Your Science Tutor Telegram channel photo

Your Science Tutor

@yoursciencetutorPublic Channel

Your Science Tutor shares Life Lessons updates and media on Telegram. Join to stay updated.

391 (391 subscribers)
Members
—
Rating
10
Total Posts
Sep 21, 2026, 9:06 AM
Updated
May 27, 2026
Created
Stats

You are viewing English content. To see content in other languages, change the language of the site.

Channel Information

Channel Information
Channel NameYour Science Tutor
Username@yoursciencetutor
CategoryLife Lessons
LanguageEnglish
CountryUnited States
Members391
Channel TypePublic Channel
CreatedMay 27, 2026
Last UpdatedSep 21, 2026 • 5 days ago
StatusActive

Ranking

Global Ranking
#34841-25
Language Ranking
#7511-4
Category Ranking
#195No change

Participant Growth (Last 7 Days)

Total: 391
24h growth: -6 2%
05/2707/1207/1208/2409/0209/1209/21

Latest Posts

Your Science Tutor

Aug 30, 2026, 14:53

Photo
Human Body Systems 🤩

🤩 Integumentary system
🔺 Skeletal system
💪 Muscular system
🧠 Nervous system
🪦 Endocrine system
🫀 Circulatory system
      (Cardiovascular system)
🫁 Respiratory system
❤️ Lymphatic system
      (Immune system)
🔺 Digestive system
🔺 Excretory system
      (Urinary system)
🔞 Reproductive system

🤩 🐱

Join for more science contents
🤍
2,7700013
Your Science Tutor

Aug 30, 2026, 14:53

Human Body Systems 🤩

လူ့ခန္ဓာကိုယ်မှာ အဓိကလည်ပတ်နေတဲ့ System (၁၁) မျိုးရှိပါတယ်

Atom » Molecule » Organelle » Cell » Tissue » Organ » Organ System စတဲ့ order အတိုင်း Organ အစိတ်အပိုင်းတွေ organized လုပ်ပြီး လည်ပတ်နေတဲ့ system တွေဖြစ်ကြပါတယ်

🤩 Integumentary system 🤩

• အရေပြားအဖွဲ့အစည်းက လူ့ခန္ဓာကိုယ်တခုလုံးမှာ အကြီးဆုံး system ဖြစ်ပြီးတော့ Body တခုလုံးကို ရောဂါပိုးမွှားတွေမဝင်အောင် အပြင်ဘက်အလွှာအနေနဲ့ ကာကွယ်ပေးပါတယ်

• အရေခွံ (skin)၊ ဆံပင်၊ အမွှေးအမျှင် (hairs)၊ လက်သည်း၊ ခြေသည်း (nails) စတဲ့ အစိတ်အပိုင်းတွေပါဝင်ပါတယ်

🤩 Skeletal system 🔺

• အရိုးအဖွဲ့အစည်းက ခန္ဓာကိုယ်ကို ပုံစံတကျဖြစ်အောင်လုပ်ပေးပြီး ကိုယ်တွင်းအင်္ဂါတွေကို ကာကွယ်ပေးသလို Body တခုလုံးကြံ့ခိုင်ဖို့အတွက်လဲအဓိကကူညီပေးပါတယ် ရိုးတွင်းချဥ်ဆီကနေ သွေး Cell တွေကိုလဲထုတ်ပေးပါတယ်

• အရိုး (Bones)၊ အရိုးနု (Cartilage)၊ အရိုးအဆစ် (Ligament) စတဲ့ အစိတ်အပိုင်းတွေပါဝင်ပါတယ်

🤩 Muscular system 💪

• ကြွက်သားအဖွဲ့အစည်းကတော့ ခန္ဓာကိုယ်တခုလုံးမှာ အရိုးအဖွဲ့အစည်းနဲ့ အတူတွဲလုပ်ဆောင်ပါတယ် ခြေသလုံးကြွက်သားကစလို့ နှလုံးကြွက်သားအပါအဝင် အစာလမ်းကြောင်းကြွက်သားတွေအထိဖြစ်ပါတယ်

• ကြွက်သားအဖွဲ့အစည်းမှာ Skeletal muscle, Smooth muscle, Cardiac muscle စတဲ့ အဓိက ကြွက်သား ၃မျိုး ပါဝင်ပါတယ်

🤩 Nervous system 🧠

• အာရုံကြောအဖွဲ့အစည်းကတော့ ခန္ဓာကိုယ်တခုလုံးကို ထိန်းချုပ်ထားတာဖြစ်ပါတယ် Body တခုလုံးရဲ့ အစိတ်အပိုင်းအားလုံးကို အမိန့်ပေးစေခိုင်းလို့ရတဲ့ central system ဖြစ်ပါတယ်

• ဦးနှောက် (Brain)၊ အာရုံကြောမကြီး (Spinal Cord)၊ အာရုံကြောမျှင်များ (Nerves) စတဲ့အစိတ်အပိုင်းတွေပါဝင်ပါတယ်

🤩 Endocrine system 🪦

• ဟောမုန်းအဖွဲ့အစည်းက လူ့ခန္ဓာကိုယ်မှာ chemical message ဖြစ်တဲ့ hormones တွေကိုထုတ်ပေးပါတယ် စိတ်ခံစားမှုတွေ၊ Metabolism ဖြစ်စဥ်တွေနဲ့ပတ်သက်ဆက်နွယ်ပါမယ်

• သိုင်းရွိုက် (Thyroid Gland)၊ ပန်ကရိယ (Pancreas) စတဲ့အစိတ်အပိုင်းတွေ ပါဝင်ပါတယ်

🤩 Circulatory system 🫀
      (Cardiovascular system)

• သွေးလှည့်ပတ်အဖွဲ့အစည်းကတော့ ခန္ဓာကိုယ်မှာလိုအပ်နေတဲ့ Oxygen နဲ့ Nutrients တွေကို ပို့ဆောင်ပေးဖို့နဲ့ Carbon dioxide နဲ့ Wastes တွေကို ပြန်သယ်ယူပေးဖို့ အဓိကလုပ်ဆောင်ပါတယ်

• နှလုံး (Heart)၊ သွေးကြော (Vessels)၊ သွေး (Blood) စတဲ့ အစိတ်အပိုင်းတွေ ပါဝင်ပါတယ်

🤩 Respiratory system 🫁

• အသက်ရှုလမ်းကြောင်းအဖွဲ့အစည်းကတော့ သွေးလှည့်ပတ်အဖွဲ့အစည်းနဲ့ လေထဲက Oxygen ကိုသွေးထဲရောက်စေပြီး သွေးထဲက Carbon Dioxide ကိုလေထဲပြန်ရောက်အောင် အတူတွဲလုပ်ဆောင်ပါမယ်

• နှာခေါင်း (Nose)၊ အဆုတ် (Lungs) စတဲ့အသက်ရှုလမ်းကြောင်း အစိတ်အပိုင်းတွေပါဝင်ပါမယ်

🤩 Lymphatic system ❤️
      (Immune system)

• ပြန်ရည်ကြောအဖွဲ့အစည်း (ကိုယ်ခံအားအဖွဲ့အစည်း) ကတော့ ခန္ဓာကိုယ်ထဲဝင်လာမယ့် ရောဂါတွေကို တိုက်ထုတ်ပေးမယ့် စစ်တပ်ဖြစ်ပါတယ်

• Lymph nodes တွေ၊ သွေးဖြူဥတွေ စတဲ့ အစိတ်အပိုင်းတွေ ပါဝင်ပါမယ်

🤩 Digestive system 🔺

• အစာချေအဖွဲ့အစည်းကတော့ စားသုံးလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်မှာ လိုအပ်တဲ့ Nutrients တွေအဖြစ်အသုံးပြုလို့ရအောင် ချေဖျက်ပေးပါမယ်

• ပါးစပ် (mouth) ကစလို့ စအို (Anus) အထိ အသည်း (liver) နဲ့ အူအစိတ်အပိုင်းအားလုံး ပါဝင်ပါမယ်

🤩 Excretory system 🔺
      (Urinary system)

• အညစ်အကြေးစွန့်အဖွဲ့အစည်းက သွေးထဲက အညစ်အကြေးတွေကို ဆီးအဖြစ်ပြောင်းလဲပြီး ပြန်စွန့်ထုတ်ဖို့ အဓိကလုပ်ဆောင်ပါတယ် ရေဓာတ်နဲ့ ဆားဓာတ်မျှတဖို့လဲ ထိန်းညှိပေးပါတယ်

• ကျောက်ကပ် (kidneys)၊ ဆီးအိမ် (bladder) နဲ့ ဆီး (urine) စတဲ့ အစိတ်အပိုင်းတွေ ပါဝင်ပါတယ်

🤩 Reproductive system 🔞

• မျိုးပွားအဖွဲ့အစည်းကတော့ ကျား၊မ မျိုးပွားအင်္ဂါတွေကနေတဆင့် မျိုးစေ့ Cell တွေဖြစ်ကြတဲ့ သုတ်ပိုး (Sperm) နဲ့ မျိုးဥ (Ova) တို့ကိုထုတ်ပေးပြီး မျိုးဆက်ပြန့်ပွားဖို့ အဓိကဆောင်ရွက်ပါတယ်

• သားအိမ် (uterus)၊ ဆီးကြိတ် (prostate)၊ လိင်တံ (penis) စတဲ့အစိတ်အပိုင်းတွေပါဝင်ပါတယ်

Footnotes

တချို့ကတော့ Lymphatic system နဲ့ Immune system ၂ခုကို ခွဲပြီး System (၁၂) မျိုးလို့လဲ ပြောကြပါတယ် 🐱

System အားလုံးထဲက တခုချို့ယွင်းတာနဲ့ တခြား system တွေအပေါ်မှာ သက်ရောက်မှုရှိတာဖြစ်လို့ system အားလုံး ကောင်းမွန်နေမှ Body တခုလုံး ရပ်တည်နိုင်မှာဖြစ်ပါတယ်

Join for more science contents
🧪
9650014
Your Science Tutor

Aug 30, 2026, 14:53

Photo
Chromosome, DNA and Gene

• Cell - Book
• Chromosome - Chapters
• DNA - Language/ Letters
• Gene - Sentence

🤩 💗

Join for more science contents
🤤
1,370007
Your Science Tutor

Aug 30, 2026, 14:53

Photo
Free Online Lecture for GED Science

ကျွန်တော့်တို့ Your Science Tutor channel လေးဖွင့်တဲ့ အထိန်းအမှတ်အနေနဲ့ GED Science ဘာသာရပ်ရဲ့ Life Science အပိုင်းကို ပညာဒါနသင်တန်းလေးလုပ်ပေးသွားမှာပါ 🐱

စိတ်ဝင်စားရင် Channel လေးကို Join ထားပြီး ကျွန်တော့် DM မှာ
• Name
• Phone number
• Reason why you want to join this class
စတဲ့ အချက်လေးတွေ ပို့ပေးထားပြီး စာရင်းသွင်းလို့ရပါပြီ 🐱

DM - https://t.me/yoursciencetutor1 😅

သင်ကြားပေးမယ့် Mentor ကိုယ်တိုင်က Health Science ပညာရပ်နဲ့ Biochemistry ဘာသာရပ်ကို အထူးပြုလေ့လာနေသူ University student တယောက်ဖြစ်တာကြောင့် နားမလည်မှာ စိတ်ပူစရာမလိုဘူးနော် 🥰

🤩 🤍

🌷 အတန်းစမယ့်ရက်နဲ့ သင်ကြားပေးမယ့် Platform ကတော့ ဒီအတောအတွင်းမှာ ပြန်ကြေညာပေးသွားပါမယ် 🌷

Join for more science contents
🔬
2,7100013
Your Science Tutor

Aug 30, 2026, 14:53

Video
Central dogma of Molecular Biology

“ DNA to RNA to Protein ”

Step 1 : Transcription
• DNA to RNA

Step 2 : Translation
• RNA to Amino acid
• Amino acid to Protein

Join for more science contents
🐱
934009
Your Science Tutor

Aug 30, 2026, 14:53

Chromosome, DNA and Gene
Genetics နဲ့သက်ဆိုင်တဲ့ Topics တွေကို လေ့လာတဲ့အခါ ရောထွေးတတ်ကြတဲ့ အကြောင်းအရာလေးတွေဖြစ်ပါတယ် အခု Content လေးကို ဖတ်ပြီးသွားရင်တော့ သေချာသဘောပေါက်သွားမယ် မျှော်လင့်ပါတယ်

Chromosome
Chromosome ဆိုတာက Cell ရဲ့ Nucleus အတွင်းထဲမှာရှိတဲ့ organized package ကြီးတခုဖြစ်ပါတယ် ဘာဖြစ်လို့ package လို့ပြောရသလဲဆိုရင် DNA လို့ခေါ်တဲ့ macromolecules ကြီးကို ထုပ်ပိုးထားလို့ဖြစ်ပါတယ်

DNA
DNA ဆိုတာကတော့ သက်ရှိတွေရဲ့ မျိုးရိုးအချက်အလက် information တွေကို သိမ်းဆည်းထားတဲ့ macromolecules ကြီးဖြစ်ပါတယ် Genetic material ဖြစ်ပြီးတော့ သက်ရှိတွေရဲ့ ဘဝအတွက် အလွန်အရေးပါပါတယ်

Gene
Gene ဆိုတာ DNA ရဲ့အစိတ်အပိုင်းတဖြတ်ကိုပြောတာဖြစ်ပါတယ် Segment of DNA လို့ အဓိပ္ပာယ်ဖွင့်လို့ရပါတယ်

Example (1) Cell is a Book.
• အကယ်၍ Cell တခုက စာအုပ်တအုပ်ဖြစ်ခဲ့မယ်ဆိုရင် Cell ရဲ့ Nucleus က Contents မာတိကာ ဆိုပါစို့၊ အထဲက Chromosome က Chapters အခန်းတွေဖြစ်မယ်၊ ဒါဆို Chapter တွေကို ရေးထားတဲ့ Language တွေ Letters တွေက DNA ပေါ့၊ အဲ့တာဆို DNA segment ဖြစ်တဲ့ Gene က sentence တကြောင်း၊ တဖြတ် ဖြစ်သွားမှာပေါ့

Example (2) Cell is a student's backpack.
• အကယ်၍ Cell တခုက ကျောပိုးအိတ်၊ လွယ်အိတ်တလုံးဖြစ်ခဲ့မယ်ဆိုရင် Nucleus က လွယ်အိတ်ထဲက ဘောပင်အိတ်လေးဆိုရင် Chromosome က ဘောပင်ပေါ့၊ ဒါဆို ဘောပင်မှင်ချောင်းလေးက DNA ဖြစ်မယ်၊ မှင်ချောင်း မှင်စက် segment လေးတွေက Gene ဖြစ်သွားမှာပေါ့

Conclusion

ဒီလောက်ဆိုရင်တော့ Chromosome, DNA, Gene ၃ခုကို သေချာကွဲကွဲပြားပြားသိပြီး Genetics Topics တွေကို ကောင်းကောင်းလေ့လာလို့ ရသွားပြီပေါ့

For contact https://t.me/yoursciencetutor1 👍
1,350009
Your Science Tutor

Aug 30, 2026, 14:53

How Science is done?
သိပ္ပံဘာသာရပ်တွေကို မလေ့လာခင် အရင်သိထားသင့်တဲ့ အကြောင်းအရာဖြစ်ပါတယ်

Observation & Question
ဖြစ်ရပ်တခုကို သိချင်စိတ်နဲ့ လေ့လာတဲ့အခါ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ ဘာလို့လဲ စတဲ့ မေးခွန်းတွေ အရင်ဆုံးဖြစ်ပေါ်လာပါမယ်

Hypothesis
ဒီမေးခွန်းတွေကို ဖြေရှင်းဖို့ အဖြေမထုတ်ခင် ယူဆချက်ပေါင်းများစွာရှိလာနိုင်ပါတယ်

Experiment
ဖြစ်ပေါ်လာတဲ့ ယူဆချက်အားလုံးက မေးခွန်းရဲ့ အဖြေမှန်မဟုတ်ပါဘူး ဒီတော့ ဘယ်ယူဆချက်က အမှန်ဖြစ်မလဲ ဆိုတာကို သိဖို့ စမ်းသပ်ရမယ် စစ်ဆေးရမယ် သက်သေပြရမယ်

Predictions
ယူဆချက်တွေအားလုံးကို အဆင့်ဆင့်စမ်းသပ် စစ်ဆေးပြီးသွားတဲ့အခါ ဘာကြောင့် ဒီဖြစ်ရပ် ဖြစ်လာရသလဲဆိုတဲ့ မေးခွန်းအတွက် အတိကျဆုံး ယူဆချက် နဲ့ပတ်သက်ပြီး ခန့်မှန်းချက်တွေ ထွက်လာပါတယ်

Answer
နောက်ဆုံးမှာတော့ အတိကျဆုံး အမှန်ဆုံးဆိုတဲ့ ယူဆချက်ကို ထပ်ခါတလဲလဲ စမ်းသပ် စစ်ဆေးလိုက်တဲ့အခါမှ ကိုယ်လိုချင်တဲ့အဖြေကိုရလာပါမယ်

Conclusion

“ Observation ရှိရင် Question ထုတ်ရမယ်
Question ရှိရင် Answer ထုတ်ရမယ်
Answer ထုတ်ဖို့ Hypothesis တွေထွက်မယ်
Hypothesis တွေကို Experiment လုပ်မယ်
Experiment ကတဆင့် Predictions ထွက်မယ်
နောက်ဆုံးမှာ ကိုယ်လိုချင်တဲ့ Answer ရမယ် ”

Since; the Science is done.
For Contact https://t.me/yoursciencetutor1 ⌨️
9300014
Your Science Tutor

Aug 30, 2026, 14:53

Photo
How Science is done? 🧪

“ Observation ရှိရင် Question ထုတ်ရမယ်
Question ရှိရင် Answer ထုတ်ရမယ်
Answer ထုတ်ဖို့ Hypothesis တွေထွက်မယ်
Hypothesis တွေကို Experiment လုပ်မယ်
Experiment ကတဆင့် Predictions ထွက်မယ်
နောက်ဆုံးမှာ ကိုယ်လိုချင်တဲ့ Answer ရမယ် ”

🤩 🤍

For Contact https://t.me/yoursciencetutor1 🤍
2,550007
Your Science Tutor

Aug 30, 2026, 14:53

Photo
🎀 Your Science Tutor 🎀

Founder's Profile

Name - Thaw Zin Bhone Htut
(Tr. John)

Education - University student

Fields - B.S (Health Science)
B.Sc (Biochemistry)

• Currently studying dual Bachelor
degrees & Teacher education
• Passionate in Teaching

Experience - Teaching Science
Subjects Over 1 year
• Grade (12) Biology
• Grade (12) Chemistry
• GED Science

For Contact https://t.me/yoursciencetutor1 ⌨️
2,2600015

Showing 10 of 10 posts

Rating

Login required

Frequently Asked Questions

What is the Your Science Tutor Telegram channel about?+

Your Science Tutor (@yoursciencetutor) is a Telegram channel in the Life Lessons category. Your Science Tutor shares Life Lessons content on Telegram.

How do I join Your Science Tutor (@yoursciencetutor) on Telegram?+

Open the channel profile on tgdio, then use the Join / Open in Telegram button to go to @yoursciencetutor in the Telegram app or web client and subscribe for free.

Is Your Science Tutor a good Life Lessons channel to follow?+

On tgdio you can check Your Science Tutor's rating, user reviews, ranking, and latest posts before joining. It currently lists about 391 subscribers on tgdio. Compare it with similar Life Lessons channels in the same category.

Where can I see Your Science Tutor stats and latest posts?+

On tgdio, open the @yoursciencetutor channel page for subscriber stats, ranking, ratings, and recent posts. Use the Stats link on the profile for deeper growth and activity charts.