Premium for Burma Telegram channel photo

Premium for Burma

@proburmaPublic Channel

Since 2022 ✅ For Every Learner in Burma

2.5k (2,517 subscribers)
Members
—
Rating
24
Total Posts
Sep 18, 2026, 3:19 PM
Updated
Apr 11, 2026
Created
Stats

You are viewing English content. To see content in other languages, change the language of the site.

Channel Information

Channel Information
Channel NamePremium for Burma
Username@proburma
CategoryLanguage Learning
LanguageEnglish
CountryUnited States
Members2,517
Channel TypePublic Channel
CreatedApr 11, 2026
Last UpdatedSep 18, 2026 • 8 days ago
StatusActive

Ranking

Global Ranking
#44789-45
Language Ranking
#9560-2
Category Ranking
#186No change

Participant Growth (Last 11 Days)

Total: 2.5K
24h growth: +66 3%
04/1104/1305/0105/1805/1807/0308/1008/2108/3009/0909/18

Top 10 posts

Most viewed posts from this channel

By views
  1. #1Important announcement 📣‼️3.6K
  2. #2Post #683.0K
  3. #3Premium for Burma ပေ့လေးရပ်နားလိုက်ပါပြီ။ အားပေးခဲ့တဲ့ customer တိုင်းကိုကျေးဇူးတင်ရှိပါတယ်။3.0K
  4. #4Learning လုပ်တာကြိုက်လား 📚✨2.8K
  5. #5Page ကလေးပြန်စထားပါတယ်နော် 🌟🙌🏻2.1K
  6. #6AI တွေရဲ့ ရွှေခေတ်မှာ ရွှေတူးမယ့် "AI Engineer" တစ်ယောက် ဖြစ်ဖို့ ဘယ်က စရမလဲ ❓1.8K
  7. #7Google AI Pro1.7K
  8. #8Post #741.2K
  9. #9Coursera ဆိုရင် Google, IBM, Meta တို့ရဲ့ Professional Certificates တွေလောက်ပဲ လူသိများပေမယ့် underr904
  10. #10http://datacamp.com/ မှာ တကယ့်အသုံးဝင်မယ့် Course ၁၀ခု👇🏻865

Latest Posts

Premium for Burma

Sep 06, 2026, 22:34

📊 SQL လေ့လာရမယ့် သင်တန်းများ
(တစ်ဆင့်ချင်း လေ့လာဖို့ လမ်းညွှန်)

Data နယ်ပယ်ကို ဝင်ချင်တယ်ဆိုရင် နေရာတိုင်းလိုလိုမှာ ပထမဆုံး တောင်းဆိုတဲ့ Skill က "SQL" ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်ကနေ စတင်ရမလဲ၊ ဘယ်လို အဆင့်လိုက် လေ့လာရမလဲဆိုတာ မသိဘဲ လမ်းပျောက်နေရင် ဒီစာက သင့်အတွက်ပါ။

ဒီနေ့တော့ SQL ဆိုတာ ဘာလဲ၊ ဘာကြောင့် လေ့လာသင့်တာလဲ ဆိုတာနဲ့ အိမ်မှာနေရင်း Self-study နဲ့လေ့လာလို့ရမယ့် သင်တန်းကောင်းတွေကနေ တစ်ဆင့်ချင်း (Step-by-step) လေ့လာရမယ့် လမ်းကြောင်းကို ချပြပေးလိုက်ပါတယ်။

Read more details : https://www.facebook.com/share/p/1a8DAzcxk4/?mibextid=wwXIfr

🟢 Step 1: The Basics

https://www.datacamp.com/courses/introduction-to-sql

https://www.coursera.org/learn/sql-for-data-science

🟡 Step 2: Intermediate - Joins & Aggregation
https://www.datacamp.com/courses/joining-data-in-sql
https://www.datacamp.com/courses/intermediate-sql

https://www.coursera.org/specializations/excel-mysql

🔴 Step 3: Advanced Level

https://www.datacamp.com/courses/postgresql-summary-stats-and-window-functions

https://www.coursera.org/specializations/postgresql-for-everybody

💡အရေးကြီးတဲ့အချက် - “Practice” လုပ်ပါ။
Portfolio မှာ ထည့်သွင်းပြသနိုင်ဖို့ DataCamp မှာ Project တွေကို စမ်းလုပ်ကြည့်ပါ။

1️⃣ Analyzing NYC Public School Test Result Scores
2️⃣ Analyzing International Debt Statistics
3️⃣ Investigating a Drop in User Engagement

ဒီ သင်တန်းနဲ့ Project တွေ တက်ရောက်ဖို့ Coursera Premium နဲ့ Data Camp တွေကို သက်သက်သာသာနဲ့ Premium for Burma မှာ ရနိုင်ပါပြီ။

📌Coursera 1 Year = 95000 ks
(ပုံမှန် $399)
📌Data camp + data Lab 1 year = 90000 ks
(ပုံမှန် $336)

💌ဝယ်ယူရန် Page or https://t.me/p4b_david မှာ “SQL” လို့လာပြောလိုက်ပါ။
652007
Premium for Burma

Sep 06, 2026, 22:34

🎓🙌Stanford University ရဲ့ နာမည်ကြီး Course တချို့ကို အမေရိကန်သွားစရာမလိုဘဲ အိမ်ကနေလှမ်းပြီး Coursera ကနေတစ်ဆင့် လေ့လာနိုင်နေပါပြီ။ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီးက ချီးမြှင့်တဲ့ Certificate တွေဟာ သင့်ရဲ့ Resume ကို Recruiter တွေရှေ့မှာ သိသိသာသာ ထင်ပေါ်လာစေမှာ အသေအချာပါပဲ။

Stanford University နဲ့ Stanford http://DeepLearning.AI/ တို့ကနေ သင်ကြားပေးနေတဲ့ Coursera ပေါ်က Course တွေကို စုစည်းပေးလိုက်ပါတယ်။

Read More Here : https://m.facebook.com/story.php?story_fbid=pfbid0QZGeh4Wk5TGmmb6GJ7vwkU8qzNQfBcgB4wQHUMKoVK9nPbpZKHxFoJtN1WvBHEKUl&id=61554898131234

တက်ရောက်ရန် -
📌Coursera Premium (1 Year 95000 ks) လာဝယ်ပါ။
Google, Microsoft, Stanford, http://DeepLearning.AI/, Yale စတာတွေက program 10,000 ကျော်ကို လေ့လာလို့ရမယ့်၊ Certificate တွေ တရားဝင်ရယူနိုင်မယ်။ 👇

Coursera Premium အကြောင်း -
https://www.facebook.com/share/p/1ENYL29mPg/?mibextid=wwXIfr

✅ကိုယ်ပိုင် mail, ကိုယ့်အမည်နဲ့ Certificate တွေရနိုင်မယ်
✅Certificates from Google, IBM, Meta, Microsoft, Yale, University of Michigan and others
✅အတန်းပေါင်း ၁၀၀၀၀ ကျော်ပါတယ်
✅Existing အကောင့်ကိုထည့်ပေးပါတယ်

Page Mesaenger (or) p4b_david မှာ “Coursera” လို့ လာပြောလိုက်ပါ။
732001
Premium for Burma

Sep 06, 2026, 22:34

Important announcement 📣‼️

လက်ရှိမှာ Premium for Burma facebook page သည် admin account ကျသွားတာနဲ့အတူ ပါသွားတာမလို့ ပြန်ရမရတချက်စောင့်ကြည့်နေရတဲ့ အနေအထားမှာရှိနေပါတယ်

Page ပျက်သွားတာကြောင့် အကောင့်ဝယ်ထားသူများအနေဖြင့် Telegram မှာ လာရောက်ဆက်သွယ်ပေးပါခင်ဗျာ

Facebook မှ မည်သည့်အကြောင်းကြောင့်ဖျက်လိုက်သည်မှာလည်းမသိတော့ပါ။ အရင်တခါကလည်းအလားတူဖြစ်ဖူးပြီး ၂ရက်အကြာမှာ ပြန်ရတာမလို့ hope လေး 30% လောက်တော့ထားထားပါတယ်😔

အဆင်မပြေမှုများအတွက်အားနာရပါတယ်ခင်ဗျာ
3,640009
Premium for Burma

Sep 06, 2026, 22:34

Premium for Burma ပေ့လေးရပ်နားလိုက်ပါပြီ။ အားပေးခဲ့တဲ့ customer တိုင်းကိုကျေးဇူးတင်ရှိပါတယ်။

#premiumforburma
#announcement
2,9900039
Premium for Burma

Sep 06, 2026, 22:34

Page ကလေးပြန်စထားပါတယ်နော် 🌟🙌🏻
တင်ထားတာလေးပြန်ပျက်သွားလို့ ပြန်ကြေညာပေးတာပါ။
2,1200025
Premium for Burma

Sep 06, 2026, 22:34

Learning လုပ်တာကြိုက်လား 📚✨

ပြီးမြောက်သွားတဲ့ဖီလင်
Productive ဖြစ်တဲ့တစ်ခုခု
Growth ဖြစ်လာတဲ့ မှန်ထဲကလူသားလေးက …

သင်ပါလို့ ပြောပြချင်နေပြီ ဆိုရင်တော့
နေ့တိုင်းလိုလို တက်နေကျ Coursera လေးကို version မြှင့်ပေးဖို့လိုနေပြီနော် 🪄

Search box ကနေ တခုခုလေ့လာချင်လို့ ရှာလိုက်တိုင်း Financial aid ဆိုတာကြီးကို ကျော်ပြီး Enroll ခလုပ်ကိုတန်းနှိပ်နိုင်မယ့် အခွင့်အရေး 🎉

Paid course, professional certificate, Google, Meta, IBM, Microsoft, University of London, Pennsylvania, စတာတွေ အားလုံးရဲ့ 🥰

Full Certificate Access ကို Enjoy လုပ်
ပြီး Unlock ဖြစ်လာမယ့် Achievement တွေကို အပိုင်ယူရင်း 🎖️

Top of the world comprised with intellectual people မှာ တစ်ယောက်အပါအဝင်ဖြစ်လာမယ့်အချိန်တွေကို 🕤

Coursera premium နဲ့အတူရယူလိုက်ပါနော်

Coursera premium နဲ့ဆိုရင်

သက်တမ်း - ၁ နှစ် ✅
သုံးလက်စအကောင့်မှာရမယ် ✅
Password ပေးစရာမလို 🚫
Plus plan မှာပါတဲ့ paid course, professional certificate တိုင်း Unlock 👍🏻

မူရင်းစျေး - ၃၉၉ ဒေါ်လာ
ယခုစျေး - ၉ သောင်းခွဲသာ

သင့်ရဲ့ Coursera ကို Page cb (သို့) telegram : https://t.me/newton_friedom မှာဝယ်ယူပြီး အနာဂတ်အသစ်တစ်ခုကို သမိုင်းရေးထိုးဖို့ အဆင်သစ်ဖြစ်ပြီဆိုရင် Coursera premium ဝယ်မယ်လို့သာ လာပြောလိုက်ပါတော့ 👍🏻🥰
2,760004
Premium for Burma

Sep 06, 2026, 22:34

AI တွေရဲ့ ရွှေခေတ်မှာ ရွှေတူးမယ့် "AI Engineer" တစ်ယောက် ဖြစ်ဖို့ ဘယ်က စရမလဲ ❓

အခုခေတ်မှာ "AI က လူတွေရဲ့ အလုပ်ကို လုသွားမှာလား" လို့ စိုးရိမ်နေမယ့်အစား AI ကို နဖားကြိုးထိုး ခိုင်းစေနိုင်တဲ့သူ ဖြစ်ဖို့က ပိုအရေးကြီးပါတယ်။ အထူးသဖြင့် ၂၀၂၆ မှာ "Vibe Coding" နဲ့ "Agentic AI" တွေ ခေတ်စားလာတဲ့အတွက် Code ရေးတတ်ရုံတင် မဟုတ်ဘဲ System တစ်ခုလုံးကို AI နဲ့ ဘယ်လို ချိတ်ဆက်မလဲ ဆိုတာက အသက် ဖြစ်လာပါပြီ။

AI Engineer တစ်ယောက် ဖြစ်ဖို့အတွက် လမ်းမပျောက်ရလေအောင် အဆင့်လိုက် လေ့လာရမယ့် Roadmap ကို သေသေချာချာ စုစည်းပေးလိုက်ပါတယ် 👇🏻

ပထမဆုံးအနေနဲ့ Python ကို ကျွမ်းကျင်အောင်လေ့လာပါ။
AI လောကမှာ Python က ဘုရင်ပါပဲ။ Syntax က အင်္ဂလိပ်စာ ဖတ်ရသလို ရိုးရှင်းလို့ Beginner တွေအတွက် အကောင်းဆုံးပါ။ logic ပိုင်းနဲ့ problem-solving ကို အရင် ပိုင်နိုင်အောင် လုပ်ပါ။

University of Michigan ကသင်ပေးတဲ့ Python for Everybody အတန်းမှာအသေးစိတ်တက်ပြီးလေ့လာလို့ရပါတယ်။

ပြီးရင်တော့ Data ကို မဖြစ်မနေကိုင်တွယ်တတ်ပါစေ။
AI ဆိုတာ Data မရှိရင် အလုပ်မလုပ်ပါဘူး။ Data တွေကို ဆွဲထုတ်ဖို့၊ သန့်စင်ဖို့နဲ့ ပုံဖော်ဖို့အတွက် SQL, Pandas နဲ့ NumPy တို့ကို မဖြစ်မနေ တတ်ထားရပါမယ်။

IBM ကပေးတဲ့ Data Science Professional Certificate တက်သင့်ပါတယ်။

တတိယတခုကတော့ Machine Learning & Deep Learning (ဦးနှောက် တည်ဆောက်ခြင်း) ပါပဲ။
ဒါကတော့ AI ရဲ့ အသက်ပါ။ Algorithm တွေ ဘယ်လို အလုပ်လုပ်လဲ၊ Neural Networks ဆိုတာ ဘာလဲဆိုတာကို နက်နက်နဲနဲ သိဖို့ လိုပါတယ်။

တက်ရမှာက Andrew Ng ရဲ့ "Machine Learning Specialization" နဲ့ "Deep Learning Specialization" ပဲဖြစ်ပါတယ်။

အဆင့် (၄) အနေနဲ့ကတော့ ခေတ်သစ် Trend ဖြစ်တဲ့ Agentic AI & RAG လေ့လာထားရပါမယ်။
၂၀၂၆ မှာ Chatbot အဆင့်ထက် ကျော်လွန်ပြီး ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်တဲ့ AI Agents တွေ တည်ဆောက်တတ်ဖို့ လိုလာပါပြီ။ LangChain နဲ့ LangGraph လို Framework တွေကို ကျွမ်းကျင်အောင် လုပ်ထားရင် သင်ဟာ ဈေးကွက်မှာ ရွှေထက် ရှားတဲ့သူ ဖြစ်လာမှာပါ။

တက်သင့်တဲ့ Course လေးက "IBM RAG and Agentic AI Professional Certificate" ပဲဖြစ်ပါတယ်။

စေတနာနဲ့အကြံပေးရမယ်ဆိုရင်ပြောချင်တာက -

Tutorial Hell ထဲ မနစ်မိပါစေနဲ့: Video ကြည့်ရုံနဲ့ မတတ်ပါဘူး။ Project သေးသေးလေးတွေ ကိုယ်တိုင် စမ်းရေးကြည့်ပါ။

GitHub Portfolio ထားပါ: “ငါ တတ်တယ်" လို့ ပြောတာထက် "ငါ ဒါတွေ လုပ်ဖူးထားတယ်" လို့ ပြပေးနိုင်တာက အလုပ်ရဖို့ ပိုသေချာစေပါတယ်။

AI ကို လက်ထောက်လို ခိုင်း သုံးပါ: ChatGPT သို့မဟုတ် Claude ကို Code generation အတွက်တင် မဟုတ်ဘဲ ကိုယ့်ရဲ့ logic ကို စစ်ဆေးခိုင်းတဲ့ နေရာမှာ သုံးပါ။

ဒီ Roadmap လေးက AI တွေ ကြီးစိုးလာမယ့် အနာဂတ်မှာ ဝင်ငွေအကောင်းဆုံး Career တစ်ခုကို ယုံကြည်မှုရှိရှိနဲ့ စတင်ချင်တဲ့သူတွေအတွက် အမှန်တကယ် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

ကိုယ့်လိုပဲ နည်းပညာလောကထဲ ခြေစုံပစ်ဝင်ဖို့ ကြိုးစားနေတဲ့ သူငယ်ချင်းတွေ၊ မောင်လေး၊ ညီမလေးတွေ ရှိရင်လည်း သူတို့အတွက် လမ်းမပျောက်ရလေအောင် ဒီ Post လေးကို Share ပြီး ဝေမျှပေးလိုက်ပါဦးနော်။

အဆင့်လိုက် လေ့လာရမယ့် Roadmap ဖြစ်လို့ နောက်မှ အေးအေးဆေးဆေး ပြန်ကြည့်ပြီး လေ့ကျင့်နိုင်ဖို့အတွက်လည်း Save ထားဖို့ မမေ့နဲ့ဦးဗျ။

အားလုံးပဲ ကိုယ်ဝါသနာပါရာ AI နယ်ပယ်မှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့ ပညာရှင်တွေ ဖြစ်ကြပါစေဗျာ! 🚀✨

#AIEngineer #Roadmap2026 #Python #CourseraPremium #AIRevolution #premiumforburma
1,8200013
Premium for Burma

Aug 22, 2026, 14:58

Google AI Pro
18 လစာ
5TB Storage

လိုချင်တယ်ဆိုရင်
https://t.me/p4b_david မှာ “hi” ပြီး စုံစမ်းနိုင်ပါတယ်🪄⭐️
1,660001
Premium for Burma

Aug 22, 2026, 14:58

Linkedin Free အကောင့်နဲ့ အလုပ်ရှာရတာ ပင်ပန်းနေပြီလား? 🤨
သာမန် Free အကောင့်နဲ့ LinkedIn သုံးတာဟာ လူထောင်ချီရှိတဲ့ ပွဲထဲမှာ ကိုယ့်အသံကို ကြားအောင် အော်နေရသလိုပါပဲ။ LinkedIn Premium Career Plan ကို ပြောင်းသုံးလိုက်ခြင်းဖြင့် တခြားသူတွေ တန်းစီနေချိန်မှာ ကိုယ်က Hiring Manager တွေဆီ တိုက်ရိုက်သွားလို့ရတဲ့ VIP လမ်းကြောင်းတစ်ခုကို ရလိုက်သလိုပဲ အခွင့်အရေးတွေပိုရသွားလိမ့်မယ်နော်။

💼 အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ရှာဖွေနေသူတိုင်း ဘာကြောင့် Premium Career Plan ကို ပြောင်းသုံးသင့်လဲဆိုတာ ဒီ Feature (၅) ချက်က သက်သေပြပေးပါလိမ့်မယ်။

၁။ ကိုယ့်ကို လာချောင်းကြည့်သူတွေကို သိရှိခြင်း (Who Viewed Your Profile) 👁️

၂။ Recruiter တွေကို တိုက်ရိုက်ဆက်သွယ်ခွင့် (InMail Credits) ✉️

၃။ ပြိုင်ဘက်တွေကို လေ့လာနိုင်ခြင်း (Applicant Insights) 📊

၄။ AI အကူအညီရယူနိုင်ခြင်း (AI-Powered Tools) 🤖

၅။ Skill အသစ်တွေ အကန့်အသတ်မရှိ သင်ယူခြင်း (LinkedIn Learning) 📚

ကိုယ့်ရဲ့ ရာထူး၊ လစာတွေကို နောက်တစ်ဆင့် မြှင့်တင်ချင်တယ်ဆိုရင်တော့ မဖြစ်မနေ အသုံးချသင့်တဲ့ လက်နက်တစ်ခုပဲဖြစ်ပါတယ်။

"Premium က ကောင်းမှန်းသိပေမယ့် ဈေးကြီးလို့ မသုံးဖြစ်ဘူး" ဆိုရင်တော့ လုံးဝ ပူစရာမလိုပါဘူး။

ပုံမှန်ဈေးထက် အများကြီး သက်သာတဲ့ ဈေးနှုန်းနဲ့ သုံးနိုင်မယ့် Linkdin ပရီ မီယန် ကို Page မှာ ယုံကြည်စိတ်ချစွာ စုံစမ်းဝယ်ယူနိုင်ပါပြီ။

Read More Details Here : https://www.facebook.com/share/p/18yTHvPu1z/?mibextid=wwXIfr
667002
Premium for Burma

May 03, 2026, 15:14

AI ကိုလေ့လာချင်တယ်ဆိုရင် အခုလို step by step လုပ်ပါ။

Step ၁ - Foundation ချပါ
Python programming ကနေစပါ။ ဘာကြောင့်လဲဆိုတော့ AI က Python နဲ့ပဲ အများကြီးရေးကြတာ။ လူတွေက "programming ခက်တယ်" လို့ပြောကြတယ်။ တကယ်က Excel သုံးတတ်ရင် Python လည်းတတ်နိုင်တယ်။

Step ၂ - အခမဲ့ courses တွေယူပါ
Google ရဲ့ "Generative AI course" - အခမဲ့ပါ။ Stanford ရဲ့ "AI for Everyone" - အခမဲ့ပါ။ Harvard ရဲ့ CS50 AI - အခမဲ့ပါ။ University of Michigan ရဲ့ Machine Learning - အခမဲ့ပါ။ ငွေတစ်ကျပ်မကုန်ဘူး။

Step ၃ - လက်တွေ့လုပ်ပါ
Deep Learning Specialization ကို Coursera မှာရှာပြီး လေ့လာပါ။ Google Colab သုံးပြီး practice လုပ်ပါ။ Code ရေးမတတ်ရင်တောင် ChatGPT က ကူညီပေးနိုင်တယ်။ Ironic ပေါ့နော် - AI သင်ဖို့ AI ကိုပဲ သုံးနေတာ။

Step ၄ - Community တွေမှာ ပါဝင်ပါ
Reddit AI communities, Discord servers တွေဝင်ပါ။ မေးစရာရှိရင် အလွယ်တကူ မေးလို့ရတယ်။ လူတွေက ပူးပေါင်းပေးကြတယ်။

Coursera ကနေ Google, Meta, Microsoft, Stanford deeplearning AI တို့ရဲ့ AI သင်တန်းတွေကို အခြေခံမှစ၍ advanced level သမားတွေထိ တက်ချင်တယ်ဆိုရင်တော့ page မှာ Coursera premium တစ်နှစ်စာလာယူလို့ရပါတယ်ခင်ဗျာ

AI လေ့လာရာမှာ အောင်မြင်ပါစေ 💁🏻🚀
577003
Premium for Burma

May 03, 2026, 15:14

💸 “ပိုက်ဆံရှာတာထက်… ထိန်းသိမ်းပြီး တိုးပွားအောင်လုပ်နိုင်ခြင်းက ပိုအရေးကြီးလာတဲ့ခေတ်” ဆိုတာ သတိထားမိပြီလား။
မြန်မာနိုင်ငံမှာလည်း လစာတက်တာထက် ကုန်ဈေးနှုန်းတက်တာပိုမြန်လာတဲ့အချိန်မှာ လူအများစုက “ဘယ်လိုငွေကိုလုပ်ရင်းတိုးမလဲ” ဆိုတာကို စဉ်းစားလာကြပါပြီ။ အထူးသဖြင့် လူငယ်တွေကြားမှာ Trading, Stock, Investment ဆိုတဲ့စကားတွေ မကြားမိတဲ့နေ့မရှိသလို ဖြစ်နေပြီ။

ဒါပေမယ့် တကယ်တမ်းတော့ Investing ဆိုတာ လွယ်လွယ်နဲ့ ဝင်ပြီး အမြန်ချမ်းသာနိုင်တဲ့အရာမဟုတ်ဘူး။ မသိဘဲ ဝင်ရင် အမြတ်ထက် အရှုံးပိုများတတ်ပါတယ်။ သိပြီး လုပ်ရင်တော့ အချိန်ကြာလာတဲ့အခါ ဘဝကို တဖြည်းဖြည်းပြောင်းလဲပေးနိုင်တဲ့ Skill တစ်ခုဖြစ်လာနိုင်ပါတယ်။

ဒီခေတ်မှာကောင်းတာကတော့ သင်ယူဖို့အခွင့်အလမ်းတွေ အရမ်းလွယ်ကူလာတာပါ။ Yale, Michigan, Rice တို့လို နာမည်ကြီးတက္ကသိုလ်တွေက Financial Markets, Stocks & Bonds, Portfolio Management စတဲ့ဘာသာရပ်တွေကို Online မှာ တစ်ယောက်တည်း ထိုင်ပြီးတောင် လေ့လာနိုင်လာပြီ။ အချို့ course တွေက Free တောင် enroll လုပ်လို့ရပြီး Beginner တွေအတွက် အခြေခံကနေ စပြီး သင်ပေးထားတာတွေ့ရပါတယ်။

Trading ကိုပိုစိတ်ဝင်စားတဲ့သူတွေအတွက်လည်း Trading strategies, risk management နဲ့ market analysis တွေကို သေချာလေ့လာနိုင်တဲ့ course တွေရှိပြီး၊ အနာဂတ်ကိုကြည့်မယ်ဆိုရင် AI နဲ့ Machine Learning ကိုတောင် Trading ထဲမှာ အသုံးပြုလာနေပြီဖြစ်တာကြောင့် skill တိုးချင်တဲ့သူတွေအတွက်လည်း အခွင့်အလမ်းတွေ ပိုများလာပါတယ်။

တကယ်တော့ ဒီအရာတွေက “ပညာရှိသူတွေအတွက်ပဲ” မဟုတ်တော့ဘူး။ Internet ရှိရင်၊ စိတ်ဝင်စားမှုရှိရင်၊ စတင်ဖို့အတွက် အချိန်နည်းနည်းပဲ လိုပါတယ်။

အရေးကြီးဆုံးက…
👉 လစာရတာတစ်ခုတည်းမယုံကြည်တော့ဘဲ
👉 ကိုယ့်ငွေကို ကိုယ်လုပ်နိုင်တဲ့အဆင့်ထိ ရောက်အောင်သင်ယူဖို့ပါပဲ။

ဒီနေ့စတင်သင်ယူတဲ့သူက ၅နှစ်နောက်မှာ အခြားသူတွေနဲ့ မတူတဲ့နေရာတစ်ခုမှာ ရှိနေပါလိမ့်မယ်။

စသင်ယူဖို့ခုပဲ Coursera အကောင့်တစ်ခုဖွင့်လိုက်ပါ။
Preview လေးတွေစတက်ကြည့်ပါ။ အသေအချာတစိုက်မတ်မတ်လေ့လာပြီး certificate ပါယူမယ်ဆိုရင် Coursera premium လာဝယ်ပါ။

နောက် post မှာ ဒီ course တွေကို အသေးစိတ်အလင်းပြပေးသွားပါမယ်ဗျ။
695004
Premium for Burma

May 03, 2026, 15:14

Coursera ဆိုရင် Google, IBM, Meta တို့ရဲ့ Professional Certificates တွေလောက်ပဲ လူသိများပေမယ့် underrated ဖြစ်နေပြီး အလုပ်ခွင်အတွက်လည်း challenging, high-impact ဖြစ်တဲ့ courses တွေ အများကြီးရှိပါသေးတယ်။
ဒီနေ့တော့အဲဒီထဲက Hidden Gem 10 ခုကို ရွေးထားပေးပါတယ်။ Professional Development နဲ့ Personal Branding တိုးတက်ဖို့အတွက် အတော် ပြည့်စုံပါတယ်။

✅ 1. Learning How to Learn — UC San Diego

မေ့လွတ်လွယ်တဲ့သူ၊ အလုပ်ရှုပ်ပြီး အချိန်ပေးသင်တန်းမတက်နိုင်ဘူး ဆိုတဲ့သူတွေအတွက် တော်တော်ကောင်းတဲ့ Learning and Focus Techniques တွေကို သင်ပေးပါတယ်
https://www.coursera.org/learn/learning-how-to-learn

✅ 2. The Science of Well-Being — Yale University

Yale ရဲ့ Mental Clarity + Productivity ကိုတိုးစေမယ့် Life-Changing Course ပါ။ Stress/Anxiety အများကြီးရှိတဲ့ Working Professionals များတက်သင့်ပါတယ်။ Daily Stress, Burnout, Motivation လျော့သွားတာတွေကို scientific method နဲ့ ဘယ်လိုပြန်ပြင်မလဲ သင်ပေးပါတယ်။
https://www.coursera.org/learn/the-science-of-well-being

✅ 3. AI for Everyone — Andrew Ng ( http://DeepLearning.AI/)

Coding တက်စရာ မလိုဘဲ AI ကို ဘယ်လိုအသုံးပြုရမလဲ—Business တွေမှာ AI ကို ဘယ်လိုသုံးနိုင်မလဲ—AI trend, AI limitation, AI opportunities အပြည့်အစုံ သင်ပေးပါတယ်။ AI Literacy တက်ချင်သူတိုင်း တက်သင့်တဲ့သင်တန်းပါ။
https://www.coursera.org/learn/ai-for-everyone

✅ 4. Neuromarketing — John Hopkins University
A great Marketing course! “လူသားရဲ့ဆုံးဖြတ်ချက်” ကို brain science နဲ့ economics ပေါင်းပြီး လူတွေဘာကြောင့် ဒီလိုဆုံးဖြတ်တာလဲဆိုတာကိုသင်ပေးတယ်။
Product Managers, Marketers, Traders, Analysts တို့အတွက် သင်တန်းကောင်းတစ်ခုကါ။
https://www.coursera.org/specializations/neuromarketing

✅ 5. Mindshift: Break Through Obstacles — McMaster University
Career Transition, Switching Fields, Freelancing စလို movers များအတွက် Mindset + Skill change ဘယ်လိုလုပ်မလဲသင်ပေးထားပါတယ်။ Job switchers, freelancers, fresh graduates များတက်သင့်ပါတယ်။
https://www.coursera.org/learn/mindshift

✅ 6. Business Statistics & Analysis — Rice University

Data Analysis job သွားမယ့်သူတွေအတွက် statistics + business data interpretation ကို လက်တွေ့ case တွေနဲ့သင်ပေးထားပါတယ်။
https://www.coursera.org/specializations/business-statistics-analysis

✅ 7. High-Performance Collaboration — Northwestern University

Team leader အလုပ်တွေဟာ လစာအတော်ကောင်းပါတယ်။ အဲအတွက်လိုအပ်တဲ့ Teamwork ဘယ်လိုလုပ်မလဲ, conflict management, communication skill, team leadership skill တွေကို သင်ပေးထားတာမလို့ Manager role သွားမယ့်သူတိုင်းတက်သင့်တဲ့ high-value course ပါ
https://www.coursera.org/learn/leadership-collaboration

✅ 8. Programming for Everybody (Python) — University of Michigan

Python beginner courseတွေထဲမှာ အကောင်းဆုံးပါ။ Easy and simple to understand ဖြစ်ပြီး coding လုံးဝမသိတဲ့ သူများတောင်တက်နိုင်ပါတယ်။ Strong foundation ရပါမယ်။
https://www.coursera.org/learn/python

✅ 9. Innovation Management — Erasmus University Rotterdam

Company/Startup လုပ်တာဆိုရင် Product idea, innovation strategy, competition analysis တွေကို
professional level နဲ့သင်ပေးတယ်။
ဘဏ် လုပ်ငန်းတွေ၊ Startup, Product, Business Innovation Team အတွက် Real Frameworks သင်ပေးတဲ့ hidden professional courseပါ။ Startup founders, Product Managers, Business Strategists များတက်သင့်ပါတယ်။
https://www.coursera.org/learn/innovation-management

✅ 10. Data Visualization — University of Illinois

Charts, graphs, dashboards ကို ဘယ်လိုမှန်ကန်စွာပြချင်လဲဆိုတာကို concept + logic နဲ့ သင်ပေးပါတယ်။ Power BI/Tableau သွားမယ့်သူတွေ အရင် တက်သင့်တဲ့ Visualization Logic Course ပါ။
Underrated ဖြစ်ပေမယ့် analyst career မှာ အရမ်းကို relevant ဖြစ်ပါတယ်။
https://www.coursera.org/learn/datavisualization

ကိုယ်က professional level ကသူဆိုရင် အလုပ်နဲ့ လက်တွေ့အသုံးဝင်တဲ့ ဒီလို သင်တန်းတွေကို တက်သင့်ပါတယ်။ Manager/Leader တစ်ယောက်အဖြစ် promoted ဖြစ်လာဖို့ဆိုတာ လက်တွေ့လုပ်ရတာတွေတင်မဟုတ်ဘဲ mindset building, theoretical approach နဲ့ foundation တွေကို သိထားတော့ ကိုယ်က အချက်အလက်ကျကျ action ယူတတ်တဲ့ သူဖြစ်မှာမဟုတ်လား?

အထက်ပါ သင်တန်းတွေဟာ complete ဖြစ်ပြီးရင် ကိုယ့် Linkedin profile မှာ certificate ကို တိုက်ရိုက် share ပြီး professional portfolio တည်ဆောက်လို့ကောင်းပါသေးတယ်။
904005
Premium for Burma

May 03, 2026, 15:14

ဒီသင်တန်းတွေကို တက်ဖို့အတွက် Coursera 12 months ကို ဝယ်ပြီး ခုပဲ skill တွေကို ဖြည့်ကြရအောင်🙌
https://t.me/p4b_david မှာ “Coursera” လို့လာပြောလိုက်ပါ။
751002
Premium for Burma

May 03, 2026, 15:14

💥 Chemical Reaction ဆိုတာ မှော်ပညာမဟုတ်ဘဲ ဒြပ်စင်တွေရဲ့ ကခုန်ခြင်းသက်သက်ပါပဲ။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်နေရတဲ့ ပြောင်းလဲမှုတိုင်းဟာ တကယ်တော့ မျက်စိနဲ့မမြင်ရတဲ့ အနုမြူလောကရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ သံချေးတက်တာကနေစလို့ ကျွန်တော်တို့ အသက်ရှူနေတာအထိ အားလုံးဟာ Chemical Reaction တွေချည်းပါပဲ။

ဒါပေမဲ့ ဒီဓာတ်ပြုမှုတွေက ဘယ်လိုမျိုး အလုပ်လုပ်သလဲဆိုတာ စဉ်းစားဖူးပါသလား? အခြေခံအားဖြင့်တော့ ဒါဟာ Atom တွေကြားက "လက်တွဲဖြုတ်ခြင်း" နဲ့ "လက်ပြန်တွဲခြင်း" အနုပညာတစ်ခုပါပဲ။

ဒီနေ့မှာတော့ ဓာတ်ပြုမှုအမျိုးအစားတွေထဲက စိတ်ဝင်စားဖို့အကောင်းဆုံး ၃ ခုအကြောင်း ပြောပြချင်ပါတယ်။

🧪 Synthesis (ပေါင်းစပ်ဓာတ်ပြုခြင်း)
ဒါကတော့ ရိုးရှင်းပါတယ်။ ဒြပ်စင်နှစ်ခု ပေါင်းပြီး အသစ်တစ်ခု ဖြစ်လာတာပါ။ ဥပမာ- Hydrogen နဲ့ Oxygen ပေါင်းပြီး ကျွန်တော်တို့ သောက်နေတဲ့ "ရေ" ဖြစ်လာသလိုမျိုးပေါ့။ တစ်ယောက်တည်းရှိနေတဲ့ အရာနှစ်ခုက ပိုပြီးခိုင်မာတဲ့ အသိုက်အဝန်းသစ်တစ်ခုကို တည်ဆောက်လိုက်တာပါ။

🔥 Combustion (လောင်ကျွမ်းခြင်း)
ဒါကတော့ စွမ်းအင်တွေ အကြီးအကျယ် ထွက်လာတဲ့ အပိုင်းပါ။ လောင်စာတစ်ခုက Oxygen နဲ့ တွေ့ပြီး အပူနဲ့ အလင်းကို ထုတ်ပေးတဲ့ဖြစ်စဉ်ပေါ့။ ကျွန်တော်တို့ ကားမောင်းတာ၊ ဟင်းချက်တာတွေအားလုံးဟာ ဒီ Combustion ရဲ့ ကျေးဇူးတွေပါပဲ။ မြင်သာအောင်ပြောရရင် ဒါဟာ ဒြပ်စင်တွေရဲ့ ပေါက်ကွဲထွက်လာတဲ့ စွမ်းအင်ဖလှယ်မှုတစ်ခုပါ။

❄️ Endothermic vs Exothermic (အပူစုပ် နဲ့ အပူထုတ်)
တချို့ဓာတ်ပြုမှုတွေက ပတ်ဝန်းကျင်က အပူကို စုပ်ယူမှ အလုပ်လုပ်ပါတယ်။ ဥပမာ- ရေခဲအိတ်လေးတွေလိုမျိုးပေါ့။ တချို့ကတော့ ဓာတ်ပြုပြီးတာနဲ့ အပူတွေ အများကြီး ထုတ်ပေးပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဓာတ်ပြုမှုတိုင်းဟာ မျှခြေတစ်ခုကို အမြဲရှာဖွေနေတယ်ဆိုတာ သိနိုင်ပါတယ်။

Chemical Reaction တွေအကြောင်း လေ့လာရတာဟာ စကြဝဠာကြီးရဲ့ Operating System ကို နားလည်အောင် ကြိုးစားနေရသလိုပါပဲ။

အခုခေတ်မှာ ဒီလို သိပ္ပံပညာရပ်တွေကို စာအုပ်ထဲမှာတင်မဟုတ်ဘဲ AI တွေ၊ Simulation တွေနဲ့ လက်တွေ့ကျကျ လေ့လာလို့ရနေပါပြီ။ ကိုယ်တိုင် Lab ထဲမှာ မစမ်းသပ်နိုင်ရင်တောင် တကယ့် Reality နဲ့ အနီးစပ်ဆုံး မြင်ရတဲ့ သင်ခန်းစာတွေ အများကြီးရှိပါတယ်။

သိပ္ပံပညာကို ချစ်မြတ်နိုးပြီး အခြေခံကနေ စနစ်တကျ လေ့လာချင်တယ်ဆိုရင်တော့...

ကျွန်တော်တို့ရဲ့ Coursera Premium မှာ Coursera နဲ့ ကမ္ဘာကျော်တက္ကသိုလ်တွေက ထုတ်ထားတဲ့ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ Course တွေကို English လို လွယ်လွယ်ကူကူ လေ့လာနိုင်ဖို့ စီစဉ်ပေးထားပါတယ်။

စကြဝဠာရဲ့ လျှို့ဝှက်ချက်တွေကို ဓာတုဗေဒ အမြင်နဲ့ တူတူ ဖော်ထုတ်ကြည့်ရအောင်ဗျာ။

Inquire https://t.me/p4b_david to buy Coursera Premium
686003
Premium for Burma

May 03, 2026, 15:14

2026 မှာမဖြစ်မနေလေ့လာရမယ့် Course 10 ခု
ဘာအခွင့်အလမ်းတွေဖြစ်လာမလဲဖော်ပြထားတယ်
AI, Data Science နဲ့ Software development အပြင် တခြား Education နဲ့ Psychology လို topic တွေက ပိုပြီး trend ဖြစ်လာတာကိုတွေ့ရတယ်
Premium for Burma ကကော ဘာတွေခန့်မှန်းထားသလဲ ဒီမှာဖတ်ပါ

1. AI & Machine Learning
- Coursera: Deep Learning Specialization (Andrew Ng)
-Coursera : AI for Everyone
နောက်ပိုင်း AI သုံး application တွေ များလာတာနဲ့အညီ AI engineer နဲ့ ML specialist တွေ ပိုလိုအပ်လာပါလိမ့်မယ်။

2. Data Science & Analytics
- Google Data Analytics Certificate
- IBM Data Science Professional Certificate
Data-driven decision making က company တိုင်းအတွက် မရှိမဖြစ် လိုအပ်လာပါတယ်။

3. Digital Mental Health & Psychology
- The Science of Well-Being (Yale)
- Positive Psychology Specialization
Digital burnout နဲ့ mental health issues တွေ များလာတာကြောင့် ဒီ field က အရေးပါလာပါတယ်။

4. EdTech & Online Learning
- Learning to Teach Online (UNSW)
- Instructional Design Courses
Hybrid learning model တွေ ပိုပြီးပျံ့နှံ့လာတာနဲ့အညီ online teaching skills တွေ အရေးကြီးလာပါတယ်။

5. Cloud Computing & DevOps
- AWS Certified Solutions Architect
- Google Cloud Engineer Certificate
Cloud infrastructure က IT industry ရဲ့ အဓိက backbone ဖြစ်လာပါပြီ။

6. Cybersecurity
- CompTIA Security+
- Certified Ethical Hacker (CEH)
Cyber attacks တွေ ပိုများလာတာနဲ့အညီ security professional တွေ အရမ်းလိုအပ်လာပါတယ်။

7. Digital Marketing
- Google Digital Marketing Certificate
- Facebook Blueprint
Digital presence က business တိုင်းအတွက် မရှိမဖြစ် ဖြစ်လာပါပြီ။

8. UX/UI Design
- Google UX Design Certificate
- Interaction Design Specialization
User experience က product success အတွက် key factor ဖြစ်လာပါတယ်။

9. Blockchain Development
- Blockchain Specialization (Buffalo)
- Web3 Development
Cryptocurrency နဲ့ blockchain applications တွေ ပိုပြီး mainstream ဖြစ်လာပါတယ်။

10. Sustainable Technology
- Renewable Energy & Green Tech
- Environmental Science
Climate tech နဲ့ sustainability က future-proof career path တွေ ဖြစ်လာပါတယ်။

မြန်မာနိုင်ငံအတွက် Premium Opportunities များ:
- Software Development (especially mobile & web)
- Digital Marketing & E-commerce
- Data Analysis
- Cloud Engineering
- UI/UX Design
တို့က demand များပြီး လစာကောင်းတဲ့ အခွင့်အလမ်းတွေ ဖြစ်လာနိုင်ပါတယ်။

ဒီ courses တွေအများစုကို Coursera, Datacamp နဲ့ Udemy platform တွေပေါ်မှာ လေ့လာနိုင်ပါတယ်။ Certificate ကြေးထပ်ပေးစရာမလိုပဲ Certificate ပါရမယ့်အပြင် Free လေ့လာချင်တယ်ဆိုရင်တော့ကျနော်တို့ Premium for Burma ကနေစျေးတန်တန်နဲ့ sales ချနေတုန်းဝယ်ယူဖို့အကြံပေးပါရစေ။

ဝယ်ယူလိုပါက page messenger or telegram https://t.me/p4b_david ကို ”hi” လိုက်ပါ
773003
Premium for Burma

May 03, 2026, 15:14

pinned «Linkedin သုံးတဲ့အခါ policy နဲ့ မညိဖို့ ဆောင်ရန်ရှောင်ရန် 🔵 အမည်ပေးစနစ် (Naming Protocol) လူအများစု မှားတတ်တဲ့အချက်က Profile Name မှာ nickname တွေထည့်တာတဲ့ ဘွဲ့ထူး၊ ဂုဏ်ထူးတွေ ထည့်တာပါ။ မိမိရဲ့ Passport (သို့) Driving License မှာပါတဲ့အတိုင်း နာမည်အမှန်အတိုင်းတိတိကျကျ…»
0000
Premium for Burma

May 03, 2026, 15:14

http://datacamp.com/ မှာ တကယ့်အသုံးဝင်မယ့် Course ၁၀ခု👇🏻

1. Introduction to Python
Data Analyst/ML သမားတိုင်း Python ကနေစတက်ပါ…အရမ်းလွယ်တယ်။ ၂–၃ ရက်အတွင်း Data ကို Python နဲ့ manipulate လုပ်တတ်လာပြီ။

2.DataCamp – Introduction to SQL
SQL မသိရင် Data Analyst မဖြစ်နိုင်ဘူး။ ဒီ courseက Query basics တွေကို အရိုးရှင်းဆုံးနည်းနဲ့ သင်ပေးတယ်။

3. Data Manipulation with pandas
Dirty dataကို သန့်စင်ပေးတယ်, mergeတယ်, transformတယ်- Real job task တွေနဲ့ တကယ့်တူတယ်။

4. Data Visualization with Matplotlib
Graph တွေပြတတ်ရင် Data ကို စကားလုံးမသုံးဘဲ နိုင်ငံခြားအလုပ်ရှင်ကတောင် နားလည်တယ်။ Bar, line, scatter…အကုန်တက်မယ်။

5. Machine Learning with scikit-learn
ML beginner အတွက် best starting point! Regression, classification တွေ လက်တွေ့ dataset တွေနဲ့ မျက်စိရှေ့မှောက်မှာ run တာမြင်ရမယ် 🧠⚡️

6. Introduction to Tableau
Tableau dashboard တည်ဆောက်တတ်ရင် တကယ့် remote job တွေထဲမှာ demand မြင့်တယ်။ Any company wants someone who can show insights visually.

7. Power BI Fundamentals
Microsoft company တွေအများကြီး Power BI သုံးတယ်။
BI Developer / Reporting Analyst role ထဲဝင်ချင်ရင်ဒီ course လေးသာတက်။

8. Python for Data Science
Python knowledge + Data methods + real analysis workflow—all in one ပါဝင်တယ်။ Data science ကို စနစ်တကျ လေ့လာချင်ရင် အရမ်းကောင်းတဲ့ သင်တန်းပါ။

9. SQL for Data Science
SQL basics ပြီးသွားပြီဆို Next step က joins, subqueries, window functions…
Real company database structure နဲ့ တော်တော်လည်းဆင်တယ် 📊

10. Data Engineering for Everyone
Data engineering ကိုဘယ်လိုလုပ်ကြတာလဲ, pipeline ဆိုတာဘာလဲ, database architecture ဘယ်လိုဆောက်လဲ ဆိုတာ beginner တွေနားလည်နိုင်အောင် ရှင်းပြထားတယ်။ Future data career လည်း လမ်းပွင့်သွားမယ့် course ပါ။

💼Bonus point: Data Analytics ခေါင်းအစခြေအဆုံးသင်ပေးတဲ့ Data camp premium နဲ့သင်ချင်ရင်တော့ https://t.me/p4b_david ကို Data camp လို့တခွန်းပဲပြောလိုက်ပါ။ အသက်သာဆုံးနှုန်းနဲ့ကျနော်တို့ကူညီပေးပါမယ်။
#DataScience #DataAnalytics #LearningJourney #SharingForMyanmar #PremiumForBurma #Datacamp
865003
Premium for Burma

May 03, 2026, 15:14

Linkedin သုံးတဲ့အခါ policy နဲ့ မညိဖို့ ဆောင်ရန်ရှောင်ရန်

🔵 အမည်ပေးစနစ် (Naming Protocol)
လူအများစု မှားတတ်တဲ့အချက်က Profile Name မှာ nickname တွေထည့်တာတဲ့ ဘွဲ့ထူး၊ ဂုဏ်ထူးတွေ ထည့်တာပါ။
မိမိရဲ့ Passport (သို့) Driving License မှာပါတဲ့အတိုင်း နာမည်အမှန်အတိုင်းတိတိကျကျ အသုံးပြုပေးပါ။
နာမည်ရှေ့မှာ U, Daw, Mr., Dr. တပ်တာမျိုး၊ နာမည်အနောက်မှာ MBA, PhD တွေ ထည့်တာမျိုး၊ Nickname ပေးတာမျိုးကို လုံးဝရှောင်ကြဉ်ပါ။
အကြောင်းအမျိုးမျိုးကြောင့် (vpn တွေသုံးရလို့ login location မတူတာမျိုး) အကောင့်စစ်ဆေးခံရလို့ ID Verification တင်ရတဲ့အခါ Profile က နာမည်နဲ့ ID က နာမည် မတူရင် သင့်အကောင့်ဟာ Permanent Restricted ခံရနိုင်ပြီး ဘယ်လိုမှ ပြန်ယူလို့မရတော့ပါဘူး။

🔵 အလုပ်ခေါ်စာ တင်တဲ့အခါ သတိထားရန် (Inclusive Job Posting)
LinkedIn ဟာ ခွဲခြားဆက်ဆံမှုပါတဲ့ စကားလုံးတွေဆိုရင် အလွန်ကိုမှတားမြစ်ပါတယ်။
𝐖𝐨𝐫𝐝𝐬 𝐌𝐚𝐭𝐭𝐞𝐫 : Gender (ကျား/မ) အတိအကျ သတ်မှတ်ပြီး ခွဲခြားထားတဲ့ စကားလုံးမျိုးတွေကို Job Description ထဲမှာ မသုံးပါနဲ့။ ဥပမာ - "Female Staff Only" သို့မဟုတ် "Salesman" စတဲ့ စကားလုံးတွေဟာ Policy နဲ့ ငြိနိုင်ပါတယ်။ Gender-neutral ဖြစ်တဲ့ "Sales Associate", "Team Member", “Chairperson” စတဲ့ စကားလုံးတွေကို အစားထိုး သုံးစွဲပေးပါ။
𝐃𝐢𝐬𝐜𝐫𝐢𝐦𝐢𝐧𝐚𝐭𝐢𝐨𝐧 ရှောင်ပါ။ အသက် ၂၅ နှစ်အောက်သာလိုစာမျိုးတွေ၊ လူ _ျိုး တစ်ခုခုကိုပဲဦးစားပေးတဲ့အရေးအသားတွေဟာ Linkdin policy နဲ့လုံဝကို ညိပါတယ်။

🔵အကောင့်လုံခြုံရေးအတွက် Policy အချက်အလက်များ
Policy နဲ့ ငြိပြီး အကောင့်အပိတ်မခံရအောင် ဒါတွေကိုလည်း သတိပြုပါ -
𝐒𝐩𝐚𝐦𝐦𝐢𝐧𝐠: တစ်ရက်တည်းနဲ့ Connection Request တွေ အများကြီး ပို့တာမျိုး၊ Message Box ကနေ ကြော်ငြာစာတွေ ခဏခဏ ပို့တာမျိုးကို LinkedIn က Bot လို့ ယူဆပြီး အကောင့်ပိတ်တတ်ပါတယ်။
𝐈𝐧𝐚𝐩𝐩𝐫𝐨𝐩𝐫𝐢𝐚𝐭𝐞 𝐂𝐨𝐧𝐭𝐞𝐧𝐭: Professional မဆန်တဲ့ ပုံတွေ၊ အမုန်းစကား (Hate Speech) တွေနဲ့ မမှန်သတင်း (Misinformation) တွေ တင်ခြင်းကနေ ရှောင်ကြဉ်ပါ။
𝐀𝐮𝐭𝐨𝐦𝐚𝐭𝐢𝐨𝐧 𝐓𝐨𝐨𝐥𝐬: အကောင့်ကို Auto လည်ပတ်စေတဲ့ 3rd party tool တွေကို အလွန်အကျွံသုံးခြင်းကလည်း အန္တရာယ်ရှိပါတယ်။

💡ဒီအချက်လေးတွေကို သိထားပြီးရင်တော့ Linkedin သုံးခြင်းက အရမ်းကို လွယ်ပါတယ်နော်
Linkedin သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဒီမှာဖတ်လို့ရပါတယ်။

https://www.facebook.com/share/p/1FFFQyNfLF/?mibextid=wwXIfr

✅Linkedin premium plan များကိုလည်း https://t.me/p4b_david မှာ အသက်သာဆုံးနဲ့ မှာယူလို့ရပါပြီဗျ။
737004
Premium for Burma

May 03, 2026, 15:14

Software development ကိုအထိရောက်ဆုံးလေ့လာနည်း
ပထမဆုံးလိုအပ်တာ “idea” ပဲ။ Product idea တစ်ခုကို လက်တွေ့လောကမှာအသုံးချလို့ရတဲ့အထိ build ဖို့ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ စလိုက်ပါ။ ဒါကအထိရောက်ဆုံးတွန်းအားတစ်ခုဖြစ်တယ်။

လေ့လာတဲ့အခါ http://freecodecamp.org/ နဲ့ http://coursera.org/ က front end development အတွက် basics တွေကိုစတင်လေ့လာပါ။
Html, CSS, Javascript တွေကအခြေခံပါပဲ
Programming language တွေအများကြီးထဲကမှ ဘာလို့ Javascript လဲဆိုရင် အသုံးအများဆုံးမလို့ပါ။ Wep-app အတွက်လည်း အကောင်းဆုံးပဲ။ Airbnb, Uber တိို့သုံးတာလည်း Javascript ပါပဲ။
(javascript က programming languages ရဲ့ 65% ကိုနေရာယူထားပါတယ်)

Front-end လေ့လာတဲ့အခါမှာ variables, loops, objects, functions တွေပါလေ့လာရပါမယ်။
ကိုယ့်တုန်းကတော့ လေ့လာရင်းကြားထဲမှာသိလာရတာက it’s not just about learning to code, it’s also about how to program ပါ။
Coding ဆိုတာ 👉🏻 logical problems တွေကိုဖြေရှင်းတာ
Programming ဆိုတာ 👉🏻 code ကိုသုံးပြီး အကျိုးရှိမယ့်ရလဒ်ထွက်အောင်လုပ်တာ
Software development လုပ်တယ်ဆိုထဲက တစ်ခုနဲ့တစ်ခု ချိတ်ဆက်မိပြီး အသုံးပြုလို့ရအောင် Program တွေတည်ဆောက်တာဖြစ်ပါတယ်

Frontend အတွက် Stephen Mayeux ရဲ့ You-tube channel ကနေလည်း ထပ်ဆောင်းလေ့လာရင်ကောင်းပါတယ်

Next step 👊
Back end development ကိုဆက်သွားကြမယ်။
Smart ဖြစ်တဲ့ developer ဖြစ်ဖို့က full stack development သိမှရပါမယ်။
(ဒီမှာတခုပြောချင်တာ ကိုယ်က front end, full stack focus ဆိုရင် backend ကို ထဲထဲဝင်ဝင်ကြီးမလေ့လာလဲရပါတယ်။ Mentor တစ်ယောက်ထား သို့မဟုတ် Front-end ကိုင်တွယ်မယ့်သူနဲ့ Team တစ်ခုဖွဲ့လိုက်ပါ။)

React နဲ့ Node.js တွေလေ့လာပါ။ Udemy မှာ ဒီအတွက် အရမ်းကောင်းတဲ့သင်တန်းတွေရှိပါတယ်။ သက်သက်သာသာတက်ချင်ရင် ကျွန်တော်တို့ဆီမှာလည်း လာမေးလို့ရပါတယ်။

ပြီးရင် Database တစ်ခုဘယ်လိုဆောက်မလဲလေ့လာပါ။ Detail သင်ချင်ရင် SQL course တွေတက်ပါ။

API တည်ဆောက်နည်းမဖြစ်မနေဆက်လေ့လာပါ။ (example REST)
website တစ်ခုလုံးကို cloud server ထဲ ရောက်ပြီး publish ဖြစ်သွားတဲ့အထိ လေ့လာပါ။

Next, Authentication and deployment ဘယ်လိုလုပ်မလဲသိအောင်လုပ်ပါ။

နောက်ဆုံး Github မှာ ကိုယ့် project ကို setup လုပ်ထားပါ။ ဒီလိုလုပ်ခြင်းဖြင့် project ရဲ့ codebase ကို လုံလုံခြုံခြုံသိမ်းထားလို့ရမှာဖြစ်ပြီး data loss တွေမဖြစ်တော့ပါဘူး။ Team နဲ့လုပ်ရင် collaboration လုပ်လို့ကောင်းမှာလည်းဖြစ်တယ်။

👉🏻Project တစ်ခုခုကို build လုပ်နေရင်း သင်ယူတဲ့ ပုံစံနဲ့သွားပါ။
👉🏻Mentor တစ်ယောက်ရှာပါ။ သင့်ကို သူ့ experience တွေ sharingပေးမှာဖြစ်သလို သင်လုပ်နေတဲ့projectအတွက် feedbackလည်းပေးနိုင်ရပါမယ်။
👉🏻Team တစ်ခုခုဖွဲ့ပြီးလုပ်ပါ။Project ကို အတူလေ့လာတဲ့ သူငယ်ချင်းတွေနဲ့အကောင်အထည်ဖော်ပါ။ ဥပမာ UIUX ဘက်လေ့လာတဲ့သူတစ်ယောက်၊ကိုယ့်လို software development လေ့လာနေသူမျိုး။

Software developer တိုင်းမှာ ရှိရမယ့် mindset (၂)ခုပဲရှိပါတယ်
1.Problem Solving
2.Persistence
ဘယ်လောက်ခက်ခက် မဖြစ်ဖြစ်အောင်လုပ်ကြည့်မယ်ဆိုတဲ့ စိတ်ထားပါ။

ဒါဆို Software developer အလုပ်ကို ၄လပြည့်တာနဲ့ confidence ရှိရှိစလျှောက်လှမ်းလို့ရပါပြီ။
Schedule လေးအတိုင်း မှန်မှန်လုပ်သွားဖို့တော့လိုတာပေါ့

Remember….always let your willpower burning!

Coursera နဲ့ Udemy ကနေလေ့လာချင်ရင်တော့ https://t.me/p4b_david ကနေအမြဲကြိုဆိုနေပါတယ်။
826006
Premium for Burma

Apr 11, 2026, 23:14

အလုပ်မှာ "Winner" ဆိုတာ ရာထူးအကြီးကြီး၊ လခအများကြီးရမှမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပြီး အေးဆေးဖြစ်နေဖို့ပဲ။ အဲ့လိုဖြစ်ဖို့ဆိုတာလည်း ကမ္ဘာကြီးကိုပြောင်းလဲပစ်ဖို့မလိုဘူး။ ကိုယ့် Mindset လေးနည်းနည်းပြောင်းလိုက်ရုံပဲ။

Part 1: ကိုယ့်အကြောင်းကိုယ်သိ၊ သူများအကြောင်းလည်းနားလည်။

ကော်ဖီဆိုင်မှာထိုင်ရင်း ဘေးဝိုင်းကပြောနေတာတွေကိုနားစွင့်ဖူးလား။ လူတွေက ကိုယ့်အကြောင်းကိုယ်သိပ်မပြောကြဘူး။ သူများအကြောင်းပဲအတင်းချနေကြတာ။ အလုပ်ထဲမှာလည်းဒီအတိုင်းပဲ။ ကိုယ်ဘာလိုချင်လဲ၊ ဘာမှာတော်လဲဆိုတာမသိဘဲ သူများတွေဘာလုပ်နေလဲဆိုတာကိုပဲလိုက်ကြည့်နေရင် "Winner" ဖြစ်ဖို့ခက်တယ်။ ကိုယ့် Strenth ကဘာလဲ၊ Weakness ကဘာလဲဆိုတာကို အရင်ဆုံးစာရင်းလေးတစ်ခုလုပ်ကြည့်လိုက်။ ကိုယ်ကစကားပြောကောင်းတာလား၊ ဒါမှမဟုတ် research လုပ်တာတော်တာလား။ အဲ့ဒါကိုသိမှ ကိုယ့်လမ်းကြောင်းကိုယ်ဖောက်လို့ရမယ်။ ပြီးရင် ကိုယ့်ဘေးကလူတွေကိုလည်းကြည့်။ သူတို့ကဘာမှာတော်လဲ၊ သူတို့ဆီကဘာသင်ယူလို့ရမလဲ။ သူတို့ကိုပြိုင်ဘက်လို့မသတ်မှတ်နဲ့၊ ကိုယ့်အတွက်စာအုပ်တစ်အုပ်လို့သဘောထားလိုက်။

Part 2: "အလုပ်" ကို "ဂိမ်း" လို့သဘောထား။

အလုပ်ကို "အလုပ်" လို့မမြင်နဲ့။ "ဂိမ်း" လို့သဘောထားလိုက်။ Level တွေရှိတယ်၊ Skill တွေ upgrade လုပ်ရမယ်၊ Boss ကြီးတွေနဲ့လည်း ရင်ဆိုင်ရမယ်။ တစ်ခါတစ်လေကျရင် mission တွေ fail ဖြစ်မယ်။ အဲ့ဒါကို "ရှုံးနိမ့်ခြင်း" လို့မခေါ်ဘူး။ "သင်ခန်းစာယူခြင်း" လို့ခေါ်တယ်။ ဂိမ်းထဲမှာတောင် ဇာတ်ကောင်ကတစ်ခါတည်းနဲ့မနိုင်ဘူးလေ။ အကြိမ်ကြိမ်အခါခါပြန်ကစားရင်းနဲ့မှ Level up ဖြစ်လာတာ။ အပြင်မှာလည်းဒီအတိုင်းပဲ။ အမှားလုပ်မိမှာမကြောက်နဲ့။ အမှားမလုပ်ဖူးတဲ့သူက ဘာမှမလုပ်တဲ့သူပဲရှိတယ်။

Part 3: ပေါင်းသင်းဆက်ဆံရေးဆိုတာ "Wi-Fi" လိုပဲ။

Wi-Fi connection မကောင်းရင် ဘာမှလုပ်လို့မရသလိုပဲ၊ ပေါင်းသင်းဆက်ဆံရေးမကောင်းရင်လည်း အလုပ်မှာရှေ့ဆက်ဖို့ခက်တယ်။ ကိုယ့်အထက်လူကြီးကိုပဲဖားနေဖို့မလိုဘူး။ ကိုယ့်ဘေးက colleagues တွေ၊ ကိုယ့်အောက်ကညီမငယ်လေးတွေအထိ အားလုံးနဲ့အဆင်ပြေအောင်နေ။ တစ်ခါတစ်လေ မုန့်လေးဝယ်ကျွေးတာ၊ ကော်ဖီလေးတိုက်တာကအစ ပေါင်းသင်းဆက်ဆံရေးအတွက်အရေးကြီးတယ်။ ဒါပေမယ့် "အပို" လုပ်ဖို့မလိုဘူးနော်။ စိတ်ထဲကလာတဲ့စေတနာကအရေးအကြီးဆုံးပဲ။ သူများအကြောင်းအတင်းမပြောနဲ့၊ သူများအခက်အခဲတွေ့နေရင် ကိုယ်တတ်နိုင်သလောက်ကူညီလိုက်။ အဲ့ဒီ investment ကတစ်ချိန်မဟုတ်တစ်ချိန် ကိုယ့်အတွက်ပြန်အကျိုးရှိစေမှာ။

Part 4: "အမြဲတမ်းသင်ယူနေပါ" ဆိုတဲ့စကားက Cliché ဖြစ်ပေမယ့် အမှန်တရားပဲ။

ဘွဲ့တစ်ခုရလိုက်တာနဲ့၊ ဒါမှမဟုတ် အလုပ်တစ်ခုရလိုက်တာနဲ့ "ငါတော်ပြီ၊ တတ်ပြီ" လို့မထင်လိုက်နဲ့။ လောကကြီးကအမြဲတမ်းပြောင်းလဲနေတာ။ ကိုယ်ကမပြောင်းလဲဘဲကျန်ခဲ့လို့မဖြစ်ဘူး။ ကိုယ့် Field နဲ့ပတ်သက်တဲ့စာအုပ်တွေဖတ်၊ Online course တွေတက်၊ Workshop တွေသွား။ အဲ့လိုလုပ်နေမှ ကိုယ့်တန်ဖိုးကတက်နေမှာ။ ကိုယ့်ထက်တော်တဲ့သူတွေနဲ့စကားပြော၊ သူတို့ဆီကသင်ယူ။ "ငါမသိဘူး" လို့ဝန်ခံရမှာမရှက်နဲ့။ မသိတာကိုသိချင်စိတ်ရှိတာကမှ တကယ့် "Winner" ရဲ့အရည်အချင်း။

Part 5: နောက်ဆုံးနဲ့အရေးအကြီးဆုံး - ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။

အလုပ်မှာဘယ်လောက်ပဲအောင်မြင်နေပါစေ၊ ကိုယ့်ကိုယ်ကိုယ်မချစ်ရင်၊ ကိုယ့်ကျန်းမာရေးကိုဂရုမစိုက်ရင် အလကားပဲ။ Work-life balance ဆိုတာခေတ်စားနေတာအကြောင်းရှိတယ်။ အလုပ်ချည်းပဲလုပ်မနေနဲ့။ ကိုယ့်အတွက်အချိန်ပေးပါ။ ဝါသနာပါတာတစ်ခုခုလုပ်၊ ခရီးထွက်၊ သူငယ်ချင်းတွေနဲ့တွေ့။ ကိုယ့်စိတ်နဲ့ခန္ဓာကိုကျန်းမာအောင်ထားမှ အလုပ်ကိုလည်းအကောင်းဆုံးလုပ်နိုင်မှာ။

ကဲ... Winner တစ်ယောက်ဖြစ်ဖို့အဆင်သင့်ဖြစ်ပြီလား။ အပေါ်ကအချက်တွေက Guide line လေးတွေပဲ။Good luck ပါ။

အလုပ်အကိုင်နဲ့ professional networking အတွက် မရှိမဖြစ် Linkedin premium လိုချင်ရင်တော့ အသေးစိတ်လာမေးနိုင်ပါတယ်
531005

Showing 24 of 24 posts

Rating

Login required

Frequently Asked Questions

What is the Premium for Burma Telegram channel about?+

Premium for Burma (@proburma) is a Telegram channel in the Language Learning category. Since 2022 ✅ For Every Learner in Burma

How do I join Premium for Burma (@proburma) on Telegram?+

Open the channel profile on tgdio, then use the Join / Open in Telegram button to go to @proburma in the Telegram app or web client and subscribe for free.

Is Premium for Burma a good Language Learning channel to follow?+

On tgdio you can check Premium for Burma's rating, user reviews, ranking, and latest posts before joining. It currently lists about 2,517 subscribers on tgdio. Compare it with similar Language Learning channels in the same category.

Where can I see Premium for Burma stats and latest posts?+

On tgdio, open the @proburma channel page for subscriber stats, ranking, ratings, and recent posts. Use the Stats link on the profile for deeper growth and activity charts.