DPM Myanmar Co.,Ltd Telegram channel photo

DPM Myanmar Co.,Ltd

@dpmmyanmarPublic Channel

Let's walk to the golden future with Doo Prime Myanmar Trading Account ဖွင့်လှစ်လိုပါက DPM Myanmar support team အား ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ https://linktr.ee/DPMgroup2023

5k (5,006 subscribers)
Members
—
Rating
59
Total Posts
Sep 18, 2026, 1:20 PM
Updated
Apr 10, 2026
Created
Stats

You are viewing English content. To see content in other languages, change the language of the site.

Channel Information

Channel Information
Channel NameDPM Myanmar Co.,Ltd
Username@dpmmyanmar
CategoryBusiness News
LanguageEnglish
CountryUnited States
Members5,006
Channel TypePublic Channel
CreatedApr 10, 2026
Last UpdatedSep 18, 2026 • 8 days ago
StatusActive

Ranking

Global Ranking
#9770-1
Language Ranking
#2047-1
Category Ranking
#207+1

Participant Growth (Last 13 Days)

Total: 5.0K
24h growth: -59 1%
04/1005/0105/1807/0308/0908/3009/18

Latest Posts

DPM Myanmar Co.,Ltd

Sep 07, 2026, 01:13

Photo
📉📈 Market လှုပ်ရှားမှုပြင်းထန်ချိန်ဆိုတာ

Price က အချိန်တိုအတွင်း မြန်မြန်တက်၊ မြန်မြန်ကျပြီး Candle အကြီးတွေ ဆက်တိုက်ဖြစ်ပေါ်လာတဲ့အချိန်ကို ဆိုလိုပါတယ်။

ဒီလိုအချိန်တွေမှာ Trading Opportunity ရှိနိုင်သလို —

🔹 Spread ပုံမှန်ထက် ကျယ်လာခြင်း

🔹 Order ဝင်လိုက်တဲ့ Price နဲ့ တကယ်ရတဲ့ Price ကွာသွားခြင်း

🔹 False Breakout ဖြစ်ပေါ်ခြင်း

🔹 Stop Loss ကို အချိန်တိုအတွင်း ထိသွားခြင်း - စတဲ့ Risk တွေလည်း ပိုများလာနိုင်ပါတယ်။

အထူးသတိထားရမယ့် အချိန်တွေကတော့ —

(၁) High-Impact Economic News ထွက်ချိန် 🎯

✨ NFP, CPI, Interest Rate Decision, GDP, Unemployment Data နဲ့ Retail Sales လိုမျိုး Market ကို အဓိကသက်ရောက်စေနိုင်တဲ့ News တွေထွက်ချိန်မှာ Price Movement ပိုမိုပြင်းထန်တတ်ပါတယ်။

✨ News မထွက်ခင် (၁၅) မိနစ်မှ (၃၀) မိနစ်အတွင်းနဲ့ News ထွက်ပြီးနောက် ပထမ (၁၅) မိနစ်မှ (၃၀) မိနစ်အတွင်းကို အထူးသတိထားသင့်ပါတယ်။

(၂) Central Bank ကြေညာချက်များထွက်ချိန် 🎯

FOMC, ECB, BoE နဲ့ BoJ တို့ရဲ့—

🔸 Interest Rate Decision

🔸 Monetary Policy Statement

🔸 Press Conference

🔸 Central Bank Governor Speech တွေက Currency Price ကို ရုတ်တရက်ပြင်းထန်စွာ လှုပ်ရှားစေနိုင်ပါတယ်။

(၃) London နဲ့ New York Session စဖွင့်ချိန် 🎯

✨ Session စဖွင့်ချိန်မှာ Market ထဲကို Trading Volume နဲ့ Liquidity ပိုဝင်လာတာကြောင့် Price Movement မြန်လာတတ်ပါတယ်။

မြန်မာစံတော်ချိန်အရ ခန့်မှန်းခြေ 🇲🇲🕐

🕐 London Session — နေ့လယ်ပိုင်း

🕐 New York Session — ညနေပိုင်း

🕐 London နဲ့ New York Session Overlap — ညနေပိုင်းမှ ညပိုင်းအတွင်းမှာ Market ပိုမိုလှုပ်ရှားတတ်ပါတယ်။

➥◉ Daylight Saving Time ပြောင်းလဲမှုကြောင့် Session အချိန်တွေက တစ်နာရီခန့် အပြောင်းအလဲရှိနိုင်ပါတယ်။

(၄) မမျှော်လင့်ထားတဲ့ Breaking News ထွက်ချိန် 🎯

✨ စစ်ပွဲ၊ နိုင်ငံရေးပြဿနာ၊ ရွေးကောက်ပွဲရလဒ်၊ Trade Policy ပြောင်းလဲမှုနဲ့ အရေးပေါ် Central Bank ကြေညာချက်တွေက Economic Calendar ထဲမှာ ကြိုတင်မပါဝင်ဘဲ Market ကို ရုတ်တရက်ပြင်းထန်စွာ လှုပ်ရှားစေနိုင်ပါတယ်။

ဒါကြောင့် Market လှုပ်ရှားမှု ပြင်းထန်နေချိန်မှာ —

🔻 Economic Calendar ကို အရင်စစ်ဆေးပါ !!!

🔻 Lot Size ကို ပုံမှန်ထက် မတိုးပါနဲ့ !!!

🔻 News ထွက်ပြီး ပထမဆုံး Candle ကို အလျင်စလို မလိုက်ပါနဲ့ !!!

🔻 Spread ကျယ်နေသလား စစ်ဆေးပါ !!!

🔻 Stop Loss မပါဘဲ Trade မဝင်ပါနဲ့ !!!

🔻 Market တည်ငြိမ်လာတဲ့အထိ စောင့်ကြည့်ပါ !!!

Market လှုပ်တာပြင်းတိုင်း အမြတ်ရနိုင်မယ့် Opportunity လို့ မယူဆသင့်ပါဘူး ❎

တစ်ခါတလေ Trade မဝင်ဘဲ Risk ကိုရှောင်နိုင်ခြင်းကလည်း Trader တစ်ယောက်ရဲ့ အရေးကြီးတဲ့ Trading Decision တစ်ခုဖြစ်ပါတယ် 👍🏼

အားလုံးအတွက် အကျိုးရှိမယ်လို့မျှော်လင့်ပါတယ် !!!

နောက်ထပ်လည်း DPM Myanamr ကနေပြီးတော့မှ သိထားသင့်တဲ့အရာလေးတွေ Sharing ထပ်လုပ်ပေးသွားပါဦးမယ် 🥰🫶

🔴 Risk Warning : Forex နှင့် CFDs Trading တွင် ဆုံးရှုံးနိုင်ခြေမြင့်မားပါသည်။ အထက်ပါအကြောင်းအရာများသည် ပညာပေးရည်ရွယ်ချက်အတွက်သာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအကြံပေးချက်မဟုတ်ပါ။

✦✦✦ Trade with Knowledge. Trade Responsibly. ✦✦✦
362002
DPM Myanmar Co.,Ltd

Sep 07, 2026, 01:13

Photo
အမေရိကန်နဲ့ Iran တို့ ဇူလိုင်နောက်ပိုင်း ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှု အပြန်အလှန်ပြုလုပ်
————————————————————————————————————————————
August 31 ၊ 2026

အမေရိကန်နဲ့ Iran တို့ဟာ တနင်္ဂနွေနေ့မှာ ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုတွေ အပြန်အလှန်ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့တွေက Iran ရဲ့ Larak Island ပေါ်ရှိ ဒုံးကျည်ပစ်လွှတ်စင် ၂ ခုကို တိုက်ခိုက်ခဲ့ပြီး Iran ဘက်ကလည်း Jordan ရှိ အမေရိကန်တပ်စခန်းတွေကို ballistic missiles တွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အမေရိကန်ဘက်က တိုက်ခိုက်မှုတွေဟာ Strait of Hormuz မှာ သင်္ဘောသွားလာမှုကို ခြိမ်းခြောက်နေတဲ့ Iran ရဲ့ စစ်ရေးစွမ်းရည်ကို လျှော့ချဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။ အဲဒီနောက် President Donald Trump က Iran ရဲ့ အဓိက ရေနံတင်ပို့ရာနေရာဖြစ်တဲ့ Kharg Island ကို တိုက်ခိုက်နိုင်ခြေရှိကြောင်း ထပ်မံပြောဆိုခဲ့ပြီး ကျွန်းကို တိုက်ခိုက်ထားတဲ့ AI-generated video တစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

Iran ကတော့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်လာပါက စစ်ပွဲအခြေအနေ ပိုမိုပြင်းထန်လာမယ်လို့ သတိပေးထားပါတယ်။ တစ်ချိန်တည်းမှာ Strait of Hormuz နဲ့ ပတ်သက်ပြီး နှစ်ဖက်ကြား သဘောထားကွဲလွဲမှု ဆက်ရှိနေပြီး အမေရိကန်က ရေလက်ကြားဖွင့်ထားတယ်လို့ ဆိုပေမယ့် Iran ကတော့ ပိတ်ထားဆဲလို့ ပြောထားပါတယ်။ ရေလက်ကြားကနေ ဖြတ်သန်းတဲ့ ရေနံနဲ့ ကုန်တင်သင်္ဘောအရေအတွက်ဟာ စစ်ပွဲမတိုင်ခင်အဆင့်ရဲ့ အနည်းငယ်သာ ရှိနေသေးပါတယ်။

တစ်ဖက်မှာလည်း U.S. Treasury Secretary Scott Bessent က Iran အပေါ် ပိတ်ဆို့အရေးယူမှုတွေကို ပိုမိုတင်းကျပ်သွားမယ်လို့ ပြောပါတယ်။ အထူးသဖြင့် Iran နဲ့ ဆက်နွှယ်တဲ့ ဘဏ်တွေကို အာရုံစိုက်ပြီး အပတ်စဉ် secondary sanctions အသစ်တွေ ထုတ်ပြန်သွားနိုင်သလို Iran နဲ့ ဆက်နွှယ်တဲ့ အဖွဲ့အစည်းတွေကို ဒေါ်လာအခြေပြု ဘဏ္ဍာရေးစနစ်ကနေ လုံးဝဖြတ်တောက်နိုင်တဲ့ အရေးယူမှုတွေလည်း ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေ ပြန်လည်စတင်လာတာနဲ့ အတူ Kharg Island ကို တိုက်ခိုက်မယ်ဆိုတဲ့ Trump ရဲ့ သတိပေးချက်တွေကြောင့် ဒေသတွင်း ရေနံထောက်ပံ့မှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာပြီး oil prices တွေလည်း တနင်္လာနေ့မှာ သိသိသာသာ မြင့်တက်လာပါတယ်။

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
411002
DPM Myanmar Co.,Ltd

Sep 07, 2026, 01:13

Photo
Trading ကို Career တစ်ခုအဖြစ် ရွေးချယ်တာ မမှားပါဘူး

(ဒါပေမယ့်)

Trading Income တစ်ခုတည်းကိုပဲ အပြည့်အဝ မှီခိုထားတာကတော့ Traders တော်တော်များများအတွက် Pressure ပိုများလာစေနိုင်ပါတယ်

Market က နေ့တိုင်း ကိုယ်မျှော်လင့်သလို Opportunity ပေးနေမှာ မဟုတ်တဲ့အတွက်

တချို့အချိန်တွေမှာ —

🔸 Setup ကောင်းကောင်း မတွေ့နိုင်တာ

🔸 Losing Streak ကြုံရတာ

🔸 Market Condition မကိုက်တာ

🔸 အချိန်တစ်ခုကြာ Profit မရနိုင်တာမျိုးတွေ ရှိနိုင်ပါတယ်။

အဲ့ဒီအချိန်မှာ Trading Income ကိုပဲ အဓိကမှီခိုနေရရင်

‼️ “ဒီနေ့တော့ Profit ရအောင် Trade ဝင်မှဖြစ်မယ်” ဆိုတဲ့ Financial Pressure ဝင်လာနိုင်ပါတယ်။

ᯓ➤ အဲ့ဒီ Pressure ကနေ Overtrading၊ Lot Size တိုးခြင်း၊ မကောင်းတဲ့ Setup ကို အတင်း Entry ဝင်ခြင်းလို Decision အမှားတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် Trading ကို Career အဖြစ် တည်ဆောက်နေတဲ့အချိန်မှာ …

ကိုယ့်ရဲ့ Stable Income Source၊ Emergency Fund နဲ့ Trading Capital ကို သီးခြားစီ စီမံထားနိုင်ရင် ပိုကောင်းပါတယ်။

Trading မှာ ရေရှည်ရပ်တည်နိုင်ဖို့က ‼️

ᯓ➤ နေ့တိုင်း Profit ရဖို့ထက် Financial Pressure မရှိဘဲ ကိုယ့် Trading Plan ကို စနစ်တကျ Follow လုပ်နိုင်ဖို့ ပိုအရေးကြီးပါတယ်။

Trading Career တစ်ခုတည်းနဲ့ ရပ်တည်မလား ? Income Source တစ်ခုထက်ပိုပြီး စီမံထားမလား ? ဆိုတာတော့ ကိုယ့်ရဲ့ Financial Situation နဲ့ Trading Consistency ပေါ်မူတည်ပြီးတော့ ဆုံးဖြတ်သင့်ပါတယ်။

🔴 Risk Warning : Forex နှင့် CFDs Trading တွင် ဆုံးရှုံးနိုင်ခြေမြင့်မားပါသည်။ အထက်ပါအကြောင်းအရာများသည် ပညာပေးရည်ရွယ်ချက်အတွက်သာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအကြံပေးချက်မဟုတ်ပါ။

❝ Your Private Broker _ D Prime Myanmar ❞
383005
DPM Myanmar Co.,Ltd

Sep 07, 2026, 01:13

Video
31 Aug 2026 📆

🥇 World Gold Day Trade Idea & Analysis
360001
DPM Myanmar Co.,Ltd

Sep 07, 2026, 01:13

Photo
ငွေကြေးဖောင်းပွမှု မြင့်နေဆဲဖြစ်ပေမယ့် ရွှေဈေး $4,600 အထက် ပြန်တက်လာ
——————————————————————
August 27 ၊ 2026

ရွှေဈေးဟာ ကြာသပတေးနေ့မှာ 0.7% မြင့်တက်ပြီး တစ်အောင်စကို $4,625.83 ရှိလာပါတယ်။ Gold Futures ကလည်း 0.6% မြင့်တက်ခဲ့ပြီး $4,680.50 ရှိလာပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်နိုင်ငံအတွင်းငွေကြေးဖောင်းပွမှု မြင့်နေဆဲရှိတယ်လို့ သုံးသပ်နေကြပြီး Fed Chair Kevin Warsh ရဲ့ Jackson Hole မိန့်ခွန်းကို စောင့်ကြည့်နေကြပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ရွှေဈေးဟာ 1.4% ကျဆင်းခဲ့ပြီး 5 ရက်ဆက်တိုက် မြင့်တက်ခဲ့တဲ့ အတက်လမ်းကြောင်း ရပ်တန့်ခဲ့ပါတယ်။ အမေရိကန် PCE price index ဟာ ဇူလိုင်လအထိ တစ်နှစ်တာအတွင်း 3.7% မြင့်တက်ခဲ့တာကြောင့် Fed ရဲ့ ငွေကြေးဖောင်းပွမှု 2% ရည်မှန်းချက်ထက် သိသိသာသာ မြင့်နေဆဲ ဖြစ်ပါတယ်။

ငွေကြေးဖောင်းပွမှု အညွှန်းကိန်းကြောင့် စက်တင်ဘာလမှာ Fed က အတိုးနှုန်းမြှင့်နိုင်ခြေရှိလာနိုင်မလားဆိုတာကို ဈေးကွက်က ပိုမိုထည့်သွင်းတွက်ချက်လာပါတယ်။ အတိုးနှုန်းမြှင့်နိုင်ခြေဟာ အညွှန်းကိန်းမထွက်ခင်က 36% ရှိရာကနေ လက်ရှိမှာတော့ 40% ခန့်အထိ မြင့်တက်လာပါတယ်။ ဒါကြောင့် ဒေါ်လာနဲ့ Treasury yield တွေ အားကောင်းလာပြီး ရွှေဈေးအပေါ် ဖိအားတွေတိုးလာစေပါတယ်။

ဒါပေမယ့် အမေရိကန်ဘဏ္ဍာရေးအခြေအနေနဲ့ ပတ်သတ်တဲ့ ဖိအားတွေက ရွှေဝယ်လိုအားကို ဆက်လက်ထောက်ပံ့ပေးနေပါတယ်။

အခု ရွှေဈေးအတွက် အဓိကစောင့်ကြည့်ရမယ့် အချက်ကတော့ Kevin Warsh ရဲ့ သောကြာနေ့ Jackson Hole မိန့်ခွန်း ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှု 2% ရည်မှန်းချက်ထက် မြင့်နေဆဲအခြေအနေမှာ Fed ရဲ့ အတိုးနှုန်းမူဝါဒကို ဘယ်လိုဆက်သွားမလဲဆိုတာ Warsh ရဲ့ မိန့်ခွန်းကနေတစ်ဆင့် သိရနိုင်ပြီး၊ ဒီမိန့်ခွန်းကပဲ ရွှေဈေးရဲ့ နောက်တစ်ဆင့်အလားအလာအပေါ် အရေးကြီးတဲ့ သက်ရောက်မှု ရှိလာနိုင်ပါတယ်။

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
757004
DPM Myanmar Co.,Ltd

Sep 07, 2026, 01:13

Photo
အမေရိကန်က Iran နဲ့ MOU ကို ပြန်လည်အသက်သွင်းရန် စိတ်ကူးမရှိဟုဆို၊ ဟော်မုဇ်အရေး မရေရာမှုကြောင့် ရေနံဈေးတက်
——————————————————————————————————————————————
August 28 ၊ 2026

Trump အစိုးရက Iran နဲ့ ဇွန်လမှာ ချုပ်ဆိုခဲ့တဲ့ Memorandum of Understanding (MOU) ကို ပြန်လည်အသက်သွင်းဖို့ စိတ်ဝင်စားမှုမရှိတော့ဘူးလို့ Wall Street Journal က ဖော်ပြပါတယ်။ အဲဒီသတင်းထွက်လာပြီးနောက် ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်နိုင်ရေး မသေချာတော့တာကြောင့် Brent crude ဟာ တစ်စည်ကို $88 ကျော်အထိ မြင့်တက်လာပါတယ်။

ဇွန်လ MOU မှာ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပြီး Iran ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ စတင်ဖို့ ရည်ရွယ်ထားပါတယ်။ အပြန်အလှန်အားဖြင့် အမေရိကန်ဘက်က ပိတ်ဆို့အရေးယူမှုတွေ လျှော့ချပေးပြီး Iran ရဲ့ Freeze ခံထားရတဲ့ ပိုင်ဆိုင်မှုတွေကို အသုံးပြုခွင့်ပေးဖို့ သဘောတူထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် သဘောတူညီချက်ဟာ မကြာခင်မှာပဲ ပျက်ပြားသွားခဲ့ပါတယ်။

Iran ဘက်ကလည်း MOU ကို ပြန်လည်အသက်သွင်းနိုင်မယ့် အခြေအနေရှိမှသာ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်နိုင်မယ်လို့ ပြောထားပါတယ်။ IRGC ပြောရေးဆိုခွင့်ရှိသူ Brig. Gen. Hossein Mohebbi က အမေရိကန်အနေနဲ့ MOU ကို ပြန်လည်လက်ခံပြီး Iran ရဲ့ သတ်မှတ်ချက်တွေကို လိုက်နာရမယ်လို့ ပြောပါတယ်။

တစ်ချိန်တည်းမှာ Pakistan နဲ့ Oman တို့က ကြားဝင်ညှိနှိုင်းဖို့ ကြိုးပမ်းနေကြပေမယ့် သိသာတဲ့ တိုးတက်မှု မရရှိသေးပါဘူး။ အမေရိကန်ကလည်း August 25 မှာ “Operation Economic Outcast” ကို စတင်ပြီး Iran နဲ့ ဆက်နွှယ်တဲ့ အဖွဲ့အစည်း 60 နီးပါးကို ပိတ်ဆို့အရေးယူခဲ့သလို digital assets, technology, gold, aviation နဲ့ shipping ကဏ္ဍတွေကိုပါ အရေးယူမှု တိုးချဲ့ထားပါတယ်။

ဟော်မုဇ်ရေလက်ကြားက သင်္ဘောသွားလာမှုဟာ ဗုဒ္ဓဟူးနေ့မှာ 10 စင်း အထိ အနည်းငယ်တိုးလာပေမယ့် ပုံမှန်ပျမ်းမျှထက် နိမ့်နေဆဲ ဖြစ်ပါတယ်။ ကြာသပတေးနေ့မှာလည်း ရေနံတင်သင်္ဘောတစ်စင်းကို အမည်မသိ ပစ္စည်းတစ်ခုနဲ့ ထိမှန်ခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် ရေလက်ကြားအခြေအနေဟာ ဆက်လက်တင်းမာနေပါတယ်။

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
767005
DPM Myanmar Co.,Ltd

Sep 07, 2026, 01:13

Video
Stop Loss ကို ဘာကြောင့်မထားချင်ကြတာလဲ ❓

မထားရင်ဘာဖြစ်နိုင်မလဲ ? ကျွန်တော်နဲ့အတွေးတူတဲ့သူတွေရောရှိကြလားနော် 😉

🔴 Risk Warning : Forex နှင့် CFDs Trading တွင် ဆုံးရှုံးနိုင်ခြေမြင့်မားပါသည်။ အထက်ပါအကြောင်းအရာများသည် ပညာပေးရည်ရွယ်ချက်အတွက်သာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအကြံပေးချက်မဟုတ်ပါ။

❝ Your Private Broker _ D Prime Myanmar ❞
476000
DPM Myanmar Co.,Ltd

Sep 07, 2026, 01:13

Photo
📊 Trading Market ကို Trader တစ်ယောက်အနေနဲ့ ဝင်ရောက်တာမျိုးသာမက

Business တစ်ခုအနေနဲ့ Grow Up လုပ်ချင်သူများအတွက်လည်း IB Partnership ဆိုတဲ့ အခွင့်အလမ်းရှိပါတယ် 🤝

✨ 𝐈𝐁 ဆိုတာ ✨

Broker Service ကို Client တွေထံ မိတ်ဆက်ပေးပြီး Trading Environment ကောင်းကောင်းလိုချင်တဲ့ Trader တွေကို မှန်ကန်တဲ့ Broker Service နဲ့ ချိတ်ဆက်ပေးနိုင်တဲ့ Partner Role တစ်ခုဖြစ်ပါတယ်။

✨ DPM Myanmar နဲ့အတူ IB အနေနဲ့လုပ်ကိုင်မယ်ဆိုရင် ✨

Client တွေအတွက် Trading Account Opening , Deposit / Withdrawal Support , Platform Support , Local Customer Service စတဲ့ Service ပိုင်းတွေကို တစ်နေရာတည်းကနေ Support ပေးနိုင်တဲ့အပြင် ကိုယ့် Network ကိုလည်း Business တစ်ခုအနေနဲ့ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

❎ ဒီအလုပ်က Signal ပေးခြင်းမဟုတ်ပါ

❎ Client Account ကို Manage လုပ်ပေးခြင်းမဟုတ်ပါ

❎ Profit Guarantee ပေးတာမျိုးလည်းမဟုတ်ပါ

✨ အဓိကကတော့ ✨

Trader တွေအတွက် Broker Service ပိုင်းကို မှန်မှန်ကန်ကန် မိတ်ဆက်ပေးနိုင်တဲ့ Business Partner တစ်ယောက်အနေနဲ့ Grow Up လုပ်ခြင်းပါ။

🌐 ကိုယ်က Trading Community ရှိတယ်

🌐 Client Network ရှိတယ်

🌐 Broker Service ဘက်ကနေ Long-term Business တစ်ခုတည်ဆောက်ချင်တယ်ဆိုရင် DPM Myanmar ရဲ့ IB Partnership က စဉ်းစားသင့်တဲ့ Opportunity တစ်ခုဖြစ်ပါတယ်။

( ဒါကြောင့် )

DPM Myanmar နှင့်အတူ IB Partner အနေနဲ့ Business Grow Up လုပ်ချင်သူများအနေနဲ့ အသေးစိတ်ကို Chat Box မှတစ်ဆင့် လာရောက်မေးမြန်းနိုင်ပါပြီရှင့် 🤍❤️
592002
DPM Myanmar Co.,Ltd

Sep 07, 2026, 01:13

Video
Deposit (300) ထည့်တိုင်း ...

Voucher Coupon တစ်စောင်ရရှိပြီး ဆုကြီးတွေကို ကံစမ်းနိုင်မယ့်အခွင့်အရေး 🎁

💻 iPhone 17, MacBook Neo နဲ့ သိန်း 100 ကျော်တန်ဖိုးရှိ DPM Gift Set တွေကို လက်မလွတ်တမ်း ကံစမ်းလိုက်ပါ ❗️

Campaign ကာလက September 4 ရက်နေ့အထိပဲမို့ DPM Myanmar Chat Box မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်။

🔴 Risk Warning : Forex နှင့် CFDs Trading တွင် ဆုံးရှုံးနိုင်ခြေမြင့်မားပါသည်။ အထက်ပါအကြောင်းအရာများသည် ပညာပေးရည်ရွယ်ချက်အတွက်သာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအကြံပေးချက်မဟုတ်ပါ။

❝ Your Private Broker _ D Prime Myanmar ❞
489000
DPM Myanmar Co.,Ltd

Sep 07, 2026, 01:13

Photo
ရေနံဈေးနဲ့ Treasury yield ကျဆင်းမှုကြောင့် ရွှေဈေး $4,600 အထက်မှာ ဆက်တည်ရှိ
——————————————————————
August 26 ၊ 2026

ရွှေဈေးဟာ ဗုဒ္ဓဟူးနေ့မှာ အနည်းငယ်ကျဆင်းခဲ့ပေမယ့် 3 လအတွင်း အမြင့်ဆုံးအဆင့်အနီးမှာ ဆက်ရှိနေပါတယ်။ ရေနံဈေးကျဆင်းလာတာနဲ့ Treasury yield တန်ဖိုးတွေ လျော့ကျလာတာကြောင့် ငွေကြေးဖောင်းပွမှုအပေါ် စိုးရိမ်မှု အနည်းငယ်လျော့ကျလာပြီး ရွှေဈေးကို အထောက်အပံ့ဖြစ်စေပါတယ်။

XAU/USD ဟာ 0.4% ကျဆင်းပြီး တစ်အောင်စကို $4,642.38 ရှိလာပါတယ်။ Gold Futures ကတော့ 0.1% မြင့်တက်ပြီး $4,699.04 ရှိလာပါတယ်။ ရွှေဈေးဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း 7% ကျော် မြင့်တက်ထားတာကြောင့် အခုအချိန်မှာလည်း 3 လအတွင်း အမြင့်ဆုံးအဆင့်နားမှာ ရှိနေပါတယ်။

Treasury yield တွေက အင်္ဂါနေ့မှာ သက်ဆိုင်ရာသက်တမ်းအလိုက် 5-7 basis points ခန့် ကျဆင်းခဲ့ပါတယ်။ တစ်ချိန်တည်းမှာ အရှေ့အလယ်ပိုင်း ပဋိပက္ခ လျော့ကျလာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ရေနံဈေးလည်း ကျဆင်းလာပါတယ်။ Iran နဲ့ Oman တို့က ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတချို့ ပြန်လည်သွားလာနိုင်ဖို့ “temporary joint maritime corridor” ဖန်တီးရေး ဆွေးနွေးနေကြပါတယ်။

ရေနံဈေးကျဆင်းလာတာက ရွှေဈေးအတွက် အရေးပါတဲ့ အရွေ့တစ်ခု ဖြစ်ပါတယ်။ ရေနံဈေးမြင့်လာရင် ငွေကြေးဖောင်းပွမှုကို ပိုမိုမြင့်တက်စေနိုင်ပြီး Fed အနေနဲ့ အတိုးနှုန်းလျှော့ချဖို့ ပိုမိုခက်ခဲလာနိုင်ပါတယ်။ အဲဒီအခြေအနေမှာ အတိုးအမြတ်မရတဲ့ ရွှေအပေါ် ရင်းနှီးမြှုပ်နှံဖို့ တွန့်ဆုတ်လာတတ်ကြပါတယ်။

အခုတစ်ပတ် ရွှေဈေးအတွက် အဓိကစောင့်ကြည့်ရမယ့် အချက်တွေကတော့ အမေရိကန် PCE inflation data နဲ့ Fed Chair Warsh ရဲ့ Jackson Hole မိန့်ခွန်း ဖြစ်ပါတယ်။ PCE အညွှန်းကိန်းက ငွေကြေးဖောင်းပွမှုအခြေအနေကို ပိုမိုရှင်းလင်းစွာ သိရစေမှာဖြစ်ပြီး Warsh ရဲ့ သောကြာနေ့ မိန့်ခွန်းက Fed ရဲ့ အတိုးနှုန်းလမ်းကြောင်းအပေါ် အရေးကြီးတဲ့ Signal တစ်ခု ဖြစ်လာနိုင်ပါတယ်။

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
439003
DPM Myanmar Co.,Ltd

Aug 22, 2026, 17:55

Photo
Trump က အီရန်အပေါ် “အပြင်းထန်ဆုံး” စီးပွားရေးပိတ်ဆို့မှု ချမှတ်မည်ဟု ကြေညာ
————————————————————————————————————————————
August 20 ၊ 2026

အမေရိကန်သမ္မတ Donald Trump က အီရန်အပေါ် ပိုမိုတင်းကြပ်တဲ့ စီးပွါးရေးပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်သွားမယ်လို့ ဗုဒ္ဓဟူးနေ့ညမှာ ပြောကြားခဲ့ပါတယ်။ ဟောမုဇ်ရေလက်ကြားနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အီရန်တို့ကြား အငြင်းပွားမှုတွေ ဆက်ရှိနေချိန်မှာ အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

Trump က အီရန်နဲ့ စီးပွားရေးလုပ်ကိုင်တဲ့ နိုင်ငံတွေအနေနဲ့ “ကြီးမားတဲ့ စီးပွါးရေးပိတ်ဆို့ခံရမှုအကျိုးဆက်တွေ” ရင်ဆိုင်ရမယ်လို့ သတိပေးထားပါတယ်။ ဒါပေမယ့် ဘယ်လိုအရေးယူမှုတွေ ချမှတ်မယ်ဆိုတာကိုတော့ အသေးစိတ် မထုတ်ပြန်သေးပါဘူး။ အီရန်ဟာ လပေါင်းများစွာကြာ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေအောက်မှာ အလွန်အမင်း အားနည်းနေပြီလို့လည်း Trump က ပြောပါတယ်။

Trump ရဲ့ ကြေညာချက်ထွက်လာချိန်မှာ ဟော်မုဇ်ရေလက်ကြားအရေးကလည်း ပြေလည်မှုမရသေးပါဘူး။ အီရန်ဘက်က အမေရိကန်အနေနဲ့ ဇွန်လက သဘောတူခဲ့တဲ့ ယာယီသဘောတူညီချက်ပါ အချက်တွေကို လိုက်နာမှသာ ရေလက်ကြားကို ပြန်ဖွင့်မယ်လို့ ပြောထားပါတယ်။ အဆိုပါသဘောတူညီချက်က ဒီသီတင်းပတ်အစောပိုင်းမှာ သက်တမ်းကုန်ဆုံးသွားပေမယ့် နှစ်ဖက်စလုံးက ပြန်လည်သက်တမ်းတိုးဖို့ ဆန္ဒမရှိသေးပါဘူး။

အမေရိကန်က အီရန်ရဲ့ ရေနံတင်ပို့မှုအပေါ် တင်းကျပ်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပြီး အီရန်ဆိပ်ကမ်းတွေကိုလည်း ပိတ်ဆို့ထားပါတယ်။ လက်ရှိမှာတော့ Trump အစိုးရဟာ စစ်ရေးဆောင်ရွက်မှုတွေထက် ရေရှည်စီးပွားရေးဖိအားပေးမှုကို ပိုမိုအာရုံစိုက်သွားဖို့ မူဝါဒပြောင်းလဲနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အီရန်စစ်ပွဲဟာ ယခုဆိုရင် 7 လမြောက် အထိ ဆက်လက်ဖြစ်ပွားလာပြီး တင်းမာမှုလျော့ကျရေးအတွက် သိသာတဲ့ တိုးတက်မှု မတွေ့ရသေးပါဘူး။ ဟော်မုဇ်ရေလက်ကြားဟာလည်း အဓိကအာရုံစိုက်စရာ ဖြစ်နေပြီး စစ်ပွဲမတိုင်မီ ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ 20% ခန့်ကို ဖြတ်သန်းခွင့်ပေးနေတဲ့ ရေလမ်းကြောင်းဖြစ်တာကြောင့် ဆက်လက်ပိတ်ထားမယ်ဆိုရင် ကမ္ဘာ့ရေနံဈေးကွက်အပေါ် ကြီးမားတဲ့ သက်ရောက်မှု ဖြစ်လာနိုင်ပါတယ်။

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
268000
DPM Myanmar Co.,Ltd

Aug 22, 2026, 17:55

Photo
အဖြေတစ်ခုပေးကြည့်ပါ ❓

Q : Market ကို ခန့်မှန်းနိုင်ရင် Risk Management မလိုအပ်ပါ

A : မှား ❎ (OR) မှန် ✅
208003
DPM Myanmar Co.,Ltd

Aug 22, 2026, 17:55

Photo
အမေရိကန်က အီရန်အပေါ် သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး ပိတ်ဆို့မှုချမှတ်မည်ဟု Treasury Secretary ပြော
————————————————————————————————————————————
August 21 ၊ 2026

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က အီရန်အပေါ် တင်းကျပ်တဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်သွားမယ်လို့ ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ အဆိုပါအရေးယူမှုတွေဟာ အီရန်အပေါ် “သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး” ဖြစ်လာမယ်လို့ ဆိုပြီး သမ္မတ Donald Trump ရဲ့ စီးပွားရေးစစ်ဆင်ရေးခြိမ်းခြောက်မှုကို ထပ်မံအတည်ပြုလိုက်တာ ဖြစ်ပါတယ်။

Bessent က အီရန်အပေါ် ပိတ်ဆို့မှုတွေ ထိရောက်စေဖို့ တရုတ်နိုင်ငံအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒါပေမယ့် အီရန်ရေနံကို အဓိကဝယ်ယူနေတဲ့ တရုတ်ဘက်ကတော့ ပိတ်ဆို့အရေးယူမှုနဲ့ ဖိအားပေးမှုတွေဟာ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

Bessent က အမေရိကန်ရဲ့ အရေးယူမှုမှာ အီရန်ဆိပ်ကမ်းများကိုပိတ်ဆို့မှုနဲ့ တစ်ခြားသောအပြင်းထန်ဆုံး ပိတ်ဆို့အရေးယူမှုတွေကို တစ်ပြိုင်နက် အသုံးပြုသွားမယ်လို့ ပြောပါတယ်။ အဲဒီအစီအစဉ်အသေးစိတ်ကို လာမယ့် တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်မယ်လို့လည်း ဆိုပါတယ်။

ဒီလို အမေရိကန်ဘက်က ဖိအားတိုးမြှင့်နေချိန်မှာ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi ကတော့ Trump ရဲ့ ခြိမ်းခြောက်မှုတွေဟာ အမေရိကန်ပြည်တွင်းက ပြဿနာတွေ၊ အထူးသဖြင့် အစိုးရကြွေးမြီ မြင့်တက်လာမှုအပေါ် အာရုံလွှဲဖို့ ကြိုးပမ်းတာသာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့မှုအသစ်တွေကြောင့် အီရန်နဲ့ တင်းမာမှုတွေ လျော့ကျလာမယ့် လက္ခဏာတော့ မတွေ့ရသေးပါဘူး။ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောသွားလာမှုတွေ ဆက်လက်ရပ်တန့်နေပြီး စျေးကွက်အတွင်းရေနံထောက်ပံ့မှု ရပ်တန့်သွားနိုင်တဲ့ အခြေအနေကြောင့် ကမ္ဘာ့ရေနံဈေးလည်း မြင့်တက်လာပါတယ်။

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
164001
DPM Myanmar Co.,Ltd

Aug 22, 2026, 17:55

Photo
Client တွေဆီက ရရှိလာတဲ့ ❤️

Review နဲ့ Feedback တစ်ခုချင်းစီဟာ DPM Myanmar အတွက် အင်မတန်ကိုမှ တန်ဖိုးရှိပါတယ်

✨ ယုံကြည်စွာဖြင့် အသုံးပြုပေးခဲ့ကြသလို ကိုယ်တိုင်အသုံးပြုပြီးနောက် ရရှိခဲ့တဲ့ Experience တွေကို အချိန်ပေးပြီး ပြန်လည်မျှဝေပေးကြတဲ့ Client တစ်ဦးတစ်ယောက်ချင်းစီကိုလည်း အထူးကျေးဇူးတင်ရှိပါတယ် 🤝

Client တွေရဲ့ Feedback တွေက ကျွန်တော်တို့အတွက် အားပေးမှုတစ်ခုဖြစ်သလို ...

💯 ပိုကောင်းတဲ့ Service နဲ့ Support တွေ ဆက်လက်ပေးနိုင်ဖို့ တိုးတက်ပြောင်းလဲရမယ့်အချက်တွေကို သိရှိစေတဲ့ အရေးကြီးတဲ့အသံတစ်ခုလည်း ဖြစ်ပါတယ်

မိတ်ဆွေတို့ရဲ့ Review တစ်ခုက ကျွန်တော်တို့အတွက် တန်ဖိုးရှိသလို 🤍

DPM Myanmar ကို စိတ်ဝင်စားနေတဲ့ တခြားသော Trader တွေအတွက်လည်း အသုံးဝင်တဲ့ Real Experience တစ်ခု ဖြစ်လာနိုင်ပါတယ် 🤍

ယုံကြည်မှုတိုင်း၊ Feedback တိုင်းအတွက် ထပ်မံပြီးတော့ ကျေးဇူးတင်ပါတယ် အကောင်းဆုံးကြိုးစားသွားမယ်လို့လည်း ကတိပြုပါတယ် ❤️💙

DPM Myanmar ကို အသုံးပြုပြီး ကိုယ့်ရဲ့ Experience ကို Review အနေနဲ့ ပြန်လည်မျှဝေပေးတဲ့ Client တွေအတွက် Coupon လက်ဆောင်ပေးမယ့် အစီအစဉ်လေးလည်း လတ်တလောရှိနေတာကြောင့် ...

📌 Coupon ရရှိနိုင်မည့် သတ်မှတ်ချက်များနှင့် အသေးစိတ်ကို DPM Myanmar Support Team မှာ မေးမြန်းနိုင်ပါတယ်နော်

♦️Notes : Reviews / Feedback အတွက် Coupon ပေးတဲ့အစီအစဥ်လေးကတော့ 23rd June ကနေပြီးတော့မှ 31st Aug အထိပဲဖြစ်ပါတယ်ရှင်

❝ Your Private Broker _ D Prime Myanmar ❞
230000
DPM Myanmar Co.,Ltd

May 18, 2026, 19:30

Video
📊 မနက်ခင်း Trade ရဲ့ Recap နဲ့ အတူ

📆 သောကြာနေ့ ကမ္ဘာ့‌ရွှေသုံးသပ်ချက်
1,990000
DPM Myanmar Co.,Ltd

May 18, 2026, 19:30

Video
Risk Management ဘာကြောင့်အရေးကြီးလဲ ? ✨♦️

❝ D Prime _ Your Private Broker ❞
1,250001
DPM Myanmar Co.,Ltd

May 18, 2026, 19:30

Photo
အမေရိကန်-အီရန် စစ်ပွဲ ပြီးဆုံးရန် နီးကပ်လာ၊ မနက်ဖြန်မှာ အဖြေသိရမည် ဟုဆိုနေကြ
——————————————————————————
May 7 ၊ 2026


အီရန်ရဲ့ ညှိနှိုင်းရေးမှူးတွေဟာ US ဘက်က တောင်းဆိုသမျှကို လာမဲ့ ကြာသပတေးနေ့မှာ အဖြေပြန်ပေးသွားမှာဖြစ်ပြီး၊ စစ်ပွဲပြီးအဆုံးသတ်ဖို့နဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ပြန်စ မယ်လို့လဲ ပြောသွားခဲ့ပါတယ်။ ကြားသိရတဲ့ သတင်းတွေအရ ပါကစ္စတန်ရဲ့ ဝင်ရောက်ညှိနှိုင်းပေးမှုဟာ အခရာကျခဲ့ပြီး သဘောတူညီမှုရရှိဖို့ လျှင်မြန်သွားစေကြောင်း သိရှိရပါတယ်။

ဒေါ်နယ်ထရမ့်ဘက်ကနေပြီး ဟောမုဇ်ရေလက်ကြားမှာပြုလုပ်မယ်ဆိုတဲ့ သူ့ရဲ့ စစ်ဆင်ရေးကြီးကို ရပ်တန့်ပေးလ်ိုက်ရတာကလဲ ဆွေးနွေးပွဲကို ရှေ့သို့မြန်မြန်ရောက်စေခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး ဒေါ်နယ်ထရမ့်က အီရန် နဲ့ အမေရိကန်အကြား “ အလွန်ကောင်းမွန်တဲ့ စကားဝိုင်းတစ်ခု ဖြစ်ပွါးခဲ့ကြောင်း” ပြောလာပါတယ်။

NBC သတင်းဌာနရဲ့ ပြောကြားချက်အရ ဆော်ဒီအာရေးဗျ နဲ့ တစ်ခြားသော ပင်လယ်ကွေ့နိုင်ငံတွေက ထရမ့်ရဲ့ စစ်ဆင်ရေးကို မထောက်ခံခဲ့တာကြောင့် ယခုလို ရပ်ဆိုင်းရခြင်းဖြစ်ကြောင်းလဲ သိရပါတယ်။ ဆော်ဒီအစိုးရက ၎င်းတို့ရဲ့ လေဆိပ်များ နဲ့ လေပိုင်နက်များကို သုံးခွင့်မပေးတာကြောင့် ထရမ့်ရဲ့အကြံအစည်ဟာ ပျက်စီးသွားခဲ့ရတာဖြစ်ပါတယ်။

ဟောမုဇ်ရေလက်ကြားဟာ လက်ရှိအချိန်အထိ စစ်ပွဲရဲ့ အဓိက ဗဟိုချက်လို ရှိနေဆဲပဲ ဖြစ်ပါတယ်။ အီရန်ဘက်က အဆိုပါ ရေလက်ကြားကို ဖေဖော်ဝါရီ နှောင်းပိုင်းကထဲက ပိတ်ထားတာကြောင့် ကမ္ဘာ့ရေနံစီးဆင်းမှု နှောင့်နှေးပြီး စွမ်းအင်စျေးကွက် ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။

❝ယုံကြည်စိတ်ချစွာ Trade ပါ ! DPM Myanmar မှာ❞

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
1,800003
DPM Myanmar Co.,Ltd

May 18, 2026, 19:30

Photo
Overtrading လက္ခဏာဆိုတာ ❓

→ A / B / C ရွေးချယ်ကြည့်နိုင်ပါပြီ 🥰
1,990000
DPM Myanmar Co.,Ltd

May 18, 2026, 19:30

Photo
🎉 D Prime Myanmar 3rd Year Anniversary 🎉

DPM Myanmar နဲ့အတူ လျှောက်လှမ်းလာခဲ့တဲ့ (၃) နှစ်တာခရီးမှာ

Clients ကြီးများကို ကျေးဇူးတင်သောစိတ်ထားဖြင့်

ဒီနှစ် Anniversary Campaign ကို အထူးကြီးကျယ်ခမ်းနားစွာဖြင့် ကျင်းပပေးသွားမှာပဲဖြစ်ပါတယ်။

လူကြီးမင်းတို့အတွက် တန်ဖိုးမြင့်ဆုလက်ဆောင်များဖြစ်တဲ့ 👇

📱 iPhone 17 (Grand Prize)

💻 Macbook Neo

🎁 စုစုပေါင်းတန်ဖိုး သိန်း (၁၀၀) ကျော်ရှိ DPM Gift Set များကို ပြင်ဆင်ထားပြီး

Anniversary Campaign ကာလအတွင်း ပါဝင်မည့် Loyal Clients များထံသို့ ပေးအပ်ချီးမြှင့်သွားမှာပဲ ဖြစ်ပါတယ်။

📌 Campaign တွင် ပါဝင်ရန်အတွက် Minimum Deposit (300) ထည့်သွင်းရမည်ဖြစ်ပြီး Deposit (300) ထည့်သွင်းတိုင်း Voucher Coupon တစ်စောင်စီ ရရှိမှာပဲဖြစ်ပါတယ်။

📌 ရရှိသော Voucher Coupon တွင် Name ၊ Client ID နှင့် Wallet Number တို့ကို ဖြည့်သွင်းပေးကာ

📌 ကံထူးရှင်ကို Live နှင့်တကွ ကြီးကျယ်ခမ်းနားစွာဖြင့် ရွေးချယ်ကြော်ငြာပေးသွားမှာပါ

📅 Campaign ကာလ

🔹 Start Date – 5.5.2026

🔹 End Date – 4.9.2026

🔹 Announcement Date - 19.9.2026

🔔 ကံထူးရှင်ကြော်ငြာခြင်းနှင့်ပတ်သက်၍ ပြုလုပ်ပေးမည့်အသေးစိတ်အစီအစဥ်များကိုတော့ Campaign ကာလပြီးဆုံးခါနီးတွင် ထပ်မံံပြောကြားပေးသွားမှာဖြစ်တာကြောင့်

📌 ယခုအခွင့်အရေးကို လက်လွတ်မခံကြဖို့ Deposit ထည့် ၊ Coupon ယူပြီး Anniversary Campaign မှာ အခုပဲပါဝင်လိုက်ရအောင် …

Terms & Conditions Apply : အငြင်းပွားမှုတစ်စုံတရာရှိပါက DPM Myanmar ၏ဆုံးဖြတ်ချက်သည်သာ အမှန်ဖြစ်ပါသည်။

📞 အသေးစိတ်ကျသော စည်းမျဥ်းစည်းကမ်းနှင့် လိုအပ်သောအချက်အလက်များအတွက် Chat Box မှလာရောက်၍ စုံစမ်းနိုင်ပါသည်။

❝ Your Private Broker _ D Prime Myanmar ❞
1,120001
DPM Myanmar Co.,Ltd

May 18, 2026, 19:30

Photo
UAE ကို အီရန်က ဒရုန်းများဖြင့်တိုက်ခိုက်၊ လက်တုံ့ပြန်မည်ဟု ထရမ့်ကဆို
——————————————————————————
March 5 ၊ 2026

UAE ရဲ့ ဖူဂျဲရာ ဆိပ်ကမ်းနဲ့ အမေရိကန်နောက်ခံပြု UAE ဆီသင်္ဘောတွေကို အီရန်က ဒရုန်းများနဲ့ ပစ်ခတ်တိုက်ခိုက်အပြီးမှာတော့ ဒေါ်နယ်ထရမ့်က အီရန်ကို ပြန်လည်လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ ကြေညာလိုက်ပါတယ်။

Fox News နဲ့ ပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်အတွင်း ဒေါ်နယ်ထရမ့်က အမေရိကန် စစ်တပ်အနေနဲ့ နောက်ဆုံးပေါ်လက်နက်များကို ကမ္ဘာတစ်လွှားရှိ စစ်အခြေစိုက်စခန်းများမှာ အသင့်ပြင်ထားတာကြောင့် မိမိတို့ ကြိုက်သလို ကြိုက်တဲ့အချိန်မှာ တိုက်ခိုက်နိုင်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီးသူက တောင်ကိုရီးယား သင်္ဘောတစ်စီး တိုက်ခိုက်ခံထားရတာဖြစ်လို့ တောင်ကိုရီးယားအနေနဲ့ ဒီစစ်ဆင်ရေးမှာ ပါဝင်ဖို့လဲ တိုက်တွန်းသွားခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသတွင်းမှာတော့ အပစ်အခတ်တွေပြန်လည်ဖြစ်ပွါးနေပြီး၊ UAE ဘက်က အီရန်အနေနဲ့ မိမိတို့ကို တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုဟာ အပစ်အခတ်ရပ်ဆဲရေးကို ပျက်ပြားစေပြီး၊ ဟောမုဇ်ရေလက်ကြားကို အားကိုးနေရတဲ့ ကမ္ဘာ့ကုန်သွယ်ရေး ရေလမ်းကြောင်းကို ထိခိုက်စေပါတယ်။ အမေရိကန်စစ်တပ်ကတော့ မိမိတို့အနေနဲ့ အီရန်တားဆီးနေသည့်ကြားမှ သင်္ဘောတွေကို ဘေးကင်းစေရန် လိုက်ပါ စောင့်ရှောက်ပေးပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

တင်းမာမှုတွေ မြင့်တက်လာတာနဲ့အမျှ ရေနံစျေးကွက်အနေနဲ့လဲ အတော်လေးကြီးကြီးမားမားပြောင်းလဲခဲ့ပြီး၊ ဟောမုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံ စီးဆင်းရာ လမ်းကြောင်းဖြစ်တဲ့အတွက် ကမ္ဘာ့ရေနံစျေးအပြောင်းအလဲရဲ့ ကြီးစွာသော checkpoint တစ်ခု ဖြစ်နေစေပါသေးတယ်။

❝ယုံကြည်စိတ်ချစွာ Trade ပါ ! DPM Myanmar မှာ❞

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
2,350002
DPM Myanmar Co.,Ltd

May 18, 2026, 19:30

Video
📊 Trend Following အနုပညာ

📆 (6.5.2026) XAUUSD Trade Recap
1,140002
DPM Myanmar Co.,Ltd

May 18, 2026, 19:30

Photo
D Prime ရဲ့ The Spring of Fortune Rally Campaign မှာ ဘယ်လိုပါဝင်နိုင်မလဲ ❓

Net Deposit နဲ့ Trading Lots နှစ်ခုလုံးပြည့်မီတဲ့ Trader များအတွက် ...

Tier အလိုက် Cash Reward (သို့မဟုတ်) Premium Gifts တွေ ရယူနိုင်မယ့် Campaign ဖြစ်တာကြောင့်

📌 Campaign အား Activate လုပ်

📌 Net Deposit ပြည့်မီအောင်ထည့်

📌 Trading Lots ပြည့်မီအောင် Trade လုပ်ပြီး Tier အလိုက် Reward များရယူနိုင်ပါပြီ

Terms & Conditions Apply : အငြင်းပွားမှုတစ်စုံတရာရှိပါက DPM Myanmar ၏ဆုံးဖြတ်ချက်သည်သာ အမှန်ဖြစ်ပါသည်။

📞 အသေးစိတ်ကျသော စည်းမျဥ်းစည်းကမ်းနှင့် လိုအပ်သောအချက်အလက်များအတွက် Chat Box မှလာရောက်၍ စုံစမ်းနိုင်ပါသည်။

❝ Your Private Broker _ D Prime Myanmar ❞
1,290003
DPM Myanmar Co.,Ltd

May 18, 2026, 19:30

Photo
“ ဟောမုဇ်ရေလက်ကြား ပြန်ဖွင့်/ မဖွင့်၊ မေးခွန်းများနဲ့ ရက်သတ္တပတ်”
——————————————————————————
May 4 ၊ 2026

ဒီတစ်ပတ်အတွက် ကမ္ဘာ့စျေးကွက်ရဲ့ အဓိက အာရုံစိုက်ရာကတော့ တင်းမာမှုအမြင့်ဆုံးသို့ရောက်ရှိနေတဲ့ “ ဟောမုဇ်ရေလက်ကြားအရေး” ပဲဖြစ်ပါတယ်။ အမေရိကန်စစ်ဌာနချုပ်ရဲ့ အကူအညီနဲ့ ဒေါ်နယ်ထရမ့်က “ Project Freedom” ဆိုတဲ့ အကြံအစည်တစ်ခုကိုချပြလာပြီး၊ ဒါဟာ ဟောမုဇ်ရေလက်ကြားမှာ ပိတ်မိနေတဲ့ သင်္ဘောပေါင်း 900 ကျော်ကို အမေရိကန်စစ်သင်္ဘောတွေ ခြံရံပြီး ကယ်ထုတ်မဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။

ဒီအုပ်စုထဲမှာ စစ်သင်္ဘောများ၊ တ်ိုက်လေယာဉ်များနဲ့ အကြီးတန်းအရာရှိကြီးများကိုယ်တိုင် ကွပ်ကဲ စီစဉ်မယ်လို့လဲ သိရပါတယ်။ စစ်သင်္ဘောများကိုယ်တိုင် ရေလက်ကြားထိ ဝင်ပြီး ကယ်ထုတ်မလားဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။

ကျွမ်းကျင်သူများကတော့ ယခုလို လုပ်ရပ်ဟာ ကျဉ်းမြောင်းလှတဲ့ ရေလက်ကြားအတွင်း အန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်ပြီး၊ အီရန်ကလဲ မြောက်ပိုင်းကမ်းခြေတစ်လျှောက်ကို စိုးမိုးထားဆဲ ဖြစ်တာကလဲ ထည့်တွက်ရမဲ့ အချက်တစ်ခု ဖြစ်နေပါတယ်။

ဒီသတင်းကြောင့် ရေနံတန်ဖိုးတွေအပေါ်မှာ သက်ရောက်မှုရှိသလို၊ လက်ရှိမှာတော့ တန်ဖိုး အပြောင်းအလဲ များနေတာကိုလဲ တွေ့ရပါတယ်။ Brent crude တွေဟာ တစ်စည်ကို $108 နားကို ရောက်ရှိနေပြီး၊ US crude တွေဟာလဲ တစ်စည်ကို $102 အနီးကို ရောက်ရှိနေပါတယ်။ ဥရောပ နဲ့ အမေရိကရဲ့ စတော့စျေးကွက်တွေ အနဲငယ်မြင့်တက်နေပြီး ဒေါ်လာတန်ဖိုးက တည်ငြိမ်လျှက်ရှိနေပါတယ်။

ယခုတစ်ပတ်အတွက် အာရုံစိုက်ရာကတော့ အမေရိကန်ရဲ့ အဓိကစီးပွါးရေးအညွှန်းကိန်းများပဲဖြစ်ပြီး ဒီတစ်ပတ်အကုန်ပိုင်းမှာ Payroll , trade နဲ့ service အညွှန်းကိန်းတွေ ထွက်လာဖို့ရှိနေပါတယ်။ ဒီအပေါ်စျေးကွက်ရဲ့ တုံ့ပြန်မှုက အတော်လေးပြင်းထန်နေပြီး၊ ဒီအညွှန်းကိန်းတွေ ကျဆင်းခဲ့မယ်ဆိုပါက Fed အနေနဲ့ အတိုးနှုန်း လျှော့ချနိုင်မယ်လို့လဲ ယူဆနေကြပါတယ်။

❝ယုံကြည်စိတ်ချစွာ Trade ပါ ! DPM Myanmar မှာ❞

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
797002
DPM Myanmar Co.,Ltd

May 18, 2026, 19:30

Photo
Traders တွေဟာ Broker တစ်ခုကို Marketing ကောင်းတဲ့စကားလှလှလေးတွေနဲ့ မဆုံးဖြတ်ကြပါဘူး ❎

သူတို့ကိုယ်တိုင် တကယ်အသုံးပြုတဲ့အချိန်မှာ အဆင်ပြေမှုရှိ / မရှိ ပေါ်မူတည်ပြီးပဲ ဆုံးဖြတ်ကြပါတယ် 💯

DPM Myanmar မှာတော့ -

🎯 Trading Flow ကို တည်ငြိမ်အောင် စနစ်တကျ စီမံထားပါတယ်

→ Platform ဖွင့်မရတာ၊ Lag ဖြစ်တာ၊ Order မပို့နိုင်တာလို Process-side ပြဿနာတွေကို လျှော့ချဖို့ အာရုံစိုက်ထားပါတယ်။ (ဒါဟာ Market Risk Result ကို မဆိုလိုပါ)

🎯 Market လှုပ်ရှားမှုကြီးတဲ့အချိန် Execution Process ကို စနစ်တကျ ထိန်းထားပါတယ်

→ Price ခုန်တာ / Slippage ဖြစ်တာက Market Risk ဖြစ်ပြီးတော့

→ Order ပို့တဲ့ Process မပျက်အောင် ထိန်းထားတာက Broker Responsibility - အဲ့ဒီ Process-Side ကိုပဲ ပြောခြင်းပါ။

🎯 Trade ပြီးနောက် Account-side process ကို ရိုးရှင်းစေပါတယ်

→ Trade တစ်ခုပြီးသွားတဲ့အခါ Account ထဲက Operation ပိုင်းတွေ (Deposit, Withdrawal, Account Verification, Balance Update စတဲ့) ကို Trade Flow နဲ့ မရောအောင် ခွဲထားပြီး အလုပ်လုပ်ရတာ မရှုပ်အောင် စီမံထားတာမျိုးပါ။

🎯 Market Condition ပြောင်းလဲတဲ့အချိန် အသုံးချနိုင်အောင် Information Support ပေးထားပါတယ်

→ Market Risk ကို ဖုံးကွယ်မထားဘဲ Slippage / Spread / Volatility ကို Trader ကိုယ်တိုင် နားလည်ပြီး ဆုံးဖြတ်နိုင်ဖို့ Knowledge Side ကိုလည်း Support ပေးထားပါတယ်။

ဒါကြောင့် DPM Myanmar ဟာ Broker တစ်ခုထက်ပိုတဲ့

Traders အတွက် Trade လုပ်ရလွယ်ကူတဲ့ Environment တစ်ခုအဖြစ် ရပ်တည်နေပါတယ် 🙌

📥 DM us for detail information - http://m.me/dprimemyanmar

❝ D Prime Your Private Broker ❞
1,030002
DPM Myanmar Co.,Ltd

May 03, 2026, 23:05

Photo
ကမ္ဘာ့အကျော်ကြားဆုံး Value investor ကြီးများ
——————————————————————————
April 23 ၊ 2026

Value investing နောက်ကွယ်ပ သဘောတရားကတော့ ရိုးရှင်းပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ ပုံမှန်စျေးတန်းအောက်ကို ရောက်ရှိနေတဲ့ စတော့တွေကို ရွေးချယ် အရောင်းအဝယ်လုပ်ရမှာပဲ ဖြစ်ပါတယ်။ Value investing ရဲ့ ခေါင်းကိုင်ဖခင်ကြီးဖြစ်တဲ့ Benjamin Graham က 1949 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ သူ့ရဲ့စာအုပ်ဖြစ်တဲ့ The Intelligent Investor မှာ အခုလို ရေးသားဖူးပါတယ် -

“ စတော့ဆိုတာ သင်္ကေတတစ်ခု ဒါမှမဟုတ် အီလက်ထရောနစ် ပစ္စည်းတစ်ခု မဟုတ်ပါဘူး ရှယ်ယာစျေးနှုန်း တစ်ခုထဲအပေါ်မှာ မှီတည်မနေတဲ့ မိမိပိုင်ဆိုင်သော အမှန်တကယ် စီးပွါးရေး တစ်ခုသာဖြစ်ပါတယ် “ လို့ ရေးသားဖော်ပြခဲ့ဖူးပါတယ်။

Graham ရဲ့ နည်းစနစ်တွေဟာ လိုက်နာတဲ့လူတွေအတွက်တော့ အနှေးနဲ့ အမြန် အောင်မြင်မှုကို ရရှိစေနိုင်ပါတယ်။ သူ့ရဲ့ အဓိက ပရိတ်သတ်ဖြစ်တဲ့ Warren Buffet ကိုသာ ဥပမာအနေနဲ့ ကြည့်ပါ။ Warren Buffet ဟာ 2023 ခုနှစ်ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့ နံပါတ် (၅) ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ Graham ရဲ့ နည်းစနစ်တွေကို လိုက်နာပြီး အောင်မြင်မှုရရှိခဲ့တာဟာ Buffet တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ အောက်ဖော်ပြပါ ရင်းနှီးမြှုပ်နှံသူကြီး ငါးယောက်ဟာ Graham ရဲ့ Value investing နည်းစနစ်ကို အသုံးချပြီးတော့ တစ်နှစ်ထက် တစ်နှစ် ကြွယ်ဝချမ်းသာမှုတွေ တိုးပွါးလာနေတဲ့ ပုဂ္ဂိုလ်များပဲ ဖြစ်ပါတယ်။ ၎င်းတို့ကတော့ -

- [ ] Michael Lee-Chin
- [ ] David Abrams
- [ ] Mohnish Pabri
- [ ] Allan Mecham
- [ ] Tom Gayner

စသည့်ပုဂ္ဂိုလ်များပဲ ဖြစ်ကြပါတယ်။

❝ယုံကြည်စိတ်ချစွာ Trade ပါ ! DPM Myanmar မှာ❞

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
588000
DPM Myanmar Co.,Ltd

May 03, 2026, 23:05

Photo
ဟောမုဇ်ရေလက်ကြားအနီး တင်းမာမှုများ ထပ််မံမြင့်တက်၊ ရေနံစျေးများလဲ လိုက်လံမြင့်တက်လာခဲ့
——————————————————————————
April 24 ၊ 2026

ဟောမုဇ်ရေလက်ကြားအတွင်းမှာ ကွန်မန်ဒိုတပ်ဖွဲ့ဝင်များက ကုန်သင်္ဘောတစ်စီးပေါ်ကို ဝင်ရောက်စီးနင်းနေတဲ့ ဗီဒီယိုဖိုင်ကို အီရန်အစိုးရက ထုတ်ဖော်ပြသအပြီးမှာတော့ အရှေ့အလယ်ပိုင်းတစ်ကြောမှာ တင်းမာမှုတွေ တစ်ဖန် ပြန်လည်မြင့်တက်လာပြီးနောက် ရေနံတန်ဖိုးများလဲ မြင့်တက်သွားခဲ့ရပါတယ်။

ကမ္ဘာ့ရေနံစီးဆင်းမှုရဲ့ 20% ကို ချုပ်ကိုင်ထားတဲ့ ဟောမုဇ်ရေလက်ကြားဟာ ယခုအချိန်ထိပိတ်ဆို့နေဆဲဖြစ်ပြီး၊ Brent ရေနံတွေဟာ တစ်စည်ကို $107 အထိရောက်ရှိသွားသလို WTI ဟာလဲ တစ်စည်ကို $96.61 အထိရောက်ရှိသွားခဲ့ပါတယ်။ တစ်ပတ်တာအနေနဲ့ကြည့်မယ်ဆိုရင် အဆိုပါ နှစ်မျိုးလုံးဟာ 18% နဲ့ 15% အသီးသီး မြင့်တက်သွားခဲ့တာဖြစ်ပါတယ်။

အီရန်အစိုးရအဖွဲ့ထဲက အကွဲအပြဲတွေနဲ့ အီရန်အပေါ်ပြုလုပ်လာနိုင်တဲ့ အမေရိကန်ရဲ့ စစ်ရေးကျူးကျော်မှု သတင်းတွေဟာ စျေးကွက်ကို ကိုင်လှုပ်နေခဲ့ပါတယ်။ သုတေသီတွေရဲ့ ခန့်မှန်းချက်အရ ပဋိပက္ခတွေ ပြေလျော့မဲ့ အလားအလာမရှိသေးပဲ စွမ်းအင်စျေးကွက်ကလဲ ပိုမို အပြောင်းအလဲများလာနိုင်ကြောင်း သတိပေးပြောကြားထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကတော့ ဆွေးနွေးညှိနှုင်းမှု မပြီးမချင်း အပစ်အခတ်ကို အကန့်အသတ်မရှိ ရပ်ဆဲထားမယ် လို့ပြောထားပေမဲ့ ယခုတစ်ဖန်လှုပ်ခတ်လာတဲ့ အခြေအနေတွေကြောင့် တစ်ကျော့ပြန်စစ်ပွဲတစ်ခု ပြန်ဖြစ်လာမှာကို အားလုံးက စိုးရိမ်နေကြပါတယ်။

❝ယုံကြည်စိတ်ချစွာ Trade ပါ ! DPM Myanmar မှာ❞

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
526005
DPM Myanmar Co.,Ltd

May 03, 2026, 23:05

Photo
အရှေ့အလယ်ပိုင်းအရေး ရှုပ်ထွေးမှုတွေနဲ့ ရွှေရဲ့လားရာကို မျှော်ကြည့်ခြင်း
——————————————————————————
April 21 ၊ 2026

ဒီတစ်ပတ်မှာတော့ ရွှေဟာ အကျစျေးနဲ့ စဖွင့်ခဲ့ပြီး၊ ပြီးခဲ့တဲ့အပတ် သောကြာနေ့စျေးတန်းကို ပြန်လည်ရောက်ရှိဖို့ ရုန်းကန်နေရပါတယ်။ အရှေ့အလယ်ပိုင်းပဋိပက္ခတွေပြင်းထန်နေတာဟာ ရေနံစျေး နဲ့ အမေရိကန်ဒေါ်လာတန်ဖိုးကို မြင့်တက်စေတာကြောင့် ရွှေအတွက် ရေတိုအကျ trend တစ်ခုကို ဖြစ်ပေါ်စေပါတယ်။

ရေနံတန်ဖိုးဟာ သိသာထင်ရှားစွာပြန်လည်မြင့်တက်ခဲ့ပြီး တစ်စည်ကို $95 ဝန်းကျင်ပြန်လည်ရောက်ရှိခဲ့ပေမဲ့ အခြေအနေတွေက ထိလွယ်ရှလွယ် ဖြစ်နေတာကို မြင်တွေ့နေရပါသေးတယ်။ ဟောမုဇ်ရေလက်ကြားအနီးမှာ အီရန်ကုန်တင်သင်္ဘောတစ်စီးကို အမေရိကန်က ဖမ်းစီးထိန်းသိမ်းလိုက်ပြီးတဲ့နောက် ပဋိပက္ခတွေပိုမိုဆိုးရွားသွားခဲပြီး၊ လက်တုံ့ပြန်မယ်လို့ အီရန်က ပြောဆိုခဲ့ကာ ရေလက်ကြားကိုလဲ ပြန်ပိတ်လိုက်ပါတယ်။

Technical အရ ရွှေဟာ $4800 နဲ့ $4850 ကြားက resistance ကို ဖောက်ထွက်ဖို့ April လအစပိုင်းကထဲက ကြိုးစားနေပေမဲ့ ယခုချိန်အထိတော့ ဖောက်မထွက်နိုင်သေးပါဘူး။ ရွှေရောင်းကြမဲ့ သူများအနေနဲ့ စျေးကွက်ထဲကို အရမ်းကာရော မဝင်ရဲသေးပဲ $4850 အကျော်နဲ့ $5000 အနီးရောက်အောင်စောင့်ကြည့်နေကြပါတယ်။

တစ်ခြားဖက်မှာလဲ Support က $4750, $4600 နဲ့ $4500 အနားမှာထိုင်နေပြီး $4400 ကတော့ ယေဘုယျအားဖြင့် bullish trend အစလို့ သတ်မှတ်ထားကြတာကို တွေ့မြင်ရမှာပါ။

အမေရိကန်-အီရန် တို့ဟာ သံတမန်ရေးရာအရ ကျရှုံးခဲ့တယ်ဆိုပေမဲ့ ဆွေးနွေးပွဲဆက်လုပ်ဖို့ မျှော်လင့်ချက်ကတော့ ရှိနေဆဲဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဘက်က ဆွေးနွေးပွဲနဲ့ပတ်သတ်ပြီး သဘောထားပျော့ပြောင်းလာပြီဆိုပေမဲ့ အီရန်ဘက်ကတော့ ယခုအချိန်ထိ တင်းမာနေဆဲ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ရလဒ်ကောင်းတွေရှိခဲ့မယ်ဆိုရင်တော့ ရွှေရဲ့ အနာဂတ်လားရာဟာ ဖြောင့်ဖြူးနေမှာဖြစ်ပြီး၊ ရလဒ်ဆိုးရွားခဲ့မယ်ဆိုရင်တော့ ရွှေအနေနဲ့ စျေးနှုန်းအတက်အကျ ကြမ်းကြမ်း ရှိနိုင်ပြီး ခက်ခဲတဲ့ ရက်သတ္တပတ်တွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

❝ယုံကြည်စိတ်ချစွာ Trade ပါ ! DPM Myanmar မှာ❞

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

#lowspread #withdraw #localsupport #localpayment #partnership #officialWebsite #mynamarlocaldepositewithdraw #trading #swapfree #DPrimeMyanmar
519002
DPM Myanmar Co.,Ltd

May 03, 2026, 23:05

Video
ကိုယ့်ကိုယ်တိုင်တောင်မသိလိုက်ခင်မှာ လုပ်မိနေတတ်တဲ့အမှားတွေ 📌

ဘာတွေဖြစ်မလဲ ? Video လေးကိုအဆုံးထိကြည့်ပြီးတော့ ဝင်ရောက်ဆွေးနွေးပေးသွားပါဦး 🔥

❝ D Prime Your Private Broker ❞
450001

Showing 30 of 59 posts

Rating

Login required

Frequently Asked Questions

What is the DPM Myanmar Co.,Ltd Telegram channel about?+

DPM Myanmar Co.,Ltd (@dpmmyanmar) is a Telegram channel in the Business News category. Let's walk to the golden future with Doo Prime Myanmar Trading Account ဖွင့်လှစ်လိုပါက DPM Myanmar support team အား ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

How do I join DPM Myanmar Co.,Ltd (@dpmmyanmar) on Telegram?+

Open the channel profile on tgdio, then use the Join / Open in Telegram button to go to @dpmmyanmar in the Telegram app or web client and subscribe for free.

Is DPM Myanmar Co.,Ltd a good Business News channel to follow?+

On tgdio you can check DPM Myanmar Co.,Ltd's rating, user reviews, ranking, and latest posts before joining. It currently lists about 5,006 subscribers on tgdio. Compare it with similar Business News channels in the same category.

Where can I see DPM Myanmar Co.,Ltd stats and latest posts?+

On tgdio, open the @dpmmyanmar channel page for subscriber stats, ranking, ratings, and recent posts. Use the Stats link on the profile for deeper growth and activity charts.