Toyota Production System (TPS) ကနေ စတင်ခဲ့တဲ့ ဒီသီအိုရီဟာ အခုဆိုရင် ကမ္ဘာတစ်ဝှမ်းက စက်ရုံတွေတင်မကဘဲ Service ပေးတဲ့ လုပ်ငန်းတွေမှာပါ အောင်မြင်စွာ အသုံးချနေကြပြီဖြစ်ပါတယ်။
၁။ Overproduction
ဒါကို အဆိုးရွားဆုံးသော အလေအလွင့်လို့ သတ်မှတ်ကြပါတယ်။ အကြောင်းရင်းကတော့ ကျန်တဲ့ အလေအလွင့်တွေကိုပါ ဆက်တိုက်ဖြစ်ပေါ်စေလို့ပါ။
ဒီwasteက ဘာကြောင့်ဖြစ်တာလဲဆိုတော့ ဝယ်လိုအား Demand ထက်ပိုပြီး ကြိုတင်ထုတ်လုပ်ခြင်း၊ စက်ပစ္စည်းတွေကို အနားမပေးချင်လို့ အတင်းလည်ပတ်ခြင်းတို့ကြောင့် ဖြစ်ပါတယ် ဒါကြောင့် မရောင်းရသေးတဲ့ ပစ္စည်းတွေအတွက် ရင်းနှီးမြှုပ်နှံမှု ငွေကြေးတွေ Cash Flow ငွေမြုပ်နေပြီး Warehouse နေရာအခက်အခဲ ဖြစ်လာကြပါတယ်။
၂။ Over Inventory
ပစ္စည်းတွေကို လိုအပ်တာထက် ပိုသိုလှောင်ထားခြင်းဟာ ငွေတွေကို အိပ်နေစေနိုင်ပါတယ် ပစ္စည်းတွေ ကြာရှည်ထားလို့ သက်တမ်းကုန်တာ၊ ဟောင်းနွမ်းတာ၊ ပျက်စီးတာတွေ ဖြစ်နိုင်ပြီး Warehouse ငှားရမ်းခ၊ မီးခ၊ စောင့်ရှောက်ခ (Holding Cost) တွေ တက်လာပါတယ်။
၃။ Waiting
အလုပ်သမားက စက်ကို စောင့်နေရတာ ဒါမှမဟုတ် စက်က ကုန်ကြမ်းလာမှာကို စောင့်နေရတာမျိုးပါ။
Process တစ်ခုနဲ့ တစ်ခု အချိတ်အဆက်မမိခြင်း၊ စက်ပစ္စည်းများ ခဏခဏ ချို့ယွင်းခြင်း၊အထက်လူကြီးဆီက ဆုံးဖြတ်ချက် (Approval) စောင့်နေရခြင်းတို့ ပါဝင်ပြီး ဆိုးကျိုးအနေနဲ့ အချိန်ကုန်တယ်၊ လုပ်အားခ (Labor Cost) တွေ အလကား ကုန်ဆုံးစေပါတယ်။
၄။ Motion
ဒါဟာ အလုပ်သမားတွေရဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုကို ဆိုလိုတာဖြစ်ပါတယ် ဥပမာ အလုပ်လုပ်တဲ့ခုံနဲ့ ကိရိယာတွေ ဝေးနေလို့ ခဏခဏ ထသွားနေရတာ၊ ပစ္စည်းကို ကုန်းကောက်နေရတာ၊ ရှာဖွေနေရတာမျိုးတွေပါ။အလုပ်သမားကို ပင်ပန်းစေပြီး အလုပ်တွင်ကျယ်မှုကို လျော့ကျစေပါတယ်။
၅။ Transportation
ပစ္စည်းတွေကို တစ်နေရာကနေ တစ်နေရာ မလိုအပ်ဘဲ ရွှေ့ပြောင်းနေရခြင်းဟာ valueမဖြစ်ပဲ ကုန်ကျစရိတ်ပဲ တက်လာတာဖြစ်ပါတယ် သယ်ယူရင်းနဲ့ ပစ္စည်းတွေ ပဲ့တာ၊ ကွဲတာ၊ ပျောက်တာ ဖြစ်နိုင်သလို သယ်ယူတဲ့ စက်ပစ္စည်း Forklift ဖိုး၊ ဆီဖိုးတွေ ကုန်ကျပါတယ်။
၆။ Rework / Defects
ပထမတစ်ခါတည်းနဲ့ အကောင်းမထွက်ဘဲ ပြန်ပြင်ရတာ ဒါမှမဟုတ် လွှင့်ပစ်ရတာမျိုးကြောင့် ပစ္စည်းဖိုးတင်မကဘဲ ပြန်ပြင်ရတဲ့ အလုပ်သမားခနဲ့ အချိန်ပါ နှစ်ခါကုန်ပါတယ်။
၇။ Over-processing
Customer မတောင်းဆိုဘဲ သို့မဟုတ် မလိုအပ်ဘဲ အရည်အသွေးကို လိုအပ်တာထက် processတွေများပြီး ပိုလုပ်နေတာမျိုးဖြစ်ပါတယ် မမြင်ရတဲ့နေရာကို အရောင်တင်နေတာ၊ မလိုအပ်တဲ့ စာရွက်စာတမ်း နဲ့ processအဆင့်ဆင့်တွေ များနေတာမျိုးကြောင့် အချိန်နဲ့ လူအင်အားကို အကျိုးမရှိဘဲ အလဟဿ ဖြစ်စေပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun








