ပေးရင် ​ငွေကြိမ်း​သေရမည်ပုံစံဖြစ်ကာ importer နဲ့exporterတို့ရဲ့ risk​တွေကို ​လျော့ချ​ပေးမှာဖြစ်ပါတယ်။

Part- 4တွင်ဆက်ပြီး​ရေးပါမယ်

အားလုံးကို ​ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun

Part- 1 ဖတ်ရန်
https://www.facebook.com/share/p/1LBXGenwTy/

Part-2
https://www.facebook.com/share/p/18Zj2iAzJ9/
9580013

Showing 30 of 70 posts

Rating

Login required

Frequently Asked Questions

What is the Knowledge is Power Myanmar Telegram channel about?+

Knowledge is Power Myanmar (@knowledgeispowermyanmar) is a Telegram channel in the Business News category. Business Management knowledge sharing

How do I join Knowledge is Power Myanmar (@knowledgeispowermyanmar) on Telegram?+

Open the channel profile on tgdio, then use the Join / Open in Telegram button to go to @knowledgeispowermyanmar in the Telegram app or web client and subscribe for free.

Is Knowledge is Power Myanmar a good Business News channel to follow?+

On tgdio you can check Knowledge is Power Myanmar's rating, user reviews, ranking, and latest posts before joining. It currently lists about 12,642 subscribers on tgdio. Compare it with similar Business News channels in the same category.

Where can I see Knowledge is Power Myanmar stats and latest posts?+

On tgdio, open the @knowledgeispowermyanmar channel page for subscriber stats, ranking, ratings, and recent posts. Use the Stats link on the profile for deeper growth and activity charts.