PrimeNet MM Telegram channel photo

PrimeNet MM

@primenetmmPublic Channel

PrimeNet MM shares Networking updates and media on Telegram. Join to stay updated.

NetworkingEnglishUnited States
26.3k (26,261 subscribers)
Members
—
Rating
27
Total Posts
Sep 20, 2026, 1:02 PM
Updated
Apr 29, 2026
Created
Stats

You are viewing English content. To see content in other languages, change the language of the site.

Channel Information

Channel Information
Channel NamePrimeNet MM
Username@primenetmm
CategoryNetworking
LanguageEnglish
CountryUnited States
Members26,261
Channel TypePublic Channel
CreatedApr 29, 2026
Last UpdatedSep 20, 2026 • 6 days ago
StatusActive

Ranking

Global Ranking
#936-3
Language Ranking
#201-1
Category Ranking
#28No change

Participant Growth (Last 8 Days)

Total: 26.3K
24h growth: +698 3%
04/2905/0705/0707/0908/2309/0109/1109/20

Top 10 posts

Most viewed posts from this channel

By views
  1. #1A Crazy Little Thing Called Love (or) First Love (2010)5.3K
  2. #2Kerala Story 2 Goes Beyond (2026)5.2K
  3. #3ရုပ်ရှင်သစ်မထွက်တာကြာပြီဖြစ်တဲ့ အာလီယာဘတ်ရဲ့ ရှယ်ကြမ်း ရုံတင်အက်ရှင် သည်းထိတ်ရင်ဖိုကားကြီး5.0K
  4. #4စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် Rockstar Games ကတော့ "Grand Theft Auto VI: An Extended Look" ဆိုပ5.0K
  5. #5၂၀၁၇ ခုနှစ်က ထွက်ခဲ့တဲ့ ဟဲလို ဆိုတဲ့ ရုပ်ရှင်ထဲမှာ တယောထိုးမင်းသားဆိုပြီနာမည်ကြီတေလေဂူးမင်းသားချော4.8K
  6. #6အစိုးရဝန်ထမ်း ရာဂျီဗန်ဟာ ဇနီးဖြစ်သူ မီရာရယ်4.7K
  7. #7ဇာတ်လမ်းအစမှာ ၂၀၂၆ ခုနှစ် တမီးလ်နာဒူး ရွေးကောက်ပွဲကာလရဲ့ ရှုပ်ထွေးမှုတွေ ဇာတ်ရေးခွဲခြားမှု ပြဿနာတွေန4.4K
  8. #8Raj (Shah Rukh Khan) နဲ့ Meera (Kajol) တို့ဟာ ဘူလ်ဂေးရီးယားမှာ တွေ့ဆုံချစ်ကြိုက်ခဲ့ကြပေမဲ့ သူတို့ရဲ့4.4K
  9. #9မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမခွဲခြားပုံတို့ကို ဒီဇာတ်ကား4.1K
  10. #10ဒီကားအတွက်တော့အထွေအထူး ညွှန်းနေစရာမလိုလောက်ဘူး။4.1K

Latest Posts

PrimeNet MM

Sep 03, 2026, 13:50

Photo
အက်ဆစ်နဲ့ပက်ခံလိုက်ရတဲ့ မိန်းမပျိုလေး ဘဝကို အရှုံးမပေးပဲ ဥပဒေမဲ့ တိုက်ခိုက်မှု အမျိုးသမီးများရဲဲ့အခွင့်အရေးအတွက် ကာကွယ်ပေးနိုင်ဖို့ ရဲဝံ့စွာ လုပ်ရှားခဲ့သည့် ဖြစ်ရပ်မှန်

ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်လို့ ပရိတ်သတ်ကို မက်ဆေ့ပေးချင်တဲ့ အချက်တွေကို ဇာတ်ကားအစမှာရော အဆုံးမှာပါ ထည့်ပေးထားပါတယ်။

ရင်ဖိုစရာ ၊ စိတ်လှုပ်ရှားစရာတွေထက်ကို ဆင်ခြင်စရာတွေ ၊ ပြင်ဆင်စရာတွေကို မြင်မိစေပါလိမ့်မယ်။

ဒီဇာတ်ကားကို ရိုက်ဖို့အတွက် မင်းသားရယ်လို့ မယ်မယ်ရရ သုံးမထားပဲ မင်းသမီး Deepika Padukone တစ်ယောက်သာ သုံးထားတာမို့ ၊ ဘတ်ဂျက်လည်း အင်မတန်နည်းပါတယ်။

ဇာတ်ကားရဲ့ တင်ပြချင်တဲ့ ရည်ရွယ်ချက်က ကောင်းမွန်တဲ့အတွက် အိန္ဒိယပြည်နယ်လေးခုမှာအခွန်ကင်းလွတ်ခွင့်နဲ့ ပြသခွင့်ရခဲ့သလို ဝေဖန်ရေးဆရာတွေကြားမှာလည်း အပြုသဘော ဝေဖန်ချက်တွေ ရခဲ့ပါတယ် ။
#crd

⬇️ဇာတ်ကားကြည့်ရန်⬇️
https://t.me/movieshow222
https://t.me/movieshow222
2,120000
PrimeNet MM

Sep 03, 2026, 13:50

Photo
ရာဂျ်ကော့တ်ပြည်နယ်မှာ လူအများက ရှင်ဘုရင်တစ်ပါးလို ကြည်ညို လေးစားကြတဲ့ ဆန်ဂျေးဆိုတဲ့ လူတစ်ယောက်ရှိပြီး သူ့ရဲ့ရက်ရောမှုကြောင့် သူ့ကိုထိတာနဲ့ လူအုပ်လိုက်ဝိုင်းလာရအောင်ထိ အရှိန်အဝါကြီးတယ်

တစ်ရက်တော့ လေယာဉ်ပေါ်မှာ ဝန်ကြီးတစ်ယောက်ရဲ့ သားက အမျိုးသမီးတစ်ဦးကို လိင်အမြတ်ထုတ်ဖို့ ကြိုးစားတဲ့အခါ ဆန်ဂျေးက ဝင်ဆုံးမခဲ့တဲ့အတွက် ဝန်ကြီးနဲ့ ဆန်ဂျေးတို့ ရန်ဘက်တွေဖြစ်လာပါတော့တယ်

အကျင့်ပျက်နိုင်ငံရေးသမားတစ်ယောက်နဲ့ လူအများရဲ့ ကယ်တင်ရှင် ဆန် ဂျေးတို့ ဘယ်လောက်ထိ အားပြိုင်သွားကြမလဲ ဖိုက်တင်ကြမ်းကြမ်းနဲ့ ဒီရုပ်ရှင်လေးမှာ ဆက်လက်ရှုစားလိုက်ပါဦး
#crd

⬇️ဇာတ်ကားကြည့်ရန်⬇️
https://t.me/movieshow222
https://t.me/movieshow222
1,280000
PrimeNet MM

Sep 03, 2026, 13:50

ဒီမင်းသားရဲ့ဇာတ်ကားတွေကတော့ သိတဲ့အတိုင်းပါပဲ အက်ရှင်ခန်းတွေ တိုက်ပွဲခန်းတွေက ကြည့်ကောင်းပြီး
တော်ကီတွေနဲနဲအိုဗာပေမယ့် လက်ခံပေးလိုရတဲ့အနေအထားမှာတော့ရှိပါတယ်

အခုဒီဇာတ်ကားထဲမှာလည်း မင်းသားက ယိုဒါအထူးတပ်ဖွဲရဲ့ ကွန်မန်ဒိုစစ်သည်တစ်ယောက်အဖြစ် သရုပ်ဆောင်ပြီးအက်ရှင်ခန်းတွေ စွန့်စားခန်းတွေကို ရှုစားရမှာပဲဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ ယိုဒါအထူးတပ်ဖွဲလိုခေါ်တဲ့ အိန္ဒိယရဲ့အထူးတပ်ဖွဲမှာ ဖခင်ဖြစ်သူက တာဝန်ထမ်းဆောင်ရင်းကျဆုံးသွားပေမယ့်လည်း သားဖြစ်သူအာရွန်က သူ့အဖေလိုပဲ အထူးတပ်ဖွဲမှာ ဆက်လက်တာဝန်ထမ်းဆောင်နေပါတယ်

လုပ်ဖော်ကိုင်ဖက် ပရီယာဆိုတဲ့ကောင်မလေးနဲ့လည်း လက်ထပ်ပြီးတော့ တာဝန်ထမ်းဆောင်လိုက် မိန်းမနဲ့ကြည်နူးလိုက်နဲ့ပဲ ဘဝကြီးကို ဖြတ်သန်းနေချိန်မှာ လေယာဉ်ပြန်ပေးမှုတစ်ခုဖြစ်ပြီး

အဲ့လေယာဉ်ပေါ်မှာ အာရွန်က ဗီအိုင်ပီသက်တော်စောင့်အဖြစ်ပါလာတဲ့အခါမှာတော့

အပြင်ကအဖွဲတွေကလည်း ညှိနှိင်းကယ်တင်ဖိုကြိုးစားရသလို
အာရွန်လည်း လေယာဉ်ပေါ်ကနေ တစ်ကိုယ်တော် ပြန်ပေးသမားတွေနဲ့ရင်ဆိုင်တိုက်ခိုက်ဖိုဖြစ်လာပါတော့တယ်.......
#crd
2,270003
PrimeNet MM

Sep 03, 2026, 13:50

Photo
ဘောလိဝုလောကရဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွေထဲကတစ်ခုဖြစ်တဲ့ ဘာဟုဗလီဇာတ်ကား ထွက်ရှိခဲ့တာ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ 255 မိနစ် runtime ရှိတဲ့ အခုဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ

ဒီဇာတ်ကားကတော့ ဘာဟုဗလီ ၁ နဲ့ ၂ ကိုပေါင်းပြီးတော့ single version အနေနဲ့ ပြန်ထုတ်ပေးထားတာဖြစ်ပြီး ယခင် ၁ နဲ့ ၂ ထက်ပိုကောင်းအောင် အဘက်ဘက်က ပြင်ဆင်ထားတဲ့အပြင် ယခင်ဗားရှင်းတွေမှာ မပါလိုက်တဲ့ cut scene တချို့ ပြန်ထည့်ပေးထားတာဖြစ်ပါတယ်။

ဘောလိဝုဒ်ဇာတ်ကားတွေထဲမှာ runtime အရှည်ဆုံး ဇာတ်ကားတွေထဲကတစ်ကားဖြစ်လာမဲ့ ဒီဇာတ်ကားလေးကို ဘာဟုဗလီဇာတ်ကား ၁၀ နှစ်ပြည့်အနေနဲ့ အောက်မေ့သတိရရင်းနဲ့ပဲ တစ်ဖန်ပြန်လည်ပြီး စပယ်ရှယ်ဗားရှင်းသစ်လေးနဲ့ ခံစားလိုက်ကြပါဦးစို့..
#crd

⬇️ဇာတ်ကားကြည့်ရန်⬇️
https://t.me/movieshow222
https://t.me/movieshow222
2,800003
PrimeNet MM

Sep 03, 2026, 13:50

ခဏခဏ မူးနေတတ်တဲ့ ဆရာဂျေဒီဟာကျောင်းသားတွေရဲ့ အချစ်တော်ပဲ။

ကျောင်းသားတွေအတွက်ဆို အမြဲဦးဆောင်တတ်သူမို့တခြားဆရာ၊ဆရာမတွေက အမြင်မကြည်ကြပါဘူး။

ကျောင်းသားတွေအတွက်ဆိုအသက်ကိုတောင် စွန့်ဝံ့တဲ့ ဆရာပါ ဒါက ဗီဂျေးရဲ့ အကြောင်းပါပဲ။

ဗီဂျေးစည်သူပသီကတော့လော်ရီကားအသင်းမှာ အာဏာအရှိဆုံး ခေါင်းဆောင်ပါသူဟာ ရာဇဝတ်မှုတွေကို ကျူးလွန်နေပြီးငွေရှာ နေသူပေါ့။

သူ့အတွက် မှောင်ခိုလောကမှာခက်ခဲတာ မရှိသလောက် ရှားတယ် တပည့်လက်သား များတယ်။

ဒီလိုနဲ့ သူတို့ နှစ်ယောက်ဟာ
တနေ့တော့ ထိပ်တိုက် ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။

နယ်ပယ်ချင်းမတူကြပေမဲ့ သူတို့နှစ်ယောက်မှာ တစ်ယောက်က ခြေချမှားသွားခဲ့တယ်။
#crd
2,450001
PrimeNet MM

Sep 03, 2026, 13:50

ဒုက္ခပင်လယ်ဝေဝေ

အိုဒစ်ဆီကို ကောင်းတာလေးလည်း ကြည့်ချင်တယ် ဈေးအများကြီးလည်း မတတ်နိုင်ဘူးဆိုတဲ့ လူတွေအတွက် ဒီအိုဒစ်ဆီဇာတ်ကားလေးရှိပါမယ် ခရစ္စတိုဖာညိုလန်ရဲ့ အိုဒစ်ဆီကားမဟုတ်ပေမဲ့ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းတဲ့ ကားပါပဲ

ဇာတ်လမ်းလေးကတော့ ဘုရင်ကြီးအိုဒစ်ဆီယပ်ဟာ ထရိုင်မြို့ကို သူ့ရဲ့ပြောင်မြောက်တဲ့ ထရိုဂျန်မြင်းဗျူဟာနဲ့ သိမ်းပြီးချိန်မှာတော့ သူ့တိုင်းပြည်ကို ပြန်ဖို့အချိန်ကျလာပါပြီ

ဒါပေမဲ့ နတ်ဘုရားတွေက မလိုတစ်မျိုး လိုတစ်မျိုးဖြစ်တဲ့အပြင် အိုဒစ်ဆီယပ်က ဉာဏ်ကောင်းတာကြောင့် ဒီကောင်က ငါတို့နဲ့ ယှဥ်ချင်တာလား သေချင်တာလားတွေ တွေးပြီးတေးထားတဲ့အပြင် ပိုဆိုက်ဒွန်နဲ့လည်း ဘောက်ချာရှိထားတာမလို့ အိမ်အပြန်လမ်းကတော့ ရုံးကဖယ်ရီနဲ့ပို့သလို သာယာမှာတော့ မဟုတ်ပါဘူး

အဲဒါအပြင် တိုင်းပြည်ကိုလည်း ဆယ်နှစ်နီးပါးထားခဲ့ရတဲ့ အိုဒစ်ဆီယပ်ဟာ ဒီထက်နောက်ကျတာနဲ့ တိုင်းပြည်ကို တခြားလူလက်ထဲ ဝကွက်အပ်ရမဲ့အပြင် မိန်းမကိုပါ ချစ်တီးသိမ်းသလို အသိမ်းခံရမှာမလို့ အိမ်ပြန်ချိန်က ဘယ်လိုမှနောက်ကျလို့ မရပါဘူး

ဒီလို ပူစရာပေါင်းစုံနဲ့ အိုဒစ်ဆီယပ်ရဲ့ အိမ်အပြန်လမ်းကို မေခလာလိုအသီနာကတော့ ကျန်တဲ့နတ်ဘုရားတွေလို မဟုတ်ဘဲ လက်ဆောင်သုံးခုနဲ့ ကူညီမစမှာပါ

ဆိုတော့ အိုဒစ်ဆီယပ်တစ်ယောက် အဖွဲ့သားစုဆောင်းရင်း အိုဒစ်ဆီလို့အမည်တွင်တဲ့ နတ်မ'မတဲ့ ခရီးလမ်းကြမ်းကြီးမှာ ဘာတွေကြုံရမလဲ ဘယ်လိုအခက်ခဲတွေ ရင်ဆိုင်ရမလဲ ဆိုတာကတော့....
#crd
2,230000
PrimeNet MM

Sep 03, 2026, 13:50

ရွာသားများ ကိုးကွယ်ရာ ဆင်းတုတော်မြတ်ကို ခေတ်သစ်မြို့ပြတွင် လိုက်လံရှာဖွေသည့် အပိုင်း (၁) နှင့် ရှေးခေတ်အယုဒ္ဓယနောက်ခံတွင် မိဘအတွက် ကလဲ့စားချေသည့် အပိုင်း (၂၊ ၃) ဟူ၍ အဓိက အပိုင်းနှစ်ပိုင်းကွဲသော်လည်း၊ အနှစ်သာရအားဖြင့် မွေထိုင်းသိုင်းပညာဖြင့် တရားမျှတမှုနှင့် ကျေးရွာအေးချမ်းသာယာမှုကို ကာကွယ်စောင့်ရှောက်သည့် ဇာတ်လမ်းဖြစ်ပြီး အပိုင်း (၁) တွင် ကျေးရွာသားများအတွက် အသက်သွေးကြောဖြစ်သော "ဝမ်းဘတ်" ဗုဒ္ဓရုပ်ပွားတော်မြတ်၏ ဦးခေါင်းတော်ကို လူမိုက်များက ခိုးယူသွားသဖြင့် မွေထိုင်းသိုင်းပညာရှင်လူငယ် "တန်" (Ting) က ဘန်ကောက်မြို့ကြီးသို့ လိုက်လံရှာဖွေကာ မြေအောက်တရားမဝင်လက်ဝှေ့ဝိုင်းများမှ ရန်သူများကို အရိုးကွဲမတတ် နှိမ်နင်းပြီး ရုပ်ပွားတော်ကို ရွာသို့ ပြန်လည်သယ်ဆောင်နိုင်ခဲ့ကာ၊ အပိုင်း (၂) နှင့် (၃) တွင်မူ သမိုင်းနောက်ခံသို့ ပြန်သွားပြီး မိဘနှစ်ပါးစလုံး သစ္စာဖောက်သတ်ဖြတ်ခြင်းခံရသည့် ဘုရင်ခံ၏သား "တီးန်" (Tien) က ကမ္ဘာ့သိုင်းပေါင်းစုံသင်ယူကာ ကလဲ့စားချေရန် ထွက်ခဲ့သော်လည်း ရန်သူများလက်ချက်ဖြင့် သေလုမြောပါးဖြစ်ခဲ့ရပြီးနောက်၊ နောက်ဆုံးတွင် တရားဓမ္မနှင့် စိတ်ဓာတ်ခွန်အားကို ပေါင်းစပ်ထားသည့် "နတ်မွေထိုင်း" သိုင်းကွက်အသစ်ဖြင့် အမှောင်မော်ဒန်အတတ် သုံးသောရန်သူဆိုးကြီးကို အနိုင်တိုက်ကာ ဒေသတစ်ခုလုံးကို ငြိမ်းချမ်းစေခဲ့သည့် ကမ္ဘာကျော် မော်ကွန်းတင် အက်ရှင်ဇာတ်လမ်းတွဲကြီး ဖြစ်သည်။
#crd
2,590000
PrimeNet MM

Sep 03, 2026, 13:50

ဘောလီးဝုဒ် ဖိုက်တင်ကား ကြည့်ချင်သူတွေအတွက် Naayak ဆိုတဲ့ Imdb 5.6 ရထားတဲ့ကားလေးဖြစ်ပါတယ်..

မင်သားကလဲ နာမည်ကြီးဖိုက်တာမင်းသားဆိုတော့ လှပြီလေ။

Naayak ဆိုတာ မြန်မာလိုဆို ခေါင်းဆောင် လို့အဓိပ္ပါယ်ရပါတယ်။

နိုင်သူစားစတမ်း လူမိုက်တွေကြီးစိုးနေတဲ့မြို့မှာ လူမိုက်တွေဟာ ဥပဒေလွတ် ဆင်းရဲသားလူတန်းစားတွေကို အနိုင်ကျင့်ဂုတ်သွေးစုပ်ပြီး ကျိကျိတက်ချမ်းသာ
နေကြပါတယ် ။

ရဲတွေ အာဏာရှိသူတွေကလဲ သူတို့ဘက်တော်သားဆိုတော့ ဘယ်သူကမှ သူတို့ကို မတော်လှန်ဝင့်ကြပါဘူး
အဲ့အချိန်မှာ ဒီကြားထဲကနေ သူတို့ကို ပြန်တွန်းလှန်မယ့် အင်အား ကြီးတဲ့ naayak ဆိုသူ ပေါ်လာချိန်မှာတော့
#crd
2,450000
PrimeNet MM

Sep 03, 2026, 13:50

ဗာဆူဒါဆိုတဲ့ အမျိုးသမီးက အိမ်ထောင်ကျ ကလေးရပြီးတဲ့ နောက်မှာ သူ့ယောက်ျားဖြစ်သူ က
အလုပ်ကိစ္စခရီးထွက်ရင်းနဲ့ပျောက်ခြင်းမလှပျောက်နေခဲ့ပါ တယ်။

ကလေးတစ်ယောက်နဲ့ ရုန်းကန်ရင်း တစ်ရက်တော့ သူ့ ဆီကို ရဲတွေ ရောက်လာတယ်။

သူ့ယောက်ျားက သာမန်အလုပ် သမားတစ်ယောက်မဟုတ်ဘဲ အကြမ်းဖက် တစ်ယောက်အဖြစ် ထွက်ပြေးနေတာ ဖြစ်ကြောင်း၊ သူဆက်သွယ်လာတာနဲ့ ရဲတပ်ဖွဲ့ကို အသိပေးဖို့ အကြောင်းပြော သွားခဲ့ကြတယ်။

ဗာဆူဒါက သူ့ ယောက်ျားအကြောင်းကို သိပြီး သူ့ကို နှစ်အတန်ကြာပစ်ထားခဲ့ တဲ့ ယောက်ျားကို စိတ်အနာကြီး နာသွားခဲ့တယ်။

ဒီကြားထဲမှာပဲ ဗာဆူဒါက ဟိုတယ်ကြီးတစ်ခုမှာ အလုပ်လုပ် ရင်း အဲဒီဟိုတယ်ပိုင်ရှင်လူငယ် သူဌေးက မြင်မြင်ချင်းကြိုက်ပြီး သူ့ကိုရဖို့ ကြိုးစားတယ်။

တိုတိုပြောရရင် အဲဒီသူဌေးက သူ့ကို ဒူဘိုင်းအထိခေါ်ပြီး အလုပ်တွေပေး၊ လိုလေသေးမရှိအောင်ထားနဲ့ သူ့ဘ၀မှာ အရင်က မရဖူးတဲ့ ချစ်ခြင်းမေတ္တာကို သူရသွားခဲ့တယ်။

ယောက်ျားက ပစ်သွားတဲ့အချိန် သူ့ကို အနီးကပ် ဂရုစိုက်နေတဲ့ သူဌေးတစ်ယောက်အပေါ် ဗာဆူဒါ ချစ်မိသွားတယ်။ သူတို့ အတူနေလိုက်ကြတယ်ပေါ့။

ပြဿနာက အဲဒီလိုချစ်ပြီး နောက်ပိုင်းမှစပါတယ်။ ဗာဆူဒါရဲ့ ယောက်ျားက အိန္ဒိယပြန်ရောက်လာတယ်။

လူရုပ်မပေါ်တော့အောင် စုတ်ပြတ်သတ်နေပြီး ဗာဆူဒါက ခွင့်နဲ့ ပြန်ရောက်တဲ့ အချိန်မှာ သူ့ယောက်ျားနဲ့ တိုးပါ တယ်။

သူ့ကို ပစ်သွားခဲ့တယ်ဆိုတဲ့ ယောက်ျားက တကယ်တော့အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခေါ်ဆောင်တာခံခဲ့ရတာဖြစ်ပြီး အဲဒီအကြမ်းဖက်သမားတွေက သူ့ကို နှစ်ပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ထားခဲ့တာဖြစ်ပါတယ်။

ဒါတွေကို ဗာဆူဒါသိပြီးတဲ့အချိန်က တော်တော်လွန်သွားပြီ။

ယောက်ျားမရှိတော့လို့ သူရွေးချယ်တဲ့ အမျိုးသားက တစ်ဖက်။ သူ့ကို ချစ်ရဲ့သားနဲ့ တစ်ဖက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ သူ့ရဲ့ကာမပိုင်က တစ်ဖက်နဲ့ပေါ့။ဒီနောက်မှာ ဒီလူသုံးယောက်ရဲ့ ချစ်ခြင်းမေတ္တာ၊

အတ္တ၊ မာနနဲ့ စွန့်လွှတ်ခြင်းတွေကိုပါ ထည့်ပြသွားပါတယ်။

ဒီဇာတ်ကားက ဒီမှာ ရေးပြသလို အစဉ်လိုက်ဖြစ်စဉ်မဟုတ်ပါဘူး။ ဇာတ်ကားအစ အဆုံးကြည့်မှသာ ဇာတ်လမ်းကို သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။

တော်တော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်တာကြောင့် ကြည့်ရှုဖို့ တိုက်တွန်းလိုပါတယ်
#crd
3,500004
PrimeNet MM

Sep 03, 2026, 13:50

Raj (Shah Rukh Khan) နဲ့ Meera (Kajol) တို့ဟာ ဘူလ်ဂေးရီးယားမှာ တွေ့ဆုံချစ်ကြိုက်ခဲ့ကြပေမဲ့ သူတို့ရဲ့ ဖခင်ဖြစ်သူများဟာ အပြိုင်အဆိုင် မာဖီးယားဂိုဏ်းစတားကြီးများ ဖြစ်နေကြပါတယ်။ နားလည်မှုလွဲမှားမှုနဲ့ ပစ်ခတ်မှုတစ်ခုကြောင့် သူတို့နှစ်ဦး လမ်းခွဲခဲ့ရပြီး နောက်ပိုင်းမှာ Raj ဟာ ဒိုနို (Veer) ဆိုတဲ့ ညီလေးနဲ့အတူ ဂိုဏ်းစတားဘဝကို စွန့်လွှတ်ကာ ကားပြင်အလုပ်ရုံဖွင့်ရင်း ပေါ့ပေါ့ပါးပါး အသက်မွေးနေထိုင်ခဲ့ပါတယ်။
နှစ်အတော်ကြာပြီးနောက် ညီဖြစ်သူ Veer (Varun Dhawan) ဟာ Ishita (Kriti Sanon) ဆိုတဲ့ မိန်းကလေးနဲ့ ချစ်ကြိုက်သွားခဲ့ရာကနေ အတိတ်က နာကျင်စရာ အချစ်ဟောင်းတွေ၊ မာဖီးယားနောက်ကြောင်းတွေနဲ့ ပြန်လည်ရင်ဆိုင်ကြရပါတော့တယ်။
#crd
4,410003
PrimeNet MM

Sep 01, 2026, 05:39

၂၀၁၇ ခုနှစ်က ထွက်ခဲ့တဲ့ ဟဲလို ဆိုတဲ့ ရုပ်ရှင်ထဲမှာ တယောထိုးမင်းသားဆိုပြီနာမည်ကြီတေလေဂူးမင်းသားချော
အက်ခေးလ်ရဲ့ စပိုင် အက်ရှင် သည်းထိတ်ရင်ဖိုရုပ်ရှင်လေးပါ

အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ မီဒီယာ၊ အစရှိတဲ့ တိုင်းပြည်ဒေါက်တိုင်တွေအားလုံးကို အီလူမီနာတီအဖွဲ့လိုမျိုး။အဖွဲ့အစည်းတစ်ခုက နောက်ကွယ်ကနေ ချုပ်ကိုင်ထားပါတယ်

အဲဒီအဖွဲ့ကြီးကို ကြိုးကိုင်နေတဲ့ အဆင့်အမြင့်ဆုံးလူ ခေါင်းဆောင်က
ဂေါ့ဆိုတဲ့လူတစ်ယောက်ဖြစ်ပြီး အားလုံးသိကြတဲ့ အိန္ဒိယထောက်လှမ်းရေးအဖွဲ့
က အဲဒီ ဂေါ့ကို ရှင်းဖို့ ကြိုးစားနေပါတယ်

ဒါပေမဲ့ အဲဒီလို အရင်းအမြစ်ပေါင်းစုံရှိတဲ့ အဖွဲ့ကတောင်ဂေါ့ကိုဖမ်းဖို့ ခြေရာလက်ရာ လုံးဝ ရှာမတွေ့ဖြစ်နေတုန်းမှာ
ငယ်ငယ်ကတည်းက စပိုင်တစ်ယောက်ဖြစ်ချင်လို့ နည်းမျိုးစုံလေ့ကျင့်ထားတဲ့ ရစ်ကီဆိုတဲ့ အပျော်တမ်းဟက်ကာကောင်လေးက စစ်စတမ်ထဲကို ဟက်ခ်ပြီး အေးဂျင့်တစ်ယောက်ဖြစ်ချင်ပါတယ်လို့ ကမ်းလှမ်းလာတဲ့အခါမှာတော့
#crd
4,750001
PrimeNet MM

Sep 01, 2026, 05:39

စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် Rockstar Games ကတော့ "Grand Theft Auto VI: An Extended Look" ဆိုပြီး ၂၆ မိနစ်စာ Official Gameplay နဲ့ Cinematic Preview ကို သြဂုတ်လ ၂၇ ရက်နေ့က တရားဝင် ချပြလိုက်ပါပြီ။ ဒီတစ်ခေါက် အလန်းဆုံးအချက်ကတော့ YouTube ပေါ်မရောက်ခင် နက်ဖလစ် မှာ ၆ နာရီတိတိ Exclusive အရင်ဆုံး ပြသသွားခဲ့တာပါပဲ။

PS5 ပေါ်က in-game footage တွေ အစစ်အမှန်ဖြစ်လို့ ဂရပ်ဖစ်နဲ့ ရုပ်ထွက်ပိုင်းကတော့ အမိုက်စားပါပဲ။ ဒီ Preview ထဲမှာ ဘာတွေလန်းသွားလဲဆိုရင်...

အကြမ်းစား Gameplay အတွေ့အကြုံ ဘယ်သူမှ ဝင်ရှင်းပြနေတဲ့ Voiceover တွေမပါဘဲ Vice City နဲ့ Leonida ပြည်နယ်တွေထဲက အက်ရှင်အပြည့် ကားမောင်းနှင်မှုတွေ၊ ပစ်ခတ်မှုတွေကို အစိမ်းသက်သက် (Raw) ခံစားကြည့်ရှုရမှာပါ။

Jason နဲ့ Lucia တို့ရဲ့ အမိုက်စား ဇာတ်လမ်း "Bonnie and Clyde" စတိုင် ဇာတ်ကောင်နှစ်ဦးဖြစ်တဲ့ Jason Duval နဲ့ Lucia Caminos တို့ကို လိုအပ်သလို ချက်ချင်း လှည့်ပြောင်းကစားနိုင်မယ့် (Real-time Character-switching) စနစ် ပါလာပါတယ်။ ဗီဒီယိုထဲမှာ Jason က Lucia ကို ပြတင်းပေါက်ကနေ ကူညီပြီး ဆင်းခိုင်းတဲ့ ရဲတွေနဲ့ပစ်ခတ်နေတဲ့ အခန်းလေးဆို တော်တော်လေးကို မိုက်ပါတယ်။

ကိုယ်တိုင်ရွေးချယ်နိုင်မယ့် Relationship စနစ် ဂိမ်းဆော့တဲ့သူရဲ့ ရွေးချယ်မှုတွေအပေါ် မူတည်ပြီး ဇာတ်ကောင်နှစ်ဦးရဲ့ ဆက်ဆံရေးက အပြောင်းအလဲရှိမှာပါ။ သူတို့နှစ်ယောက်ကို ရည်းစားတွေမဖြစ်စေချင်ရင်လည်း ဖယ်ထုတ် (Opt-out) လို့ရမယ့်စနစ် ပါဝင်တာမို့ ကိုယ့်စိတ်ကြိုက် ကစားနိုင်မှာပါ။

လာမဲ့ နိုဝင်ဘာ ၁၉၊ ၂၀၂၆ မှာ တရားဝင် ဖြန့်ချိတော့မယ့် ဒီဂိမ်းကြီးကို ဆော့ဖို့ရော အဆင်သင့်ဖြစ်နေကြပြီလား။ အသစ်ထွက် GTA ကရော ဘယ်လောက်ကြမ်းမလဲဆိုတာ ကိုယ်တိုင်ကြည့်ရှုခံစားကြပါဦး။
#crd
4,980000
PrimeNet MM

Sep 01, 2026, 05:39

ရုပ်ရှင်သစ်မထွက်တာကြာပြီဖြစ်တဲ့ အာလီယာဘတ်ရဲ့ ရှယ်ကြမ်း ရုံတင်အက်ရှင် သည်းထိတ်ရင်ဖိုကားကြီး

ဒီရုပ်ရှင်ဟာ တိုက်ဂါးတို့၊ ပထန်တို့ရဲ့ YRF Spy Universe ထဲမှာရှိပြီး YRF Spy Universe ရဲ့ပထမဆုံး အမျိုးသမီးဇာတ်လိုက်ရုပ်ရှင်ဖြစ်ပြီး အရင်ကားထဲက ဇာတ်လိုက်တစ်ယောက်ကလည်း ဝင်ရောက်အားဖြည့်ထားပါသေးတယ်

မလွှဲရှောင်သာတဲ့အကြောင်းကြောင့် သွေးထဲမှာ လူလွန်စစ်သားဆေးရည်အစွမ်းတွေရှိနေတဲ့ ဆီသာ

မိဘမဲ့ဘဝနဲ့ ကြီးပြင်းလာပြီး ထိပ်တန်းကြေးစား လုပ်ကြံသူတစ်ဦး ဖြစ်တဲ့ ဆီတာဟာ သူ့ရဲ့ အတိတ်ဆိုးနှင့် မိသားစုနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို စုံစမ်းပြီး သိသွားခဲ့ပါတယ်

အဲဒီလိုသိသွားတဲ့ ဆီတာဟာ သူ့ငယ်ဘဝကို ဖျက်ဆီးခဲ့ပြီး တရားမဝင် လူလွန်စစ်သားစီမံကိန်း လုပ်နေတဲ့ နောက်ကွယ်ကလူကို ပြန်ပြီးကလဲ့စားချေဖို့ကြိုးစားပါတော့တယ်...
#crd
5,020003
PrimeNet MM

Sep 01, 2026, 05:39

ဇာတ်လမ်းအစမှာ ၂၀၂၆ ခုနှစ် တမီးလ်နာဒူး ရွေးကောက်ပွဲကာလရဲ့ ရှုပ်ထွေးမှုတွေ ဇာတ်ရေးခွဲခြားမှု ပြဿနာတွေနဲ့ အစပျိုးထားပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ သာလက်ပတီဗီတရီကွန်ဒန်ဟာ ရဲတပ်ဖွဲ့နဲ့ အစိုးရကတောင် လိုအပ်ရင် အကူအညီတောင်းရလောက်တဲ့အထိ အင်အားကြီးမားပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ သူတစ်ယောက်ပါ။ ပြဿနာရှာတဲ့နေရာမှာ စံချိန်တင်ထားသူဖြစ်လို့ လူမိုက်တွေကအစ လန့်ရတဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီလို ကြမ်းတမ်းတဲ့ ပုံစံနောက်ကွယ်မှာ သူဟာ အမေကို ဆုံးရှုံးလိုက်ရလို့အကြောက်လွန်ရောဂါရနေတဲ့ ကလေးမလေး ဗီဂျီအတွက် "စူပါမန်းဦးလေး"အဖြစ် စောင့်ရှောက်ပေးနေတဲ့ နူးညံ့တဲ့ နှလုံးသားပိုင်ရှင်လည်း ဖြစ်ပါတယ်။

တပြိုင်နက်တည်းမှာပဲ ကမ္ဘာတစ်လွှားက အဖြစ်အပျက်တွေဖြစ်တဲ့ ဆွာဇီလန်က နိုင်ငံရေးလုပ်ကြံမှုတွေနဲ့အတူ အိန္ဒိယနိုင်ငံကို ခြိမ်းခြောက်လာတဲ့ အကြမ်းဖက်အန္တရာယ် ကြီးကြီးမားမားတစ်ခု ပေါ်ပေါက်လာပါတယ်။ ပါကစ္စတန်အကြမ်းဖက်သမားတွေဟာ အိန္ဒိယသင်္ဘောကို ပြန်ပေးဆွဲပြီး ချန်နိုင်းမြို့ဆီ ဦးတည်လာကြပြီး သူတို့ရဲ့ လျှို့ဝှက်စစ်ဆင်ရေးဖြစ်တဲ့ "အိုအမ်" ကို အကောင်အထည်ဖော်ဖို့ ကြိုးစားလာကြပါတယ်။

အကြမ်းဖက်သမားတွေရဲ့ ရက်စက်တဲ့ အစီအစဉ်တွေကို သာလာပါသီ တစ်ယောက် ဘယ်လို ဖြိုခွင်းမလဲ။

သူချစ်ရတဲ့သူတွေကိုရော ဘယ်လိုကာကွယ်သွားမလဲ။

နိုင်ငံရေးလှည့်ကွက်တွေ၊ သစ္စာဖောက်မှုတွေကြားထဲကနေ နိုင်ငံချစ်စိတ်၊ သံယောဇဉ်နဲ့ အက်ရှင်အကြမ်းစားတွေကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
#crd
4,420009
PrimeNet MM

Sep 01, 2026, 05:39

အစိုးရဝန်ထမ်း ရာဂျီဗန်ဟာ ဇနီးဖြစ်သူ မီရာရယ်
သမီးနှစ်ယောက်နဲ့အတူ နေထိုင်သူဖြစ်ပေမယ့်
အိမ်ထောင်ရေးအဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရသူပါ။

တစ်နေ့မှာတော့ သူဟာ ISFC ဘဏ်ရဲ့ ဗန်ချီယူးရ်ဌာနခွဲမှာ
၁၇ ကုဋေနီးပါး ဓားပြတိုက်ခံရမှုအတွင်း မမျှော်လင့်ဘဲ ပိတ်မိသွားခဲ့ပါတယ်။

မရေမရာ အခြေအနေတွေကြောင့် ဓားပြတွေက ရာဂျီဗန် ကို
ဓားစာခံအဖြစ်ဖမ်းခေါ်သွားခဲ့ကြပြီး ဓားပြတွေ ကားမှောက် ‌ေ_သဆုံးသွားတဲ့အခါ
ပျောက်ဆုံးသွားတဲ့ ငွေကြေးတွေကြောင့် ရာဂျီဗန်ဟာ ရဲတပ်ဖွဲ့နဲ့ ရာဇဝတ်ဂိုဏ်း
နှစ်ဘက်လုံးရဲ့ အဓိက တရားခံဖြစ်လာခဲ့ပါတယ်။ဘက်ပေါင်းစုံက ဖိအားတွေ‌
ကြောင့်ဘဝပျက်မလို ဖြစ်လာချိန်မှာ ရာဂျီဗန်တစ်ယောက် မိသားစုနဲ့ မိမိကိုယ်ကို ကာကွယ်ဖို့ ဘယ်လိုရုန်းကန်သွားမလဲဆိုတာ
#crd
4,660000
PrimeNet MM

Sep 01, 2026, 05:39

ဒီကားအတွက်တော့အထွေအထူး ညွှန်းနေစရာမလိုလောက်ဘူး။

Remake အနေနဲ့ Simba (2019) hindi နဲ့
Ayogya (2019) tamil နှစ်ကားတောင် ထွက်ပြီးသွားပြီ။
ဒါပေမယ့် တချို့ တေလဂူကား ပရိတ်သတ်တွေနဲ့ Jr.NTRဖန်တွေက ပြန်တောင်းဆိုနေလို့ ဘာသာပြန် တင်ဆက်လိုက်တာပါ။

ငယ်စဉ်ကတည်းက ဘဝကြမ်းခဲ့ပြီးခံယူချက်အမှားတွေကို ဆုပ်ကိုင်ခဲ့တဲ့အကျင့်ပျက်ရဲတစ်ယောက် အကြောင်းကို လှလှပပ ရိုက်ကူးထားတဲ့ကားပါ။
#crd
4,070000
PrimeNet MM

Sep 01, 2026, 05:39

ဇာတ်လမ်းကတော့ တက်တီယာနာတို့ သူငယ်ချင်းတစ်စု အပန်းဖြေခရီးထွက်ရာကနေ စပါတယ်။ ပျော်ပျော်ပါးပါး ပါတီပေး၊ ရေငုပ်ကြဖို့ စိတ်ကူးယဉ်ခဲ့ကြပေမဲ့ ကံဆိုးချင်တော့ တက်တီယာနာရဲ့ မောင်ဖြစ်သူက လောင်းကစားဝိုင်းမှာ မူးယစ်ရာဇာကြီး ဘန်းနဲ့ သွားငြိရာကနေ ပြဿနာစပါတော့တယ်။

ဒီလိုနဲ့ အကြွေးဆပ်ဖို့ အစား သူတို့သူငယ်ချင်းတစ်သိုက်ကို ပင်လယ်ထဲက ငါးမန်းကြည့်တဲ့ လှောင်ချိုင့်ထဲ ထည့်ပြီး ရေအောက်မှာကျနေတဲ့ မူးယစ်ဆေးထုပ်တွေ သွားဆယ်ခိုင်းပါတော့တယ်။

ပြဿနာက သူတို့ဆင်းရမယ့် ရေအောက်မှာက အချိုင့်အပြင်ဘက်မှာ အနံ့ရတာနဲ့ ကိုက်ဖြတ်ဖို့အသင့်ဖြစ်နေတဲ့ ငါးမန်းဖြူကြီးတွေ ဝိုင်းနေသလို၊ အပေါ်မှာကလည်း သူတို့ကို အချိန်မရွေး သတ်ပစ်ဖို့ အသင့်ဖြစ်နေတဲ့ လက်နက်ကိုင် လူမိုက်တွေက ဝိုင်းနေတဲ့အခါ...

ရေအောက်မှာ အောက်ဆီဂျင်က တဖြည်းဖြည်း ကုန်လာ... ငါးမန်းတွေက တစ်ဖက်၊ အပေါ်တက်ရင်လည်း သေနတ်နဲ့ အပစ်ခံရမဲ့ အခြေအနေမှာ တက်တီယာနာတစ်ယောက် သူ့သူငယ်ချင်းတွေနဲ့မောင်ဖြစ်သူကို ကယ်တင်ပြီး ဒီရေအောက်ငရဲခန်းကနေ ဘယ်လို လွတ်မြောက်အောင် ကြိုးစားမလဲဆိုတာကိုတော့...

ငါးမန်းကားကြိုက်တဲ့ သူတွေရော၊ Action Crime Thriller အကြမ်းစား Vibe ကို ခံစားချင်တဲ့ သူတွေပါ လက်မလွတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်လို့ အခုပဲ ပြေးကြည့်လိုက်ကြပါတော့ဗျာ။
#crd
3,530003
PrimeNet MM

May 07, 2026, 20:38

လူသားနဲ့ချစ်မိသွားတဲ့ရေသူမလေး

တက္ကသိုလ်တစ်ခုက ဇီဝဗေဒပါမောက္ခတစ်ယောက်နဲ့ သူ့ကျောင်းသားတွေက နယ်အစွန်အဖျားမှာရှိတဲ့ လူသူမနီးမဝေးတောအုပ်တစ်ခုထဲကို လေ့လာရေးခရီးထွက်လာခဲ့ပါတယ်။

သူတို လေ့လာရေးခရီးထွက်လာခဲ့တဲ့တောအုပ်က ယုံတမ်းပုံပြင်ထဲက ဒဏ္ဍာရီလာ မာ့ဗ်ကာလိုခေါ်တဲ့ တောစောင့်နတ်တွေနဲ့ ရေသူမတွေရှိတယ်လို ဒေသခံတွေက ယုံကြည်ကြပါတယ်။

ဒီမာ့ဗ်ကာလိုခေါ်တဲ့ တောစောင့်နတ်သမီးတွေနဲ့ ရေသူမတွေဟာ နှစ်တစ်နှစ်ရဲ့ အခုလိုအချိန်မှာ တောထဲရောက်လာသူတွေကို ဖမ်းစားတတ်တဲ့အကြောင်း တည်းခိုခန်းပိုင်ရှင်က သတိပေးလိုက်ပါသေးတယ်။

ဒါပေမဲ့ ကျောင်းသားတစ်စုက သိပ္ပံပညာရှင်တွေဆိုတော့ အယုံအကြည်မရှိဘဲ အမှုမဲ့ အမှတ်မဲ့ပါပဲ။ ဒီလိုနဲ့ ခေတ္တတည်းခိုခဲ့တဲ့ တည်းခိုခန်းပိုင်ရှင်ကို နှုတ်ဆက်ပြီး တောထဲကို ခရီးဆက်ထွက်လာခဲ့ပါတယ်။

ဒီလိုနဲ့ တောထဲမှာ စခန်းချပြီး နောက်တစ်ရက်မှာတော့ တောထဲမှာ ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ စပြီး တွေ့ဆုံမိတဲ့အခါမှာ ဘယ်လိုကိစ္စတွေ ဆက်ဖြစ်လာမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုရမှာပါ။
2,740003
PrimeNet MM

May 07, 2026, 20:38

အာကာသထဲက ယာဉ်ပျက်ကြီးထဲမှာ ရာစုနှစ်ချီအိပ်ပျော်နေတဲ့ သွေးစုပ်ဖုတ်ကောင် နိုးထလာတဲ့အခါ...

အာကာသထဲက ယာဉ်ပျက်ကြီးတစ်ခုအတွင်း ရာစုနှစ်ချီ အိပ်ပျော်နေတဲ့ သွေးစုပ်ဖုတ်ကောင် D-r-a-c-u-l-a ဟာ စူးစမ်းရှာဖွေရေးအဖွဲ့ရဲ့ အမှားတစ်ခုကြောင့် ပြန်လည်နိုးထလာပါတယ်။ နည်းပညာမြင့်မားတဲ့ အနာဂတ်ကာလမှာ ရှေးဟောင်းမိစ္ဆာဆိုးရဲ့ ရန်ကနေ အာကာသယာဉ်သားတွေ ဘယ်လိုအသက်လုလွတ်မြောက်အောင် ကြိုးစားကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ မြင်တွေ့ရမယ့် Sci-Fi သဲဖိုဇာတ်လမ်းပဲ ဖြစ်ပါတယ်။
2,520000
PrimeNet MM

May 07, 2026, 20:38

နှစ်ပေါင်း၂၀ ကြာမှ ဖွင့်ဖတ်ခွင့်ရခဲ့တဲ့အချစ်ဆုံးသူရဲ့ နောက်ဆုံးစာ

ဘုရင့်သမီးတော်က သာမန်မိဘမဲ့စစ်သားလေးကိုချစ်မိသွားသောအခါ...

အက်ဖရင်းဟာ ပါကစ္စတန်လူငယ်ဥက္ကဋ္ဌဖြစ်ပြီး အိန္ဒိယကိုတအားမုန်းသူပါ။အိန္ဒိယနဲ့ပါကစ္စတန်ကျောင်းသားတွေရန်ဖြစ်ပြီး သူဟာအိန္ဒိယအကြီးအကဲတယောက်ရဲ့ကားကို မီးရှို့ခဲ့ပါတယ်။တောင်းပန်ဖို့နဲ့ မဟုတ်ရင်လျော်ကြေး ၁သန်းပေးရမယ်ဆိုပါတယ်။အိန္ဒိယတယောက်ကို တောင်းပန်မယ့်အစား လျော်ကြေးပဲပေးမယ်ဆုံးဖြတ်ပြီး အဘိုးဆီကပိုက်ဆံတောင်းပါတယ်။ဒါပေမယ့် အဘိုးဟာသေဆုံးသွားပြီဖြစ်ပြီး သေတမ်းစာထဲမှာ လွန်ခဲ့တဲ့နှစ်၂၀က မတည်နိုင်ခဲ့တဲ့ကတိကို တည်အောင်လုပ်ပေးရမယ် အဲဒီလိုလုပ်ပေးမှ အမွေတွေပေးမယ်လို့ ရေးထားခဲ့ပါတယ်။အဲဒီကတိကတော့ သူ့သူငယ်ချင်းဖြစ်သူ ရမ်ရဲ့ကောင်မလေး ဆီတာ ဆီမပို့ဖြစ်ခဲ့တဲ့စာကို ပို့ပေးရမှာပါ။ခက်တာက ရမ်နဲ့ ဆီတာ ဟာ အိန္ဒိယဖြစ်နေတာပါ။သူဟာပိုက်ဆံလိုနေလို့သာ သဘောတူလိုက်ရတာပါ။လွန်ခဲ့တဲ့ နှစ်၂၀က ဆီတာ ဆိုတဲ့ ကောင်မလေးကို ဘယ်လိုလိုက်ရှာမလဲ?ဆီတာနဲ့ ရမ်တို့ရဲ့ ဇာတ်လမ်းကရောဘယ်လိုဖြစ်ခဲ့တာလဲဆိုတာကတော့...
2,600004
PrimeNet MM

May 07, 2026, 20:38

Hunter Killer (2018)

စစ်ကားကောင်းတွေ ငတ်နေကြသူတွေအတွက် ရုရှားနဲ့ အမေရိကန်ဆော်ကြမယ့် 2018 ထွက် Hunter Killer ဆိုတဲ့ ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်….

Hunter Killer ဆိုတာက အမေရိကန်ရေငုပ်သင်္ဘော အမျိုးအစားတစ်ခုရဲ့နာမည်ဆိုပါတော့…တစ်နေ့ အမေရိကန်ရေငုပ်သင်္ဘောတစ်စီး (တန်ပါဘေး) ဟာ အာတိတ်သမုဒ္ဒရာထဲ ကင်းထောက်နေတုန်း ရုရှား ရေငုပ်သင်္ဘောတစ်စီး ပေါက်ကွဲပျက်စီးသွားတာကြားလိုက်ရပါတယ်…

ဘာကြောင့် ဒီလိုဖြစ်သွားသလဲ စုံစမ်းနေတုန်း မရှေးမနှောင်းမှာပဲ သူတိုသင်္ဘော တန်ပါဘေးလည်း ဒုံးကျည်ထိမှန်ပြီး နစ်မြုပ်ခဲ့ရပါတယ်…

အမေရိကန်အစိုးရ နဲ့ ရုရှားအစိုးရလည်း ဘယ်သူက စတင်ပစ်ခတ်တယ်ဆိုတာ မသေချာပေမယ့် နှစ်ဖက်စလုံးမှာအထိအခိုက်ရှိသွားတာဖြစ်တဲ့အတွက်နိုင်ငံရေးတင်းမာမှုတွေ ရှိလာခဲ့ပါတယ်…

ဒါကြောင့် အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးက နစ်မြုပ်သွားတဲ့ တန်ပါဘေးကို ကယ်ဆယ်ဖို ကပ္ပတိန် ဂျိုးဂလက်စ်ဦးစီးတဲ့ Hunter killer တစ်စီးလွှတ်ပါတော့တယ်…
3,090003
PrimeNet MM

May 07, 2026, 20:38

Son of sardar[2012]

ဇာတ်လမ်းကောင်းကောင်းနဲ့ အသေရီရတဲ့ကားပါ

မင်းသားကြီး အဂျေးသရုပ်ဆောင်ထားတဲ့ ဟင်ဒီစကားပြောဒီရုံ ကားက 2010 ကထွက်ရှိထားတဲ့ တမီလ်စကားပြော “Maryada Ramanna” ကို remake ပြန်လည်ရိုက်ကူးထားတာပါ တိုက်ဂါး မင်းသားကြီး Salman Khan လည်း ပါဝင်သရုပ်ဆောင်ထားပါတယ် မွေးရပ်မြေ အိန္ဒိယကို မြေကွက်ရောင်းဖို့ပြန်လာတဲ့ အဂျေး ..ဒီမွေးရပ် မြေမှာကသူတို့မိသားစုနဲ့ ကမ္ဘာ့ရန်သူတွေဖြစ်တဲ့ စန်ဒူးမိသားစုရှိတယ် ပေါ့ဗျာ မျိုးဆက်သာတုန်းမယ် တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ တွေ့တာ နဲ့အချင်းချင်းသတ်နေကြတဲ့ ဒီ၂ဖက်မိသားစု ဒီရန်ပွဲမှာ သူ့အဖေက နစ်နာသူအဖြစ်နဲ့ အသတ်ခံလိုက်ရတယ် ဒီ ရန်ငြိုးကို ဦးလေးဖြစ်သူ က အဂျေးတို့ကိုပြန်ဆပ်ခိုင်းပြီး ရန်ကြွေးကိုမဆပ်ရသေးဘဲ မင်္ဂလာ မဆောင်ရဘူးဆိုပြီး ရာဇသံပေးလို့ အဂျေးရဲ့မိခင်ဖြစ်သူက သားတွေ ခေါ်ပြီးထွက်ပြေးလာခဲ့ရာက အခုဒီမွေးရပ်မြေကို အဂျေးတစ်ယောက် မြေပြန်ရောင်းဖို့ဇာတ်လမ်းစလာခဲ့တာပေါ့ ဖူးစာလူးလာ ဒူးကာလို့ မရဆိုသလိုပဲရွာမှာ စောင့်ဆိုင်းနေတဲ့ သူတို့ရဲ့ကမ္ဘာ့ရန်ဘက်ကြီးရဲ့ သမီးကိုမှ မြင်မြင်ချင်းချစ်မိသွားတဲ့ အဂျေးတစ်ယောက် ဘယ်လို ဇာတ်လမ်းနဲ့နှစ်ပါးသွားကြမလဲ တစ်ဖက်ကကလဲ့စား တစ်ဖက်က ချစ်ခြင်းမေတ္တာနဲ့ ဘယ်လမ်းကိုရွေးမယ်ဆိုတာကိုတော့..
3,630003
PrimeNet MM

May 07, 2026, 20:38

မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမခွဲခြားပုံတို့ကို ဒီဇာတ်ကားလေးညွှန်းဆိုထားပုံက ရင်ထဲမှာတသသကျန်ရှိစေပါတယ်။

IMDb Rating 8.1 ထိရရှိထားပြီး ရိုက်ကူးရေးဘက်ဂျက် ရူပီးကုဋေ ၉၀ ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ ရူပီးကုဋေ ၉၀၀ ကျော် ပြန်လည်ရရှိတဲ့အထိ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

မင်းသားကြီးဆယ်မန်ခန်း၊နဝါးဇ်၊မင်းသမီး ကရီးနာကပူးတို့မှအဓိကပါဝင်ထားကြပါတယ်။

ဇာတ်လမ်းအကျဉ်း အိန္ဒိယနိုင်ငံဒေလီမြို့မှာပွဲတော်ကြီးကျင်းပချိန်ပေါ့။

ပဝန်(ဆလက်မန်ခန်း)ဟာလည်း ပါဝင်ဆင်နွှဲပြီးစားသောက်ဖွယ်ရာတွေကိုမြိန်မြိန်စားနေတဲ့အခိုက်အတန့်မှာ ပဝန်သတိထားမိတာက သူ့အားစိုက်ကြည့်နေတဲ့ ၆နှစ်အရွယ်ကလေးမ။

ပဝန်ဟာ ကရုဏာသက်မိရင်း ကလေးမလေးကိုအစားအစာတွေကျွေးမွေးခဲ့တယ်။

ပဝန်အိမ်ပြန်တော့လည်းကလေးမလေးဟာ နောက်ကတကောက်ကောက်လိုက်နေခဲ့ပါတယ်။

ဒီလိုနဲ့နာမည်လည်း မေးမရ စကားလည်းမပြောတတ်သောကလေးအား ထားမရစ်နိုင်သည့်အဆုံး ပဝန်ဟာသူ့ယောက္ခမဆီခေါ်လာခဲ့ပါတော့တယ်။

ပဝန်ဟာကလေးမလေးရဲ့နေရပ်လည်းမသိ သူ့မိဘတွေကိုလည်းမသိပေမဲ့ စိတ်ထားဖြူစင်မှုအရင်းခံနဲ့ ကလေးမလေးကို သူ့မိဘဆီပြန်ပို့နိုင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ကလေးမလေးကို မွန်နီလို့အမည်မှည့်ပေးလိုက်ပါတယ်။ တစ်နေ့မှာတော့ ဖန်သားပြင်ထက်က ခရစ်ကတ်ကစားပွဲမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့အပြိုင်အဆိုင်ကစားနေကြပြီး အိန္ဒိယအမှတ်သာလျှင် မွန်နီလေးမှာမပျော်သလိုဖြစ်ပြီး ပါကစ္စတန်နိုင်လျှင် ဝမ်းသာလျက်ရှိနေပါတယ်။

အဲ့အချိန်က အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ စစ်ရေးအရတစ်ဖက်နဲ့တစ်ဖက်မတည့်ကြပါ။ ပဝန်တို့မိသားစုတို့ကလည်း ဘာသာရေးအရဟိန္ဒူဘုန်းကြီးမျိုးနွယ်ဝင်တွေဖြစ်တာကြောင့် ပါကစ္စတန်သူမွတ်စလင်ဖြစ်သူ မွန်နီအားလက်မခံသင့်ကြောင်း၊ပါကစ္စတန်နိုင်ငံသို့ပြန်ပို့သင့်ကြောင်း ပဝန်ကိုတိုက်တွန်းကြပါတယ်။

ပဝန်လဲ ပါကစ္စတန်သံရုံးဆီ မူနီကို သွားရောက်ပို့ပေးပေမယ့် သံရုံးမှာ အိန္ဒိယနိုင်ငံသားတို့ဆန္ဒပြနေတာနဲ့ ကြုံတွေ့ခဲ့ရပြီး သံရုံးရဲ့စာရင်းသမားက မှောင်ခိုလမ်းကနေ ပြန်ပို့ဖို့ ပဝန်ကို အကြံပေးလိုက်ပါတယ်။

ပဝန်ကလဲ ယုံစားမိပြီး မွန်နီကို ချန်ထားခဲ့ပါတော့တယ်။ လမ်းတစ်ဝက်ရောက်ခါမှ ကစားစရာဝယ်ရင်း မွန်နီကို ပေးရန်ပြန်အလှည့်မှာတော့ မွန်နီလေးရောင်းစားခံရမှန်းသိလိုက်ရပါတော့တယ်။

အဲ့ဒီနောက်မှာတော့ပဝန်ဟာ ပါကစ္စတန်နိုင်ငံဆီ သွားရောက်ပြီးမွန်နီ့မိဘတွေကို ရှာဖွေခန်းဖွင့်ပြီး ပြန်လည်ဆုံတွေ့နိုင်စေဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

တကယ်တမ်းတော့ဇာတ်ကားလေးဟာ အညွှန်းနဲ့အဓိပ္ပါယ်ဖော်နိုင်စွမ်းမရှိလှတဲ့မေတ္တာဖွဲ့ဇာတ်အိမ်လေးပါ။

ပဝန်တစ်ယောက် ပါကစ္စတန်နိုင်ငံတွင်းဝင်ရောက်ခဲ့ပုံ၊မိဘရှာတော်ပုံတွေနဲ့အတူ မွန်နီလေးတစ်ယောက်သူ့မိဘနဲ့ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကို ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။

ပဝန်ရဲ့ဘဝနဲ့အချစ်ရေးသာမက စိတ်ထားမြင့်မြတ်မှုတွေကလည်းအတုယူစရာကောင်းလှပါတယ်။

လူသားစစ်စစ်တစ်ယောက်အဖြစ် ပဝန်ရဲ့ကရုဏာကြီးမားမှုတွေ၊ပါကစ္စတန်နိုင်ငံသို့ဝင်ရောက်ဖြတ်သန်းမှုတွေ၊သွေးသားမတော်စပ်သူတစ်ဦးအတွက် ဒုက္ခပေါင်းများစွာဖြတ်သန်းခဲ့ပုံတွေကတော့မျက်ရည်မခိုင်သူအဖို့ပင်လယ်ထွန်းမယ့်ဇာတ်ကားမျိုးပါ။

ဒါ့ပြင်အမြင်မတူအသွင်မတူဘာသာမတူနိုင်ငံသားချင်းမတူကြပေမဲ့မေတ္တာတရားဟာ ကမ္ဘာ့လူသားတရားတော်ဆိုတာကိုဒီဇာတ်ကားလေးကညွှန်းဆိုနေဦးမှ
4,1300010
PrimeNet MM

May 07, 2026, 20:38

Jolly LLB 3 (2025) (ဂျိုလီ)

IMDb: ~7.9/10

ဒီတစ်ခါမှာတင်ဆက်ပေးမယ့် ဇာတ်ကားကရုံတင်ကား ဖြစ်ပြီး ရုပ်ရှင်ကုန်ကျစရိတ် ၁၂ဝကုဋေကုန်ကျခဲ့ပြီး နိုင်ငံတကာဝင်ငွေ ၁၆၈ကုဋေရခဲ့တာပါ

ဒေါ်လာနဲ့ဆိုရင် ၁၉မီလီယံအထိအမြတ်ကြမ်းခဲ့တဲ့ ကားပဲဖြစ်ပါတယ်။ နိုင်ငံတကာကြည့်ရှု့သူဦးရေလည်း ၃၀-၃၅သန်းအထိရှိခဲ့တာပါ။မင်းသားကြီး

အက်ရှေးကူမာနဲ့ အရ်ရှတ် ဝါရှီတို့ရဲ့ တရားရုံး ဇာတ်ကားကိုမှ ဟာသနဲ့ ဒရာမာရောနှောထားတဲ့ကား လေးပဲဖြစ်ပါတယ်။ ဒါရိုက်တာ ဆူဘက်ရှ် ကပူးလ်ရဲ့

ရှေ့နှစ်ကားလိုပဲ သရော်တာတွေနဲ့ ရှေ့နေ့အချင်းချင်း ကွက်ကျော်ရိုက်တာတွေပါ ပြသထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစ - တရားခွင်တစ်ခုမှာ ရာ

ဂျာရမ်ဆိုတဲ့ အဖိုးကြီးတစ်ယောက်ကို စစ်ဆေး မေးမြန်းရာကနေ အစပြုထားပါတယ်။ အကြောင်း ကတော့ သူပိုင်တဲ့လယ်လေးကို အင်ပရီရယ်ဆိုတဲ့

စက်မှုလုပ်ငန်းဂရုက ပရောဂျက်တစ်ခုကိုအကြောင်းပြ ပြီး မတရားသဖြင့်သိမ်းချင်တာကြောင့်ပါ။ ဒီလိုနဲ့ ရာ ဂျာရမ်ဟာ ငွေများတရားနိုင်ဆိုသလိုပဲ
ပိုင်ဆိုင်တာဆိုလို့ သူ့မှာအဲဒီလယ်ကွက်လေးပဲရှိတာ ကြောင့် တစ်ဖက်က ကုမ္ပဏီကြီးကို ဘယ်လိုမှမယှဉ် နိုင်ပဲ တရားသူကြီးကို သနားပါဆိုတဲ့စကား

တစ်ခွန်းသာ ပြောရုံကလွဲဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဒီ လိုနဲ့ အိမ်ပြန်ရောက်လာတဲ့ ရာဂျာရမ်က အတွေးပေါင်း မြောက်များစွာနဲ့ တွေဝေနေခဲ့ပြီး

နောက်ဆုံးမှာတော့ ပူဆွေးသောကတွေနဲ့ အတူ ရေကန် ကြီးထဲမှာ သူ့ဘဝသူအဆုံးသတ်ပစ်လိုက်ပါတော့ တယ်။ ဒါပေမဲ့ ကျန်ခဲ့တဲ့ ဇနီးသည်ကတော့

အမှန်တရားအတွက် ဆက်ပြီးတိုက်ပွဲဝင်ဖို့အတွက် ဒေ လီကိုလာခဲ့ပါတယ်။ အဲဒီမြို့မှာရှိတဲ့ တရားရုံးက ဂျိုလီ ဆိုတဲ့ နာမည်တူ မင်းသားကြီး အက်ရှေး

ကူမာနဲ့ အရ်ရှတ် ဝါရှီတို့နှစ်ယောက်နဲ့တွေ့ပြီး ဘာတွေ ဆက်ဖြစ်သွားဦးမလဲဆိုတာ ဆက်လက်ကြည့်ရှု့ပေး ကြပါဦး။
3,780003
PrimeNet MM

May 07, 2026, 20:38

S-w-a-p-p-e-d (2026)

ဒီနေ့ (၂၀၂၆၊ မေလ ၁ ရက်နေ့) ကမှ Netflix မှာ အသစ်စက်စက် ထွက်လာတဲ့ "Swapped" ဆိုတဲ့ Animation ကားသစ်လေးတင်ပေးထားပါတယ်။

ဒီကားလေးက Skydance Animation ကနေ ထုတ်လုပ်ပြီး Michael B. Jordan နဲ့ Juno Temple တို့လို နာမည်ကြီး သရုပ်ဆောင်တွေက

အသံနဲ့ ပါဝင်အားဖြည့်ပေးထားတာပါ။

မိသားစုနဲ့အတူတူ ကြည့်လို့ကောင်းတဲ့ ပေါ့ပေါ့ပါးပါး body-swap (ခန္ဓာကိုယ်ချင်း လဲသွားတဲ့) ဇာတ်လမ်းပုံစံမျိုးလေးပါ။
2,810001
PrimeNet MM

May 07, 2026, 20:38

A Crazy Little Thing Called Love (or) First Love (2010)

အချစ်ဦးကြောင့် ပုံစံပြောင်းလဲခဲ့တဲ့ ကောင်မလေး

Nam ဆိုတဲ့ကောင်မလေးက အသားခပ်မည်းမည်း၊ ရုပ်ရည်သိပ်မရှိတဲ့ အထက်တန်းကျောင်းသူလေးပေါ့။ သူ သဘောကျနေတဲ့ ကောင်လေးကတော့ Shone လို့ခေါ်ပြီး ရုပ်လည်းချော၊ ဘောလုံးသမားလည်းဖြစ်တော့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ စီနီယာ အစ်ကိုကြီးဖြစ်ပါတယ်။ Nam က Shone ကို တစ်ဖက်သတ် ကြိတ်သဘောကျနေတာဖြစ်ပြီး Shone သိသွားမှာလည်း တအားကြောက်တဲ့သူဖြစ်ပါတယ်။ Nam ရဲ့သူငယ်ချင်းတွေက Shone ပြန်သဘောကျလာဖို့ အမျိုးမျိုး ကူညီ‌ပေမဲ့လည်း Nam ကတော့ တလွဲတွေ လုပ်ပြီးရင်းလုပ်နေပါတယ်။ ဒီလိုမျိုး အချစ်တွေကြားမှာ Shone ကရော Nam သူ့ကိုသဘောကျနေတာ သတိမထားမိဘူးလား? နောက်ဆုံး အထက်တန်းပြီးတဲ့အခါ သူတို့ သုံးယောက် ဘယ်လိုတွေဖြစ်သွားမလဲဆို ကြည့်ရှုရမှာဖြစ်ပါတယ်...
5,260002
PrimeNet MM

May 07, 2026, 20:38

Kerala Story 2 Goes Beyond (2026)

ဖြစ်ရပ်မှန်တွေကိုစုစည်းပြီး ပုံဖော်ရိုက်ကူးထား တဲ့ ဟိန္ဒူမိန်းကလေးတွေရဲ့ ဘဝငရဲခရီးလမ်းကို ကွက်ကွက်ကွင်းကွင်း ရိုက်ကူးထားတဲ့ ပညာပေး ဇာတ်လမ်းလေးတစ်ကား တင်ဆက်ပေးထားပါ တယ် ငယ်ရွယ်လှပပြီး အင်စတာမှာ follower များတဲ့ influencer 3

ကကွက်လှလှလေးတွေနဲ့ ဆွဲဆောင်တတ်လို့ မိဘတွေက ဆာရီဝတ်ပြီး ကခွင့်ပေးထားခဲ့တယ် ဒါပေမဲ့ ရည်းစားဖြစ် သူ ဘာသာခြားတစ်ယောက်ရဲ့ အားပေးမှုနဲ့ ခေတ်ဆန်ဆန် ဝတ်ပြီး follower ပိုရှာလာခဲ့တယ် ။

သူမနာမည်က နေဟာ နိုင်ငံ့ရွှေတံဆိပ်ဆုရှင်ဖြစ်ချင် လွန်းလို့ မိဘတွေရဲ့ အားပေးမှုနဲ့ ကြိုးစားနေတဲ့သူတစ် ယောက်။

သူ့ကောင်လေးကလည်း သူ့ဆို အရမ်းအလိုလိုက် အရမ်း ဆွဲဆောင်တတ်တော့ ကောင်လေးရဲ့လှည့်စားမှုထဲ နား ယောင်ပြီး မိဘတွေမသိအောင် တိုးတိုးတိတ်တိတ် လက်ထပ်ထားခဲ့မိတယ်

နောက်တစ်ယောက်က စနေဟာ သူကတော့ မယားကြီးရှိမှန်းသိသိကြီးကို ဆာလင်းဆိုတဲ့ ဘာသာခြားအမျိုးသားနဲ့ ပတ်သက်မိခဲ့တယ် ဒီ၃ယောက်ရဲ့ ကံကြမ္မာက ဘယ်လိုတွေ ဆက်စပ်နေမလဲ ဘာသာမတူလို့ မိဘတွေ သဘောမတူ မရမကတားမြစ်တဲ့ ကြားကနေ

ကိုယ့်ဘဝ ကိုယ့်ရွေးချယ်မှုဆိုပြီး ရှေ့ဆက်တိုးခဲ့ကြ တဲ့ သူတို့ရဲ့ဘဝတွေက ဇာတ်သိမ်းရော ကောင်းပါမာင် လား မျက်နှာဖုံးတွေကွာကျချိန်မှာ ကြောက်လန့်တုန်လှုပ်စရာတွေနဲ့ ကြုံတွေရမလဲဆိုတာကို တော့ ဆက်လက်ကြည့်ရှုလိုက်ပါဦး...
5,2200021

Showing 27 of 27 posts

Rating

Login required

Frequently Asked Questions

What is the PrimeNet MM Telegram channel about?+

PrimeNet MM (@primenetmm) is a Telegram channel in the Networking category. PrimeNet MM shares Networking content on Telegram.

How do I join PrimeNet MM (@primenetmm) on Telegram?+

Open the channel profile on tgdio, then use the Join / Open in Telegram button to go to @primenetmm in the Telegram app or web client and subscribe for free.

Is PrimeNet MM a good Networking channel to follow?+

On tgdio you can check PrimeNet MM's rating, user reviews, ranking, and latest posts before joining. It currently lists about 26,261 subscribers on tgdio. Compare it with similar Networking channels in the same category.

Where can I see PrimeNet MM stats and latest posts?+

On tgdio, open the @primenetmm channel page for subscriber stats, ranking, ratings, and recent posts. Use the Stats link on the profile for deeper growth and activity charts.