Noise (2025)
IMDb... 6.8
654m
Work Later , Drink Now ထဲက မင်းသမီး Lee Sun Bin, Shark : The Storm ထဲက
မင်းသား Kim Min-Seok, Cheer Up ထဲက မင်းသမီး Han Su-A, Our Unwritten Seoul ထဲက
မင်းသား Ryu Kyung-Soo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Horror Thriller
ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
- ဇာတ်လမ်းအကျဉ်း -
ဆောဂျူယောင်း (Lee Sun-Bin) နဲ့ ဆောဂျူဟီး (Han Su-A) တို့ ညီအစ်မနှစ်ယောက်ဟာ
ကိုယ်ပိုင်တိုက်ခန်းလေး ဝယ်ယူနိုင်ခဲ့ပြီးနောက်မှာ အဲဒီတိုက်ခန်းလေးဆီကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။
ဒါပေမဲ့ တစ်နေ့ကစပြီး တိုက်ခန်းတစ်နေရာကနေ အမည်မသိနိုင်တဲ့ ဆူညံသံတွေကို
စတင်ကြားလာရပါတော့တယ်။ အဲဒီအချိန်မှာပဲ ညီမဖြစ်သူ ဂျူဟီးနဲ့ အဆက်အသွယ်
ပြတ်တောက်သွားတဲ့အတွက် ဂျူယောင်းဟာ နယ်စက်ရုံလေးကနေ အလျင်စလိုပဲ
တိုက်ခန်းဆီ ပြန်လာခဲ့ပြီး ဂျူဟီးရဲ့ချစ်သူ ဂီဟွန်း (Kim Min-Seok) နဲ့အတူ
ဂျူဟီးကို လိုက်ရှာတော့တာပေါ့။ တစ်ဖက်မှာလည်း ဆူညံသံတွေ အဆက်မပြတ်
ကြားနေရတဲ့ အောက်ထပ်အိမ်က ဘတ်ဂွန်းဘယ် (Ryu Kyung-Soo) က အဲဒီဆူညံသံတွေက
ဂျူယောင်းတို့ ညီအစ်မကြောင့်လို့ ထင်ပြီး သတ်မယ်လို့ ခြိမ်းခြောက်လာတဲ့အခါမှာတော့...
တကယ်ပဲ တိုက်ခန်းထဲက ဆူညံသံတွေရဲ့ အရင်းအမြစ်က ဘယ်ကလာတာဖြစ်မလဲ...
ဂျူဟီးကရော ဘာကြောင့် ပျောက်ဆုံးသွားတာဖြစ်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ
အဖြေရှာရင်း ကြည့်ရှုပေးကြပါဦးရှင်...
Channel Joinရန်
https://t.me/+lGqdpXFW0HUzODM1ဇာတ်ကားကြည့်ရန်
https://t.me/c